၁။ KBZPay မှ ၂၀၂၃ခုနှစ် မတ်လ ၁၇ ရက်မှ ၂၀၂၃ခုနှစ် ဧပြီလ ၁၂ ရက်နေ့ အထိကို KBZPay Travel Month နေ့အဖြစ် သတ်မှတ်ထားပါသည်။
၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် Campaignတွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၃.၀.၃ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။
၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး Campaignကာလအတွင်း KBZPay၏ ခရီးသွားအောက်တွင် ရှိသော “ Flymya, Oway, MMBus Ticket, Shwe Booking, Ngu Warမှ”ဖြစ်စေ၊ ထိုMerchant များ၏ကိုယ်ပိုင် အက်ပလီကေးရှင်းများမှဖြစ်စေ ၁၀,၀၀၀ကျပ်နှင့်အထက် ဝယ်ယူ၍ KBZPay ဖြင့်ငွေပေးချေမှု တစ်ကြောင်းအတွက် Spin Wheel တစ်ကြိမ်လှည့်ခွင့် ရရှိကာ ဆုလက်ဆောင်များအားကံစမ်းခွင့်ရရှိစေမည့်အပြင် ခရီးသွားမိတ်ဖက်များဖြစ်သော Flymya၊ Owayနှင့် Ngu war တို့၏ သီးသန့် ပရိုမိုရှင်းများအားလည်း ကံစမ်းရယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။
Spin Wheel တွင် ပါဝင်သော ဆုလက်ဆောင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- iPhone 14 Pro
- ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ
- ၁,၀၀၀ ကျပ် ပြန်အမ်းငွေ
- ၁,၀၀၀ ကျပ်တန် ခရီးသွားကူပွန်
- ၂,၀၀၀ ကျပ်တန် ခရီးသွားကူပွန်
- ကျေးဇူးတင်ပါတယ်
၄။ Spin Wheel လှည့်ပြီး ရရှိလာသော ပြန်အမ်းငွေအား ကံထူးသူKBZPay အသုံးပြုသူ၏ KBZPay wallet များထံသို့ ပြန်အမ်းငွေများအား ချက်ချင်း တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ခရီးသွား ကူပွန်များရရှိလျှင် Flymya၊ Oway၊ MMBus Ticket၊ Shwe Booking နှင့် Ngu War ၏ လေကြောင်းခရီးစဉ် လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များ (သို့) ကားလက်မှတ်များအား နောက်တစ်ကြိမ်ဝယ်ယူရာတွင် အသုံးပြုနိုင်ပြီး လျှော့ဈေးကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ပြန်အမ်းငွေအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း ဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက်ကျော်လွန်သည့်ကိစ္စရပ်များကြောင့် ပြန်အမ်းငွေထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါသည်။ သက်ဆိုင်ရာ Merchant ဆိုင်များတွင် ဝယ်ယူပြီး သတ်မှတ်ပမာဏပြည့်မှီသည့် KBZPayဖြင့် ငွေပေးချေမှုတစ်ကြောင်းအတွက် လျှော့ဈေးကူပွန် တစ်စောင်သာလျှင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။ KBZPay အသုံးပြုသူများအနေဖြင့် လျှော့စျေး ကူပွန်များအား ပြန်လည်အသုံးပြုလိုပါကဝယ်ယူမှုပမာဏသည် အောက်ပါ အနည်းဆုံးပမာဏသတ်မှတ်ချက်အားပြည့်မှီရန် လိုအပ်ပါသည်။
- ၁,၀၀၀ ကျပ်တန် ခရီးသွားကူပွန်အတွက် အနည်းဆုံး ၂၀,၀၀၀ကျပ်
