JJ Express Mini Appမှာ ခရီးသွားလက်မှတ်ဝယ်ယူခြင်းအတွက် အထူးဆုများအပါအဝင်၃၀,၀၀၀ကျပ်တန်ကူပွန်တွေပါ ကံစမ်းနိုင်မည့် ကံထူးမယ် Campaign၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPayတွင် ၂၀၂၄ခုနှစ် မတ်လ ၁၆ရက်နေ့ မှ ၂၀၂၄ခုနှစ် မေလ ၁၄ ရက်နေ့ အထိ ကို JJ Express Mini Appမှာ ခရီးသွားလက်မှတ်ဝယ်ယူခြင်းအတွက်  အထူးဆုများအပါအဝင် ၃၀,၀၀၀ကျပ် တန်ကူပွန်တွေပါ ကံစမ်းနိုင်မည့် ကံထူးမယ်” Campaignကာလအဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် ဤCampaignတွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး Campaignကာလအတွင်း KBZPay၏ Mini Appအောက်ရှိ JJ Express Mini Appမှ ခရီးသွားလက်မှတ်များအား ဝယ်ယူသူအားလုံး ဤCampaign တွင်ပါဝင်နိုင်ပြီး Campaignကာလ ပြီးဆုံးချိန်တွင်  Samsung Galaxy A15 တစ်လုံး၊ Samsung Galaxy  A05s တစ်လုံးနှင့် Samsung Galaxy  A05 တစ်လုံး နှင့် JJ Express ခရီးသွားကူပွန်စုစုပေါင်း အစောင် (၅၀)များ အပါအဝင် အစရှိသော ဆုလက်ဆောင်များအား ကံထူးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

၄။ Campaign ကာလအတွင်း KBZPay Application ၏ Mini Appအောက်တွင်ရှိသော Travel ၏ JJ Express Mini Appမှ ဝယ်ယူငွေပေးချေထားခြင်း မဟုတ်ဘဲ တစ်ခြားသောငွေပေးချေးမှုနည်းလမ်းဖြင့်  ဝယ်ယူ၍ ငွေပေးချေထားလျှင် ပါဝင်နိုင်မည်မ ဟုတ်ပါ။ 

၅။ ဤ Campaign မှ  ကံထူးရရှိသည့် KBZPay အသုံးပြုသူ ကံထူးရှင်များကို ဇွန်လ ၁၈ရက်မှာ ရွေးချယ်ပေးမည်ဖြစ်ပြီး  JJ Express Official Facebook Page တွင် LIVE ဖြင့်သော်လည်းကောင်း၊ KBZPayမှ ကံထူးရှင်များ၏ ဖုန်းနံပါတ်များသို့ တိုက်ရိုက် SMSဖြင့် သော်လည်းကောင်း ကြေညာပေးသွားမည်။ 

၆။ KBZPay အသုံးပြုသူ ကံထူးရှင်များအား တရားဝင် ကြေညာမည့် JJ Express ၏ Official Facebook Page နှင့် KBZPay မှ တရားဝင်ပို့သော SMSမှ လွဲ၍ အသုံးပြုသူ ကံထူးရှင်များအား အခြား နည်းလမ်းများဖြင့် သော်လည်းကောင်း၊ အခြားဖုန်းနံပါတ်များနှင့်အခြားနည်းလမ်းများဖြင့် ဆက်သွယ်ခြင်ကြောင့် ဖြစ်ပေါ်လာသော မည်သည့်ကိစ္စရပ်များ ကိုမဆို KBZPay နှင့် JJ Express ထံတွင် တာဝန်မရှိပါ။

၇။ KBZPay နှင့်/သို့မဟုတ် သတ်မှတ် အရောင်းမိတ်ဖက်ဆိုင်များမှ ထိန်းချုပ်၍မရနိုင်သော အခြေအနေ မျိုးတွင် ကံထူးရှင်များကို ရွေးချယ်မည့်နေ့ရက်နှင့် ကံထူးရှင်များအား ဆုလက်ဆောင် ပေးနိုင်သည့် ရက်လည်း အပြောင်းအလဲ ရှိနိုင်ပါသည်။

၈။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaignကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၉။ ခရီးသွားကူပွန်တစ်ခုအား အသုံးပြုနိုင်သည့်သက်တမ်းမှာ ဇွန်လ ၁၆ရက်နေ့မှ ဇူလိုင်လ ၁၆ရက် ၂၀၂၄ခုနှစ် အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်သွားပါက အသုံးပြုနိုင်တော့မည် မဟုတ်ပါ။

၁၀။ ဤCampaign အရ Samsungဖုန်း ဆုလက်ဆောင်င်ရရှိသူသည် ၎င်းတို့ရရှိသော ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။

၁၁။ Samsung Galaxy A15 တစ်လုံး၊ Samsung Galaxy  A05s တစ်လုံးနှင့် Samsung Galaxy  A05 တစ်လုံး နဲ့ JJ Express ခရီးသွားကူပွန် အစောင် (၅၀)  ကံထူးရှင်များကို  KBZPay မှ SMS ပေးပို့၍ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုရရှိသူများသည် JJ Express Official Facebook Page ၏ Messenger သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot၊ သွားခဲ့သည့် ခရီးစဉ် မှတ်တမ်း နှင့်အတူ ပေးပို့၍ ဆက်သွယ်ရပါမည်။ JJ Expressမှ အချက်အလက်များစုံလင်စွာရရှိပါက Samsungဖုန်း ရရှိသူများထံ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့် လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပြီး  JJ Express ခရီးသွားကူပွန် ရရှိသူကိုမူ Coupon codeများ  ပေးပို့သွားမည်ဖြစ်သည်။

၁၂။ Samsungဖုန်းများအား ရရှိ ပိုင်ဆိုင်ခွင့်ရှိသူများသည် ဆုလက်ဆောင်များအား ကြေညာပြီးသည့် ရက်မှ ရက်ပေါင်း(၃၀)ရက်အတွင်း KBZPay မှ သတ်မှတ်အကြောင်းကြားထားသည့် လိပ်စာတွင် ဆုရရှိသူ ကံထူးရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက ယင်းဆုလက်ဆောင်အား JJ Express မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူ ရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက KBZPay နှင့် JJ Express မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၃။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ဆုလက်ဆောင်များနှင့် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၉) နှင့် အပိုဒ် (၁၂)တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၄။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။ ဤ Campaign ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် မည်သည့်လိမ်လည်လှ ည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၇။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၁၉။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် JJ Express ၏ စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။