“ KBZPay နှင့်ငွေလက်ခံပြီး MDR ပြန်အမ်းငွေ ချက်ချင်းရယူ၍ စိတ်လှုပ်ရှားစရာဆုလက်ဆောင်များရယူရန်ပွိုင့်များစုပါ” အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ “KBZPay နဲ့ငွေလက်ခံပြီး MDR ပြန်အမ်းငွေချက်ချင်းရယူ၍ စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်များရယူရန်ပွိုင့်များစုပါ” အစီအစဉ် ကာလသည် ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှ   ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ အထိဖြစ်ပါသည်။

၂။ E-commerce အရောင်းဆိုင်များမှလွဲ၍ KBZPay Partner App အားအသုံးပြုသည့်  အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များအားလုံးသည် ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။ 

၃။ ဤ အစီအစဉ် ကာလအတွင်း KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များသည်  ၎င်းတို့၏ Customer များ ကုန်ပစ္စည်းဝယ်ယူ၍ ငွေပေးချေမှုအား ၎င်းတို့၏ KBZPay Partner App ၏ QR (သို့) short code ဖြင့် ငွေလက်ခံခြင်းပြုပါက ဤအစီအစဉ်ကာလအတွင်း အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များ၏ KBZPay ပါတနာအပ်ပလီကေးရှင်းသို့ ပုံမှန်ကောက်ခံနေကျ ကော်မရှင်ခအား ပြန်အမ်းငွေအဖြစ် ချက်ချင်း ပြန်လည်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် အနည်းဆုံး ငွေကျပ် ၅၀၀ နှင့်အထက် transaction တစ်ခုအတွက် ပွိုင့် တစ်ပွိုင့် ရမည်ဖြစ်ပြီး ဤအစီအစဉ် ကာလအတွင်း အဆိုပါပွိုင့်များ ကိုအသုံးပြု၍ ငွေထုတ်ရန် KBZPay Center Appointment ရယူနိုင်ခြင်း၊ Spin Wheel လှည့်၍ iPhone 12 Pro Max နှင့် အခြားဆုငွေများကံစမ်းနိုင်သည့် အခွင့်အရေးများရရှိနိုင်မည်ဖြစ်သည်။

၄။ KBZPay အရောင်းကုန်ဆိုင်များ သို့မဟုတ် မိတ်ဖက် ကိုယ်စားလှယ်များသည် တစ်နေ့လျှင် Customer တစ်ဉီးထံမှ အများဆုံး ပွိုင့် ၃ ခုနှုန်းဖြင့် စုစုပေါင်း ပွိုင့် ၁၀၀ အထိသာရယူနိုင်ပါမည်။ ရရှိထားသော ပွိုင့်များအား လက်ခံရရှိသည့်နေ့ရက်မှ ၂၁ ရက်အတွင်း လဲလှယ်ခြင်းမပြု၍ဖြစ်စေ၊ ဤအစီအစဉ်တွင် ဖော်ပြထားသော ပွိုင့်လဲလှယ်ခွင့်ကာလကုန်ဆုံးသွား၍ဖြစ်စေ အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက် ကိုယ်စားလှယ်များရရှိထားသော ပွိင့်များလဲလှယ်ခွင့်သည်လည်း အလိုအလျောက် ကုန်ဆုံးမည် ဖြစ်ပါသည်။

၅။ ဤအစီအစဉ်ကာလအတွင်းသာလျှင် အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက် ကိုယ်စားလှယ်များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ ပွိုင့် ၃၀၀ ပြည့်သော အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များသည် အပိုဒ် ၆ တွင်ဖော်ပြချက်နှင့်အညီ သတ်မှတ်ထားသောနေ့ရက်အထိ ငွေထုတ်ခြင်းပြုလုပ်နိုင်သည်။

