KBZPay အကောင့် ထဲကို ကြိုက်တဲ့ MPU ကဒ်နဲ့ ချိတ်ဆက်ပြီး အခမဲ့ ငွေဖြည့်ခြင်း အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ


၁။ KBZPay MPU Cash in 0 fees Campaign  ကာလသည် ၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့မှ   ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့ အထိဖြစ်ပါသည်။

၂။ KBZPay အသုံးပြုသူ Level 2 ကာစတန်မာအားလုံး ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။  

၃။ ဤ Campaign ကာလအတွင်း KBZPay အသုံးပြုသူ Level 2 ကာစတန်မာများသည် မည်သည့် MPU ကဒ် မှမဆို KBZPay Wallet ထဲသို့ လွှဲပြောင်းခ အခမဲ့ဖြင့် ငွေဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။

၄။ ဤ Campaign ကာလအား သတ်မှတ်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ သို့မဟုတ် KBZPay မှ သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်သည့်အခါမျိုးတွင်ဖြစ်စေ မည်သည့်အချိန်တွင်မဆို KBZPay Customer များအား ထပ်မံအကြောင်းကြားချက် တစ်စုံတစ်ရာမရှိဘဲ KBZ မှ Campaign ကာလအား ပြင်ဆင်ခြင်း သို့မဟုတ် Campaign အား ရပ်စဲခြင်းများအား KBZ ၏ တစ်ဉီးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

၅။ MPU မှ KBZPay Wallet ထဲသို့ ငွေဖြည့်သွင်းခြင်းအား KBZPay မှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်မည်ဖြစ်သည် (အသေးစိတ်အား KBZPay အပ်ပလီကေးရှင်း၏ ကျွန်ုပ်၏ပရိုဖိုင်ရှိ ‘သတ်မှတ်ချက်နှင့် ဝန်ဆောင်ခများ’ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

 ၆။ MPU ကဒ်အား e-commerce register ပြုလုပ်ထားရန်လိုအပ်ပါသည်။

 ၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူ Level 2 ကာစတန်မာများအနေဖြင့် MPU ကဒ်မှ KBZPay Walletသို့ လွှဲပြောင်းခ အခမဲ့ဖြင့် ငွေဖြည့်သွင်းခွင့်ရှိမည်ဖြစ်ပြီး ဤ Campaign ကာလပြီးဆုံးသည်နှင့် တစ်ပြိုင်နက် KBZPay ၏ နဂိုမူလကောက်ခံမှု နှုန်းထားများအတိုင်းသာ ပြန်လည်ကောက်ခံသွားမည်ဖြစ်ပါသည်။

  ၈။ KBZ ဝန်ထမ်းများသည် Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့် ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

 ၉။  Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

 ၁၀။ KBZPay ကာစတန်မာများနှင့် KBZPay တို့အကြား ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZတစ်ဦးတည်း၏ အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၁။ တစ်ဖက်သတ် ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း ကာစတန်မာများအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

 ၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှ မလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အစီအစဉ်အားရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများနှင့် သတ်မှတ်ချက်များအား ပြင်ဆင်ခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

 ၁၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

 ၁၄။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ၊ KBZ  အနေဖြင့်ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ် မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

(ဤ Campaign ကာလအတွင်း MPU ကဒ်မှ  KBZPay Wallet သို့ လွှဲပြောင်းခ အခမဲ့ဖြင့် ငွေဖြည့်သွင်းနိုင်ရန်အတွက် KBZPay အသုံးပြုသူများအနေဖြင့် KBZPay Level 2 ကာစတန်မာများ ဖြစ်ရမည့်အပြင် မိမိတို့၏ KBZPay အပ်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားရန် လိုအပ်ပါသည်။)