KBZPay အသုံးပြုပြီး ဖုန်းဘေလ်ဖြည့်ရင်း ထပ်ဆောင်းပြန်အမ်းငွေ ၁၀,၀၀၀ ကျပ်အထိ ပြန်လည်ရရှိနိုင်မယ့် အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ


၁။ KBZPay Top Up Additional Cash Back Campaign  ကာလသည် ၂၀၂၁ ခုနှစ် မေလ ၆ ရက်နေ့မှ   ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့ အထိဖြစ်ပါသည်။

၂။ KBZPay အသုံးပြုသူ levelအားလုံး ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။  

၃။ KBZPay အသုံးပြုသူများသည် ဖုန်းငွေဖြည့်သည့် ပက်ကေ့ချ်   Top up ပြုလုပ်သည့် ပမာဏအတိုင်း ထပ်ဆောင်းပြန်အမ်းငွေအား ကံစမ်းခွင့်ရရှိနိုင်မည်ပြီး KBZPay အသုံးပြုသူများ၏ ဖုန်းငွေဖြည့်သည့် ပက်ကေ့ Top up ပြုလုပ်သည့်ပမာဏပေါ်မူတည်၍ ထပ်ဆောင်း ပြန်အမ်းငွေ ၁၀,၀၀၀ ကျပ် အထိရရှိနိုင်မည်ဖြစ်ပါသည်။ 

၄။ ဤCampaignတွင် ပါဝင်သော KBZPay အသုံးပြုသူများသည် Campaign ကာလအတွင်း ပုံမှန်ရရှိသော ပြန်အမ်းငွေ ( ၃၀၀၀ ကျပ်အတွက် ၉၀ ကျပ်၊ ၄၀၀၀ ကျပ်အတွက် ၁၂၀ ကျပ်၊ ၅၀၀၀ ကျပ်အတွက် ၁၅၀ ကျပ် နှင့် ၁၀၀၀၀ ကျပ်အတွက် ၃၀၀) တို့အပြင် ထပ်ဆောင်း ပြန်အမ်းငွေအား ၁၀,၀၀၀ ကျပ်အထိ ကံစမ်းခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။

၅။ ထပ်ဆောင်း ပြန်အမ်းငွေ ကံစမ်းခွင့်ရရှိနိုင်သည့် နေ့စဉ်လူဦးရေ အကန့်အသတ်ရှိသောကြောင့် winners များအား ကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး winners ဖြစ်သူသာလျှင် ထပ်ဆောင်းပြန်အမ်းငွေအား လက်ခံရရှိမည်ဖြစ်သည်။ Winner များမှ ရရှိမည့်ထပ်ဆောင်း ပြန်အမ်းငွေအား winner ၏ KBZPay ပိုက်ဆံအိတ်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးအပ်သွားမည် ဖြစ်ပါသည်။ 

၆။KBZPay ဝန်ထမ်းများသည် campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၇။ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၈။  Winner များသည် မိမိရရှိသည့် ထပ်ဆောင်းပြန်အမ်းငွေကို တစ်ခြားသူအား လွှဲပြောင်းပေးပိုင်ခွင့်မရှိပါ။

 ၉။ Winnerများနှင့် KBZPay တို့အကြား ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

 ၁၀။တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း winner များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

 ၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

 ၁၂။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

 ၁၃။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၄။ KBZ ဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ၊ KBZPay အနေဖြင့်ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

(ထပ်ဆောင်း ပြန်အမ်းငွေများအား ရယူနိုင်ရန် KBZPay  နောက်ဆုံး Version  ကို အဆင့်မြင့်ထားရန်လိုအပ်ပါသည်။)