၆။ KBZPay Centerတွင်  ငွေထုတ် Appointment နှင့် ပတ်သက်၍ အသေးစိတ်စည်းမျဉ်းများ

  • ရန်ကုန်မြို့ရှိ KBZPay Center များအတွက်သာ  Appointment ရယူနိုင်မည်ဖြစ်ပါသည်။ 
  • ပွိုင့် ၃၀၀ ပြည့်လျှင် KBZPay Center တွင် ငွေထုတ်ခြင်း ပြုလုပ်နိုင်သည့် Appointment အခွင့်အရေးတစ်ခါ ရရှိနိုင်မှာဖြစ်ပါသည်။
  • တစ်နေ့လျှင် သတ်မှတ်ထားသော ပမာဏ ပြည့်သွားပါက နောက်တစ်နေ့မှသာ Appointment ထပ်ရယူနိုင်မည်။
  • အစီအစဉ်ကာလအတွင်း အရောင်းကုန်ဆိုင်များ သို့မဟုတ်မိတ်ဖက်ကိုယ်စားလှယ်များသည် တစ်ဉီးလျှင် KBZPay Center Appointment စုစုပေါင်း ၅ ခုသာရယူနိုင်မည်ဖြစ်ပြီး Appointment တစ်ခုအတွက် ငွေထုတ်ခြင်းပြုလုပ်ပြီးမှသာ နောက် appointment တစ်ခုအားထပ်မံရယူနိုင်ပါမည်။ (မှတ်ချက် – ထိုသို့ Appointment ရယူရာတွင် ရက်သတ္တပတ် တစ်ပတ် လျှင် တစ်ခါသာ ရယူနိုင်မည်ဖြစ်သည်။ ) 
  • အရောင်းကုန်ဆိုင်နှင့် မိတ်ဖက်ကိုယ်စားလှယ်မှ Appointment တစ်ခုအား ရယူ၍ အဆိုပါ Appointment ယူထားသည့်နေ့ရက်တွင် အကြောင်းတစ်စုံတစ်ရာကြောင့် အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များအနေဖြင့် ငွေထုတ်ခြင်းမပြုလုပ်ခဲ့သော် ထို Appointment အတွက် အသုံးပြုခဲ့သည့် ပွိုင့်များနှင့် ငွေထုတ်ယူခွင့်အား အဆိုပါနေ့ရက်တွင် ကုန်ဆုံးသွားမည်ဖြစ်သည်။ ထိုကုန်ဆုံးပြီးဖြစ်သော Appointment အတွက် မည်သည့်အစားထိုးအခွင့်အရေးကိုမျှ KBZPay သို့တောင်းဆိုခွင့်ရှိမည်မဟုတ်ပါ။
  • အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များအနေဖြင့် Appointment ယူ၍ ငွေထုတ်ခြင်းမပြုခဲ့သော်လည်း ထိုယူခဲ့သည့် Appointment အကြိမ်အရေအတွက်အား ဤ အစီအစဉ်အရ အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များမှ ရရှိမည့် သတ်မှတ်ထားသည့် Appointment ရယူခွင့်အရေအတွက်ထဲမှ ထုတ်နုတ်သွားမည်ဖြစ်သည်။
  • ပွိုင့် ၃၀၀ ပြည့်သော အရောင်းကုန်ဆိုင်များ သို့မဟုတ် မိတ်ဖက်ကိုယ်စားလှယ်များသည် ငွေထုတ်ခြင်းပြုလုပ်နိုင်သည့် KBZPay Center Appointment ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက် မှစတင်ပြီး ဩဂုတ်လ ၆ ရက်နေ့အထိ ပွိုင့်သက်တမ်းမကုန်ဆုံးမီ လဲလှယ်ယူနိုင်မည်ဖြစ်ပြီး  ငွေထုတ်ယူရာတွင်   Appointment တစ်ခုလျှင် ၅၀၀,၀၀၀ ကျပ်အထိသာ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
  • Appointment အား KBZPay Partner App ထဲတွင် ပွိုင့်များနှင့်လဲလှယ်ယူပြီး KBZPay Center သို့သွားရောက်၍ ငွေထုတ်ယူရာတွင် Appointment ရယူထားသော အချိန်အတိုင်း သွားရောက်ရန်လိုအပ်ပြီး KBZPay Partner App ဖွင့်ထားသော မှတ်ပုံတင်ယူဆောင်၍ KBZPay Customer App ဖြင့်သာ ငွေထုတ်ရယူနိုင်မှာ ဖြစ်ပါသည်။ အရောင်းကုန်ဆိုင်များ သို့မဟုတ် မိတ်ဖက်ကိုယ်စားလှယ်များ၏ KBZPay Partner App ဖွင့်ထားသော မှတ်ပုံတင်ပါ အချက်အလက်များနှင့်ကိုက်ညီမှုမရှိလျှင် ငွေထုတ်ယူခြင်းအား ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

၇။ Spin Wheel နှင့် ပတ်သက်၍ အသေးစိတ် စည်းမျဉ်းများ

  • Spin Wheel အား တစ်ခါလှည့်ရန် ပွိုင့် ၃၀ အသုံးပြုရမည်ဖြစ်ပြီး July 2 ရက်နေ့မှ စတင်၍  August လ ၆ ရက်နေ့ အတွင်း ပွိုင့်များအသုံးပြု၍ အကြိမ်ရေ အကန့်အသတ်မရှိ လှည့်၍ ကံစမ်းနိုင်ပါသည်။
  • Spin Wheel တွင် ပါဝင်မည့် ဆုလက်ဆောင်များမှာ iPhone 12 Pro Max, ဆုငွေ ၁၀၀,၀၀၀ ကျပ်,  ၂၀,၀၀၀ ကျပ်, ၂,၀၀၀ ကျပ်နှင့် Spin Wheel အားနောက်တစ်ကြိမ် ထပ်မံလှည့်ခွင့် နှင့် ကျေးဇူးတင်ပါသည် တို့ဖြစ်ပါသည်။
  • ဆုငွေလက်ဆောင်များအတွက် KBZPay Partner App ထဲသို့ တိုက်ရိုက်ဖြည့်သွင်းပေးသွားမည်ဖြစ်ပြီး iPhone 12 Pro Max ဆုရှင်များအတွက် KBZPay မှ SMS ပေးပို့ဆက်သွယ်ပါမည်။
  • iPhone 12 Pro Max ကံထူးရှင်များသည်။ KBZPay Call Center Number 3211 သို့ဆက်သွယ်ကာ [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် အဆိုပါ ရရှိထားသော SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ထုတ်ယူနိုင်ပါသည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ကံထူးရှင်ထံ ဆုအား ရုံးဖွင့်ရက် ၁၀ ရက်အတွင်း ပေးပို့သွားမည်ဖြစ်ပါသည်။

၈။ KBZ ဝန်ထမ်းများသည် ဤအစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၉။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ KBZPay အရောင်းကုန်ဆိုင်များ၊ မိတ်ဖက်ကိုယ်စားလှယ်များနှင့် KBZPay တို့အကြား ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၁။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း  မိတ်ဖက်ကိုယ်စားလှယ်များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင် အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အစီအစဉ်အားရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများနှင့် သတ်မှတ်ချက်များအား ပြင်ဆင်ခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ၊ KBZ  အနေဖြင့်ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။