- ၂,၀၀၀ ကျပ်တန် ခရီးသွားကူပွန်အတွက် အနည်းဆုံး ၅၀,၀၀၀ကျပ်
၅။ ကူပွန်တစ်ခုအား အသုံးပြုနိုင်ခွင့်သက်တမ်းမှာ အသုံးပြုသူလက်ခံရရှိသည့်နေ့ရက်မှစ၍ ရက် ၁၅ အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်သွားလျှင် အသုံးပြုနိုင်တော့မည် မဟုတ်ပါ။
၆။ ဤCampaign အရ ကူပွန် ရရှိထားသူများနှင့် iPhone 14 Pro ဆုလက်ဆာင်ရရှိသူသည် ၎င်းတို့ရရှိသောကူပွန်များနှင့် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။
၇။ iPhone 14 Pro ကံထူးသောဆုရရှိသူများကို KBZPay မှ SMS ပေးပို့၍ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုရရှိသူများသည် query@kbzpay.com သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။
၈။ iPhone 14 Pro အား ပိုင်ဆိုင်ခွင့်ရရှိသည့် ဆုရရှိသူသည် ဆုလက်ဆောင်အား ရုံးဖွင့်ရက် (၇)ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူ ရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
၉။ KBZPay အသုံးပြုသူများအနေဖြင့် ခရီးစဉ်လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များ (သို့) ကားလက်မှတ်များ အောင်မြင်စွာဝယ်ယူပြီးပါက ရရှိလာသော Spin Wheel လှည့်ခွင့်အား ဤ Campaign ကာလအတွင်း မည့်သည့်အချိန်မဆို လှည့်ခွင့်ရှိပါသည်။
၁၀။ ဤ Campaign တွင်ပါဝင်သူများသည် KBZPay Account တစ်ခုဖြင့် Campaignကာလအတွင်း (၁၀) ကြိမ်အထိသာ ပါဝင်နိုင်သည်။
၁၁။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaignကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၅) တွင် ဖော်ပြချက်နှင့်အညီ ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။
၁၂။ ခရီးသွားမိတ်ဖက်များဖြစ်သော Flymya၊ Owayနှင့် Ngu war တို့၏ သီးသန့် ပရိုမိုရှင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
Flymya ပရိုမိုးရှင်း
- ပရိုမိုးရှင်း ကာလဖြစ်သည့် ၂၀၂၃ခုနှစ် မတ်လ ၁၇ ရက်မှ ၂၀၂၃ခုနှစ် ဧပြီလ ၁၂ ရက်နေ့ အထိ ကံထူးရှင် လေးယောက်ကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်တစ်ဦးလျှင် ပြန်အမ်းငွေ ၁,၀၀၀,၀၀၀ ကျပ်တိတိ ရရှိနိုင်မည်ဖြစ်သည်။
- KBZPayဖြင့် Flymyaမှ လက်မှတ်များ ဝယ်ယူသူများအနေနှင့် KBZPay၏ ခရီးသွားအောက်တွင် ရှိသော “ Flymya”မှဖြစ်စေ၊ Flymya၏ကိုယ်ပိုင် အက်ပလီကေးရှင်းများမှဖြစ်စေ၊ “ Flymya ဝက်ဘ်ဆိုက်”မှဖြစ်စေ ဝယ်ယူနိုင်ပါသည်။
- Flymya ၏ မည်သည့် ခရီးသွားဝန်ဆောင်မှုကိုမဆို ဝယ်ယူရုံနှင့် ဤCampaignတွင်ပါဝင်နိုင်မည်ဖြစ်ပြီး Transaction ID တစ်ခုစီတိုင်းကို ကံစမ်းမဲတစ်ကြိမ်အဖြစ် မှတ်တမ်းတင်ပေးသွားမည်ဖြစ်သည်။
