KBZPay “ကြိုဖြည့်” Campaign ၏  စည်းမျဥ်းသတ်မှတ်ချက်များ

KBZPay “ကြိုဖြည့်” Campaign သည် ဇန်နဝါရီလ ၂ ရက်မှ ၃၁ ရက် ၂၀၂၄ ခုနှစ် အထိဖြစ်ပါသည်။

၂။ ဤ Campaign တွင် ၆ လ သက်တမ်း ရှိတဲ့ KBZPay Level 2 အကောင့်ရှိသော သတ်မှတ်ထားသည့် KBZ Payroll Customer များနှင့် KBZ Bank ဝန်ထမ်းများသာ ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။   ဤ Campaign တွင်ပါဝင်ရန် KBZPay ဖြင့် ရက် ၉၀ အတွင်း ဖုန်းဘေလ် အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းထားသူဖြစ်ရပါမည်။

၄။   Campaign ကာလအတွင်း KBZPay “ကြိုဖြည့်” အရေးပေါ် ဖုန်းဘေလ် ချေးငွေတွေ ကို ရယူပြီး ဝန်ဆောင်ခ ၆၀ ကျပ်ကို ပေးဆောင်စရာမလိုပဲ (၇) ရက်ပြည့်ပြီးနောက်ပိုင်းတွင် ပြန်လည်ပေးဆောင်နိုင်မည် ဖြစ်ပါသည်။ 

၅။   Campaign ကာလအတွင်း ရယူနိုင်သည့် KBZPay “ကြိုဖြည့်” အရေးပေါ်ဖုန်းဘေလ်ချေးငွေတွေများသည် ၁,၀၀၀ ကျပ် (ဝန်ဆောင်ခ ၆၀ ကျပ်)၊ ၂,၀၀၀ ကျပ် (ဝန်ဆောင်ခ ၉၀ ကျပ်)  နှင့် ၃,၀၀၀ ကျပ် (ဝန်ဆောင်ခ ၁၂၀ ကျပ်) တို့ဖြစ်ပါသည်။

၆။   KBZPay “ကြိုဖြည့်” အရေးပေါ် ဖုန်းဘေလ် ချေးငွေများကို ရယူပြီးပါက ရက် (၃၀) အတွင်း ပြန်လည်ပေးဆောင် မှသာလျှင် ဝန်ဆောင်ခ ၆၀ ကျပ် သက်သာခွင့်ရရှိမည်ဖြစ်သည့်အတွက် သတ်မှတ်ရက်အတွင်း KBZPay wallet ထဲသို့ ငွေပြန်လည်ထည့်သွင်းထားရန်လိုအပ်ပါသည်။  

၇။ သတ်မှတ်ထားသည့် KBZ Payroll Customer များနှင့် KBZ Bank ဝန်ထမ်းများအနေဖြင့် စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုအပေါ်မူတည်၍ အရေးပေါ်ဖုန်းဘေလ်ချေးငွေပမာဏ ၁,၀၀၀ ကျပ်၊ ၂,၀၀၀ ကျပ် နှင့် ၃,၀၀၀ ကျပ်  အား အသီးသီးရယူနိုင်မည်ဖြစ်ပါသည်။

၈။ ဤ Campaign အတွင်း သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်ကိုက်ညီပြီး KBZPay “ကြိုဖြည့်” ဝန်‌ဆောင်မှုအား ရယူထားသည့် KBZPay Cusomer များ၏ ပြန်လည်ပေးဆပ်မှုအတွက်သာလျှင် ဝန်ဆောင်ခ ၆၀ ကျပ် သက်သာခွင့်ရရှိမည်ဖြစ်ပြီး ဤသက်သာခွင့်အား Campaign ကာလတစ်လျှောက် တစ်ကြိမ်သာ လျှင်ရရှိနိုင်မည်ဖြစ်ပါသည်။

၉။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၀။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်းနှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထား သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။