KBZPay ကနေ ခရစ္စမတ် မှာကျပ်သိန်းပေါင်း ၆၀၀ ကျော် အထိမုန့်ဖိုးမျှဝေရယူပါ

ခရစ္စမတ်အလှဆင် ပစ္စည်းလေးတွေကို စုဆောင်းပြီး မုန့်ဖိုးရယူဖို့ KBZPay အသုံးပြုသူ Level 1၊ Level 1.5 နှင့် Level 2 users များအားလုံး ပါဝင်နိုင်ပါတယ်။

စုဆောင်းရမယ့် ခရစ္စမတ် အလှဆင်ပစ္စည်းတွေကတော့ အဝါရောင် ခရစ္စမတ် အလှဆင်ပစ္စည်း၊ အစိမ်းရောင် ခရစ္စမတ် အလှဆင်ပစ္စည်း၊ အနီရောင် ခရစ္စမတ် အလှဆင်ပစ္စည်း၊ အပြာရောင် ခရစ္စမတ် အလှဆင်ပစ္စည်းနဲ့ ခရမ်းရောင် ခရစ္စမတ် အလှဆင်ပစ္စည်းတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကံကောင်းခြင်း  ခရစ္စမတ် အလှဆင်ပစ္စည်းကို ရလျှင် မိမိကြိုက်နှစ်ရာသက်ရာ အရောင်ကို ပြောင်းလဲပြီး စုဆောင်းနိုင်ပါတယ်။

 ခရစ္စမတ် အလှဆင်ပစ္စည်းလေးတွေကို စုဆောင်းပြီးပြီဆိုရင်တော့ ခရစ္စမတ်သစ်ပင်လေးမှာ အလိုအလျောက် အလှဆင်ချိတ်ဆွဲသွားမှာဖြစ်ပါတယ်။ ခရစ္စမတ် အလှဆင်ပစ္စည်း အရောင်စုံတစ်စုံ စုဆောင်းနိုင်သူတွေကတော့ ခရစ္စမတ်မုန့်ဖိုးကို ၂ ဆ ရရှိသွားမှာဖြစ်ပါတယ်။ ခရစ္စမတ်မုန့်ဖိုးအနေနဲ့ ခရစ္စမတ် အလှဆင်ပစ္စည်း စုဆောင်းသူတစ်ယောက်ကို အများဆုံး ၅ ကြိမ်အထိ ခရစ္စမတ်မုန့်ဖိုး ရရှိနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ခရစ္စမတ် အလှဆင်ပစ္စည်း တစ်ရောင်တည်းကိုသာ စုဆောင်းနိုင်တဲ့ သူများလည်း ခရစ္စမတ် မုန့်ဖိုးကို ရယူနိုင်ပါတယ်။

စုဆောင်းထားတဲ့ ခရစ္စမတ် အလှဆင်ပစ္စည်းလေးတွေကို အရေအတွက် အကန့်အသတ်မရှိ သူငယ်ချင်းတွေဆီကို  ပေးပို့နိုင်ပါတယ်။

သူငယ်ချင်းများများ ဖိတ်ခေါ်ပြီး နေ့စဉ် အဆင့်သတ်မှတ်ချက် ၁၀၀ အတွင်း‌ ရောက်ရှိသူများအနေဖြင့်လည်း အဆင့်သတ်မှတ်ချက်အလိုက် အပိုဆောင်း မုန့်ဖိုးများရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

ခရစ္စမတ်မုန့်ဖိုး အစီအစဉ်ကာလကတော့ ဒီဇင်ဘာလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ  ခရစ္စမတ် အလှဆင်ပစ္စည်းများ စုဆောင်းနိုင်ပြီး ဒီဇင်ဘာ (၂၃) ရက်နေ့မှ ဒီဇင်ဘာ (၂၅) ရက်နေ့ မြန်မာစံတော်ချိန် ည (၈) နာရီတိတိ မှာ မုန့်ဖိုးများရယူနိုင်မှာ ဖြစ်ပါတယ်။

ခရစ္စမတ်မှာ KBZPay မှ မုန့်ဖိုးများများရယူနိုင်ဖို့ ခရစ္စမတ် အလှဆင်ပစ္စည်းများ စုဆောင်းရင်း ခရစ္စမတ် သစ်ပင်ကို အလှဆင်ကြပါစို့။

ခရစ္စမတ်မုန့်ဖိုး၏ အစီအစဉ် အသေးစိတ်ကို ဒီ Link မှာဝင်ကြည့်နိုင်ပါတယ်။

KBZPay App ကို ရယူရန် –
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9