- တစ်ပတ်လျှင် တစ်ဦး ကံထူးနိုင်ပြီး အပတ်စဉ်ကံထူးရှင်များကို Flymya ၏ facebook page မှ မတ်လ ၂၂ ရက်၊ ၂၉ ရက်နှင့် ဧပြီ ၅ရက်၊ ၁၂ နေ့တို့တွင် Live stream Campaignဖြင့် ညနေ ၄ နာရီတိုင်းတွင် ကြေညာပေးသွားမည်ဖြစ်သည်။
- Live Stream Campaign ပြီးပြီးချင်း Flymya မှ ကံထူးရှင်သို့တိုက်ရိုက် ဆက်သွယ်သွားမည်ဖြစ်ပြီး ကံထူးရှင်ဘက်မှ အမည်၊ မွေးနေ့ နှင့် အလှဓာတ်ပုံ တစ်ပုံတို့ကို ပြန်လည်ပို့ဆောင်ပေးရန် လိုအပ်သည်။ဆုရရှိသည့် ကံထူးရှင်ကို ကြေညာရန်အလို့ငှာ အသုံးပြုသူ၏ အမည်နှင့် ဖုန်းနံပါတ်(ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ)တို့အား ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည့်ကို အသုံးပြုသူမှ သိရှိပြီး သဘောတူပါသည်။
- (မှတ်ချက်။ ။ ကံထူးရှင်ဘက်မှ အထက်ပါလိုအပ်ချက်များကို ပို့ဆောင်ပေးရန် ပျက်ကွက်ခဲ့ပါက ဆုကြေးအားပြန်လည် ရုတ်သိမ်းသွားမည်ဖြစ်ပြီး နောက်အပတ် Campaign တွင် ကံထူးရှင် အသစ်ကို ပြန်လည်ကြေညာပေးသွားမည်ဖြစ်သည်။)
- ကံထူးရှင်များ၏ သက်ဆိုင်ရာ KBZPay account များသို့ live stream Campaign ကြေညာအပြီး၂၄ နာရီအတွင်း ဆုကြေးငွေများကို Flymya ဘက်မှ ဖြည့်သွင်း ပေးအပ်သွာ းမည်ဖြစ်သည်။
- ဤ Campaignသည် Flymya ၏ B2C အသုံးပြုသူ များအတွက်သာဖြစ်ပြီး B2B transactions များ ပါဝင်သွားမည်မဟုတ်ပါ။
- Flymya နှင့် အသုံးပြုသူ တို့ကြား တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Flymya နှင့် အသုံးပြုသူ တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။
Oway ပရိုမိုးရှင်း
- ပရိုမိုးရှင်း ကာလဖြစ်သည့် ၂၀၂၃ခုနှစ် မတ်လ ၁၇ ရက်မှ ၂၀၂၃ခုနှစ် ဧပြီလ ၁၂ ရက်နေ့ အထိ KBZPayဖြင့် Owayမှ လက်မှတ်များ ဝယ်ယူလျှင် သတ်မှတ်ထားသော လျှော့ဈေးကူပွန်ကုဒ်: owaytravelmonth အား အသုံးပြုသူကိုယ်တိုင် ရိုက်ထည့်ပြီး အနည်းဆုံး ၁၀၀,၀၀၀ကျပ်နှင့်အထက် ဝယ်ယူသူ အယောက် (၂၀၀)အတွက် တစ်ဉီးလျှင် ၃,၀၀၀ကျပ်တန် လျှော့ဈေးကူပွန် ရရှိမည်ဖြစ်သည်။
- Visa နှင့် Insurance ဝယ်ယူခြင်းမှအပ ကျန် ဝယ်ယူမှအားလုံးအကြုံးဝင်ပါတယ်။ ဘွက်ကင် Period မှာ မတ်လ ၁၇ ရက်မှ ၂၀၂၃ခုနှစ် ဧပြီလ ၁၂ ရက် ဖြစ်ပြီး ခရီးသွားကာလမှာ မတ် ၁၇ရက်နေ့ ၂၀၂၃ခုနှစ်မှ မေလ ၃၁ရက်နေ့ အထိဖြစ်ပါတယ်
- သတ်မှတ်ထားသော အယောက် (၂၀၀)မှ လျှော့ဈေးကူပွန်အား အသုံးပြုပြီးလျှင် နောက်ထပ် ဝယ်ယူသူများအနေနှင့် လျှော့ဈေးကူပွန်အား ရရှိတော့မည် မဟုတ်ပါ။
- KBZPayဖြင့် မှ Owayမှ လက်မှတ်များ ဝယ်ယူသူများအနေဖြင့် KBZPay၏ ခရီးသွားအောက်တွင် ရှိသော “Oway”မှဖြစ်စေ၊ ၎င်း၏ကိုယ်ပိုင် အက်ပလီကေးရှင်း များမှဖြစ်စေ၊ oway.com.mm ဝက်ဘ်ဆိုက်”မှဖြစ်စေ ဝယ်ယူနိုင်ပါသည်။
- KBZPayအကောင့်ပိုင်ရှင် တစ်ဦးလျှင် တစ်ကြိမ်သာ Oway၏ ပရိုမိုးရှင်းတွင် ပါဝင်နိုင်မည်ဖြစ်သည်။
