မိမိရဲ့ KBZPay နဲ့ ဘဏ်အကောင့်ကို ပထမဆုံးအကြိမ်ချိတ်ဆက်ပြီး ဆုငွေ ၁၀၀၀ ကျပ်ရယူပါ အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ


၁။ KBZPay အား KBZ ဘဏ်အကောင့်ဖြင့်ချိတ်ဆက်သည့် အစီအစဉ် ကာလသည် ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိဖြစ်ပါသည်။

၂။ KBZPay အား KBZ ဘဏ်အကောင့်ဖြင့် ချိတ်ဆက်သည့် ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ  Level 1.5 နှင့် Level 2 ကာစတန်မာ များ KBZPay အပြာရောင်အက်ပ်မှ တစ်ဆင့် ၎င်းတို့၏ ကိုယ်ပိုင် KBZ ဘဏ်အကောာင့်အား KBZPay နှင့် ချိတ်ဆက်ကာ KBZPay ၏ Features များမှ တစ်ခုဖြစ်သော လွယ်ကူစွာငွေသွင်း ငွေထုတ်ခြင်း အကျိုးကျေးဇူးကို သိရှိစေရန်ရည်ရွယ်ပါသည်။  KBZPay ကာစတန်မာများသည် ၎င်းတို့၏ KBZ ကိုယ်ပိုင်ဘဏ်အကောင့် သို့မဟုတ် ATM ကဒ်အကောင့် အား ပထမဦးဆုံး အကြိမ်အဖြစ် KBZPay ဖြင့် ချိတ်ဆက်ခြင်းဖြစ်ပါက ဤအစီအစဉ်ကာလအတွင်း ဆုကြေးငွေ ၁၀၀၀ကျပ်အား ရရှိမည်ဖြစ်ပြီး အဆိုပါဆုကြေးငွေ ၁၀၀၀ကျပ်အား ချိတ်ဆက်မှု အောင်မြင်သော ကာစတန်မာများ၏ KBZPay Wallet အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်သည်။

၃။ KBZPay ကာစတန်မာများသည် ၎င်းတို့၏ KBZ ဘဏ်အကောင့်အား KBZPayနှင့် ပထမဆုံးအကြိမ်ချိတ်ဆက်သည့် တစ်ကြိမ်ထဲအတွက်သာလျှင် ဆုကြေးငွေ ၁၀၀၀ ကျပ်အား ရရှိမည်ဖြစ်ပါသည်။ 

၄။ KBZPay ကာစတန်မာများသည် KBZPay ဖြင့် ချိတ်ဆက်ပြီးသား  KBZ ဘဏ်အကောင့် သို့မဟုတ် ATM ကဒ်  အကောင့် ကို  unlink လုပ်ပြီး နောက်တဖန် KBZPay ဖြင့် ပြန်လည်ချိတ်ဆက်မှု ပြုလုပ်ခြင်းဖြစ်ပါက ဆုကြေးငွေ ၁၀၀၀ ကျပ် ရရှိနိုင်မည် မဟုတ်ပါ။

၅။ Level 1.5 နှင့် Level 2 ကာစတန်မာများသည်သာလျှင် ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိမည်ဖြစ်ပြီး ၎င်းတို့၏ KBZ ဘဏ်အကောင့် သို့မဟုတ်  ATM ကဒ်အကောင့်အား ပထမဆုံးအကြိမ်အဖြစ် KBZPay နှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်သော  ကာစတန်မာများသာလျှင် ဆုကြေးငွေကို ရရှိမည်ဖြစ်သည်။ ဤအစီအစဉ်ကို ပါဝင်နိုင်ရန်အတွက် ကာစတန်မာများသည် အနည်းဆုံး Level 1.5 ကာစတန်မာများ ဖြစ်ရန်လိုအပ်ပါသည်။ (Level 1 ကာစတန်မာများအနေဖြင့် Level 1.5 သို့ ကိုယ်တိုင် Self-upgrade ပြုလုပ်နိုင်ပါသည်)။

၆။ KBZPay ကာစတန်မာများသည် KBZPay နှင့် ဘဏ့်အကောက်အား ချိတ်ဆက်ရန် KBZPay Campaign Banner မှတစ်ဆင့် Campaign Page ထဲသို့ဝင်ရောက်ကာ KBZ ဝန်ထမ်းများ၏ အကူအညီဖြင့်လည်း လုပ်ဆောင်နိုင်ပါသည်။ KBZ ဝန်ထမ်းများ၏ အကူအညီဖြင့် KBZPay နှင့် ကိုယ်ပိုင်KBZဘဏ်အကောင့်ဖြင့်ချိတ်ဆက်သော KBZPay ကာစတန်မာများသည်လည်း ဤအစီအစဉ်အတွက် သတ်မှတ်ထားသော ဆုကြေးငွေ ၁၀၀၀ ကျပ်အား ခံစားခွင့်ရှိမည်ဖြစ်သည်။

၇။ KBZPay ကာစတန်မာများသည် KBZPay account ကို KBZ Individual Current Account, KBZ Individual Savings Account နှင့် KBZ Individual Call Account များနှင့်ချိတ်ဆက်နိုင်ပါသည်။ (ဤအပိုဒ်တွင် ဖော်ပြထားသော KBZ ဘဏ်အကောင့်အမျိုးအစားများမှတစ်ပါး အခြားသော ဘဏ်အကောင့်အမျိုးအစားများဖြင့် KBZPay အားချိတ်ဆက်အသုံးပြု၍မရနိုင်ပါ။)

၈။ ဤအစီအစဉ်၏သတ်မှတ်ကာလအတွင်းသာလျှင် KBZPay ကာစတန်မာများသည် ၎င်းတို့၏ KBZ ဘဏ်အကောင့်အား KBZPay ဖြင့်ချိတ်ဆက်ခြင်းအတွက် ဆုကြေးငွေ ၁၀၀၀ ကျပ်အား ရရှိမည်ဖြစ်သည်။

၉။ KBZPay ကာစတန်မာများသည် KBZPay နှင့် ၎င်းတို့၏ ကိုယ်ပိုင်ဘဏ်အကောင့်အား KBZ ဝန်ထမ်း၏အကူအညီဖြင့် ချိတ်ဆက်ရာတွင် ကာစတန်မာကိုယ်တိုင်သာလျှင် မိမိ၏ PIN နံပါတ်နှင့် အကူအညီပေးမည့် KBZ ဝန်ထမ်း၏ ဖုန်းနံပါတ်ကို ထည့်သွင်းရမည်ဖြစ်သည်။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့် ပတ်သက်သည့်မည်သည့် သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၀။ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ KBZPay ကာစတန်မာများနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏ အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၂။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များအရလည်းကောင်း ကာစတန်မာများအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၃။  KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့် စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးငွေကို ရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

(ဤ Campaign တွင်ပါဝင်ရန်  KBZPay  ကာစတန်မာများအနေဖြင့် KBZPay နောက်ဆုံး upgrade version အား အသုံးပြုရန်လိုအပ်ပါသည်။)