KBZPay လက်ဆောင်ကဒ် ဝယ်ယူပြီး Spin Wheel လှည့်ကြမယ် 

KBZPay ကနေ လက်ဆောင်ကဒ်တွေ ဝယ်ယူနေကြတဲ့ KBZPay အသုံးပြုသူများအတွက် အထူးအစီအစဉ်တစ်ခု ပြန်လည်ရောက်ရှိလာပါပြီ။

၈၀၀ ကျပ်နဲ့အထက် လက်ဆောင်ကဒ်တစ်ခုဝယ်ယူတိုင်း Spin Wheel လှည့်ခွင့်တစ်ကြိမ် ရရှိမှာဖြစ်ပြီး Spin Wheel မှာ ပါဝင်တဲ့ ပြန်အမ်းငွေ၊ လက်ဆောင်ကဒ်လျှော့ဈေးကူပွန်တွေ နဲ့ Special Reward တွေကို ကံစမ်းနိုင်မှာဖြစ်ပါတယ်။ လက်ဆောင်ကဒ်ဝယ်ယူပြီးတိုင်း  ရရှိလာတဲ့ Spin Wheel လှည့်ခွင့်များကို အစီအစဉ်ကာလအတွင်း မည်သည့်အချိန်တွင်မဆို လှည့်ခွင့်ရှိပါတယ်။Gift Card ဝယ်ယူရာမှာ မိမိမှာရှိတဲ့ လက်ဆောင်ကဒ်လျှော့ဈေးကူပွန်အသုံးပြုပြီး ငွေပေးချေမှု ကျသင့်ငွေ ၈၀၀ ကျပ်နှင့်အောက် ဖြစ်ပါက Spin Wheel လှည့်ခွင့်ရရှိမည် မဟုတ်ပါ။ 

Spin Wheel လှည့်ပြီး ပြန်အမ်းငွေ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ လက်ဆောင်ကဒ်လျှော့ဈေးကူပွန် ၅၀၀ ကျပ်၊ ၁,၀၀၀ ကျပ် တို့ကို ကံစမ်းနိုင်မဲ့အပြင် Special Rewards တွေဖြစ်တဲ့ Lightborn Series Skins၊ Epic Skins၊ Basic Skins၊ Magic Wheel Potion S စတဲ့ Mobile Legends: Bang Bang Game ဆုများကို ကံထူးနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Spin Wheel လှည့်ပြီး အထူးဆုတစ်မျိုးမျိုးကို ကံထူးခဲ့ရင် အစီအစဉ်ကာလမပြီးဆုံးခင် Redeem Code ကိုမှတ်သားထားဖို့ တိုက်တွန်းလိုပါတယ်။ 

လက်ဆောင်ကဒ်များများဝယ်ယူသူတွေအတွက် Spin Wheel လှည့်ခွင့် များများရမဲ့အပြင် အစီအစဉ်ကာလ စက်တင်ဘာလ ၁၀ရက် ၂၀၂၂ ခုနှစ်မှ ၁၆ ရက် နေ့အတွင်း လက်ဆောင်ကဒ်အများဆုံးဝယ်ယူသူ (၁၀)‌ ယောက်ကို Mobile Legends: Bang Bang Diamond ၇,၇၇၇ ခုစီ ပေးအပ်သွားပေးမှာဖြစ်ပါတယ်။ ဆုရရှိသူစာရင်းကို အစီအစဉ်ကာလပြီးဆုံးပြီး နောက်တစ်နေ့တွင် ကြေညာပေးသွားမှာဖြစ်ပါတယ်။

ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ အမိုက်စားအစီအစဉ်မှာ အခုပဲ ဒီလင့် ကိုနိုပ်ပြီး ပါဝင်လိုက်ပါ။ ၈၀၀ ကျပ်နဲ့အထက်နော်။ 

စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားပြီး အသေးစိတ်သိရှိလိုပါက ဤလင့် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  

KBZPay ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တိုင်းမှာ ပါဝင်နိုင်ဖို့ နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 1.5 (သို့) 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ 

iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J