- လျှော့ဈေးကူပွန်နှင့်ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZPay မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
- ကူပွန်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း၊ ငွေကြေးအဖြစ် ပြောင်းလဲခြင်း တို့ ပြုလုပ်ခွင့်မပြုပါ။ Oway နှင့် အသုံးပြုသူ တို့ကြား တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Oway နှင့် အသုံးပြုသူ တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။
Ngu War ပရိုမိုးရှင်း
- ပရိုမိုးရှင်း ကာလဖြစ်သည့် ၂၀၂၃ခုနှစ် မတ်လ ၁၇ ရက်မှ ၂၀၂၃ခုနှစ် ဧပြီလ ၁၂ ရက်နေ့ အထိ KBZPayဖြင့် Ngu Warမှ လက်မှတ်များ ဝယ်ယူလျှင် အသင့်ပါရှိနေမည်ဖြစ်သော လျှော့ဈေးကူပွန်ကုဒ်ဖြင့် လက်မှတ်တစ်စောင်လျှင် ၁,၀၀၀ကျပ် ရရှိမည်ဖြစ်သည်။
- ငွေပေးချေမှုတစ်ကြိမ်တွင် ဝယ်ယူသော လက်မှတ် တစ်စောင်အတွက် လျှော့ဈေးကူပွန်ကုဒ်ဖြင့် ၁,၀၀၀ကျပ် ရရှိမည်ဖြစ်သည်။ (ဥပမာ – ငွေပေးချေမှုတစ်ခါတွင် လက်မှတ် သုံးစောင်ဝယ်ယူလျှင် အသုံးပြုသူမှ ၃,၀၀၀ကျပ် ရရှိမည်ဖြစ်သည်။
- လျှော့ဈေးကူပွန်နှင့်ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZPay မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
- ကူပွန်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။ Ngu War နှင့် အသုံးပြုသူ တို့ကြား တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Ngu War နှင့် အသုံးပြုသူ တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။
၁၃။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝ င်နိုင်ပါသည်။
၁၄။ KBZPay အသုံးပြုသူများမှ Campaign ကာလအတွင်း ဝယ်ယူပြီးသော ခရီးသွားလက်မှတ်နှင့် ဟိုတယ်ဘိုကင်များ နှင့်ပတ်သက်၍ နေ့ရက်နှင့်အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Merchant နှင့် အသုံးပြုသူတို့နှင့်သာသက်ဆိုင်မည်ဖြစ်ပြီး Mercant ၏ စည်းမျဉ်းသတ်မှတ်ချက်များအတိုင်း ဆုံးဖြတ်ချက်အပေါ် အသုံးပြုသူတို့ကလိုက်နာကြရမည်ဖြစ်သည်။
၁၅။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၆။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၇။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၈။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၉။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၂၀။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် Flymya, Oway, MMBus Ticket, Shwe Booking နှင့် Ngu War တို့၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၂။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၂၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။