Makro မှာ KBZPay ဖြင့်ငွေပေးချေပါ

Makro မှာ အိမ်အတွက်လိုအပ်တာဝယ်ဝယ်၊ ဆိုင်အတွက်လိုအပ်တာဝယ်ဝယ်၊ သူငယ်ချင်းတွေနဲ့ မုန့်အတူစုစားကြဖို့ပဲဝယ်ဝယ်၊ KBZPay နဲ့ လွယ်ကူလျှင်မြန်စွာ ငွေရှင်းနိုင်ပါပြီ။ 

ငွေပေးချေပုံအသေးစိတ်ကတော့ 
အဆင့် (၁) – ငွေပေးချေရန် ပထမဦးစွာ KBZPay အက်ပလီကေးရှင်းသို့ ဝင်ရောက်ပါ။ 
အဆင့် (၂) – “ Scan” ကို နှိပ်ပါ။
အဆင့် (၃) – အရောင်းကောင်တာရှိ POS စက်တွင် ပေါ်လာသော QR code ကို Scan ဖတ်ပါ။
အဆင့် (၄) – ကျသင့်ငွေပေါ်လာပါက လျှို့ဝှက်နံပါတ်အား ရိုက်နှိပ်ပါ။ (သို့မဟုတ်) ထည့်သွင်းထားသော လက်ဗွေရာ/Face ID စနစ် ဖြင့် ပေးချေပါ။ 

ယခုဖော်ပြထားတဲ့နည်းလမ်းအတိုင်း Makro မှာ KBZPay နဲ့ ၁သိန်းကျပ်နှင့်အထက် ငွေရှင်းမယ်ဆိုရင် ဆုလက်ဆောင်တွေရယူနိုင်မယ့်အစီအစဉ်လည်း ရှိသေးတယ်နော်။ အစီအစ​ဉ်ကာလမှာ စက်တင်ဘာလ ၁၅၊ ၁၆ နဲ့ ၁၇ ရက်နေ့ အထိသာဖြစ်ပြီး အရေအတွက် အကန့်အသတ်ရှိတာဖြစ်လို့ အမြန်ဆုံးသွားဝယ်မှစိတ်ချရမယ်နော်။

ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ 

iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J