အူရီဒူး၏ တန်ခူးလက်ဆောင် အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPayမှ ၂၀၂၄ခုနှစ် ဧပြီလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ် ဧပြီလ (၃၀) ရက်နေ့ အား “အူရီဒူး၏ တန်ခူးလက်ဆောင်” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2 Customerများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  Customerများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး အူရီဒူး Customerအားလုံးပါဝင်နိုင်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ အူရီဒူး၏ မည်သည့် ဒေတာပက်ကေ့ချ် (သို့) အသံပက်ကေ့ချ် ၁ခုကိုမဆို အစီအစဉ် ကာလအတွင်းဝယ်ယူခြင်းဖြင့် ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး   ကျပ်သိန်းပေါင်း တစ်ထောင် (၁၀၀,၀၀၀,၀၀၀)၊ iPhone 15 (၁၅) လုံး၊ ရွှေပြား ငါးမူးသား (၁၅)ပြားနှင့် 10 GB ဒေတာ စသည့် ဆုလက်ဆောင်များ ကံစမ်းနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။

၄။ Customer များအနေဖြင့် အူရီဒူးဖုန်းဘေလ် ဖြည့်ခြင်းဖြင့် ဤအစီအစဥ်တွင် ပါဝင်နိုင်မည် မဟုတ်ပါ။

၅။ Ooredoo Super App၊ USSD၊ Dealer Apps,၊ M-Pitesan (သို့) မည်သည့် Banking နှင့် Fintech Apps မှတဆင့် အူရီဒူး၏ ဒေတာပက်ကေ့ချ် (သို့) ဖုန်းခေါ်ဆိုမှုပက်ကေ့ချ် တစ်ခုခုအား ဝယ်ယူထားပြီးမှသာ  ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ အူရီဒူး၏ဒေတာပက်ကေ့ချ် (သို့) ဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်များဝယ်ယူမှုတိုင်းအတွက်  အူရီဒူးမြန်မာအနေဖြင့် Customer များထံသို့ စာတိုပေးပို့၍ အသိပေးအကြောင်းကြားမည် ဖြစ်ပါသည်။

၆။ အူရီဒူး၏ အပိုဒေတာလက်ဆောင်များ ရရှိသော Customer များအနေဖြင့် ၎င်းအပိုဒေတာ လက်ဆောင်များကို လက်ခံရရှိသည့်နေ့မှစ၍ ရက်ပေါင်း (၃) ရက် အတွင်းအသုံးပြုနိုင်ပါသည်။ 

၇။ ၂၀၂၄ခုနှစ် ဧပြီလ ၁၃ရက်၊ ၂၃ရက် နှင့်  မေလ ၃ရက်နေ့တို့တွင် iPhone 15 နှင့် ရွှေပြားငါးမူးသား ကံစမ်းမဲပေါက်သော ကံထူးရှင်များအား ကြေညာသွားမည်ဖြစ်ပြီး ၂၀၂၄ခုနှစ် ဧပြီလ ၁၃ရက်၊ ၂၃ရက် နှင့် နဲ့ မေလ ၃ရက်နေ့တို့တွင် တစ်ရက်လျှင်  iPhone 15 ၅လုံးနှင့် ရွှေပြား ငါးမူးသား ၅ပြား ကံထူးရှင်များ ထွက်ပေါ်မည်ဖြစ်ပါသည်။ ဧပြီလ ၁၃ရက်နှင့် ၂၃ရက်နေ့တို့တွင် ကံထူးရှင်များအား အူရီဒူးမြန်မာ၏ Official Facebookမှ တစ်ဆင့်ကြေညာပေးသွားမည်ဖြစ်ပါသည်။။

၈။ ၂၀၂၄ခုနှစ် မေလ ၃ရက်နေ့အတွက်မူ  iPhone 15 ၅လုံးနှင့် ရွှေပြားငါးမူးသား ၅ပြားအပြင် ငွေကျပ်သိန်းပေါင်း တစ်ထောင်  (၁၀၀,၀၀၀,၀၀၀)ကံထူးရှင်များကို အူရီဒူးမြန်မာ၏ Official Facebook တွင် Live လွှင့်ပြီး ကြေညာသွားမည်ဖြစ်ပါသည်။

၉။ KBZPayကနေတဆင့် ပက်ကေ့ချ် တန်ဖိုး ၂,၀၀၀ ကျပ်နှင့် အထက်ဝယ်ယူလျှင် ကံစမ်းခွင့် အကြိမ်ရေ (၅၀) ရရှိမှာဖြစ်ပြီး ၂,၀၀၀ ကျပ်အောက်ဝယ်ယူလျှင် ကံစမ်းခွင့် (၁၀) ကြိမ်ရရှိနိုင်မည်။

၁၀။ KBZPay မှတစ်ဆင့် ဝယ်ယူသော Ooredoo ဝန်ဆောင်မှုများမှ အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက အဆိုပါအငြင်းပွားမှုများကို ဖြေရှင်းပေးရာတွင် Ooredoo Myanmar ၏တစ်ဦးတည်းသော တာဝန်ဖြစ်ကြောင်း သုံးစွဲသူမှ အသိအမှတ်ပြု လက်ခံပါသည်။ KBZ သည် ဆုများ၊ ဆုလာဘ်များ သို့မဟုတ် Ooredoo ဝန်ဆောင်မှုများ၏အခြားသော ကဏ္ဍများနှင့် ပတ်သက်သည့် အငြင်းပွားမှုများအတွက် တာဝန်ရှိခြင်းသို့မဟုတ် တာဝန်ယူခြင်း မရှိပါ။ အဆိုပါ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက်သုံးစွဲသူများအနေဖြင့် Ooredoo Myanmar သို့တိုက်ရိုက် ဆက်သွယ်ရန် အကြံပြုအပ်ပါသည်။

၁၁။ ဆုလက်ဆောင်ကြေညာရာတွင် အငြင်းပွားမှုတစုံတရာရှိပါက အူရီဒူးမြန်မာအနေဖြင့် ကံထူးရှင် ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ထားခြင်း (သို့မဟုတ်) ပြင်ဆင်ခြင်းတို့ကို ပြုလုပ်ပိုင်ခွင့်ရှိပြီး အူရီဒူးမြန်မာ အဆုံးအဖြတ်အတိုင်း သွားမည်။

၁၂။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၃။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၆။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေး တစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် အူရီဒူးမြန်မာ၏ စည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေ များက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် Customer များအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။