“ရွှေနားဆင် မှာ KBZPayနဲ့ရှင်းပြီးပြန်အမ်း‌ငွေလက်ဆောင်ရယူပါ” Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ ရွှေနားဆင် မှာ KBZPayနဲ့ရှင်းပြီးပြန်အမ်း‌ငွေလက်ဆောင်ရယူပါ Campaign ကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ ရွှေနားဆင် Application တွင် သတ်မှတ်ထားသောဝန်ဆောင်မှုများကို KBZPay နှင့်ဝယ်ယူပြီး KBZPay Campaign စာမျက်နှာသို့သွားရောက်ပြီး Spin Wheel လှည့်ကာပြန်အမ်းငွေများ ရရှိနိုင်ရန်ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ပါသည်။ 

၄။ ဤ Campaign မှ  ရရှိသော ပြန်အမ်းငွေများကို KBZPay အသုံးပြုသူ၏  KBZPay Wallet အကောင့်ထဲသို့ ချက်ချင်းတိုက်ရိုက် ထည့်သွင်းပေးမည်ဖြစ်ပါသည်။ ပြန်အမ်းငွေအား ချက်ချင်းထည့်သွင်းပေး မည်ဟု ဖော်ပြထား သော်လည်း ဘဏ်၏ ထိန်းချုပ်နိုင် စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေ ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၅။ ရရှိနိုင်သောပြန်အမ်းငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမျိုးအစားဝယ်ယူမှုနှုန်းပြန်အမ်းငွေပမာဏ
Level 1.5 and Level 2 ၁၀၅၀ – ၂၀၉၉ ကျပ်၃၀၀
၅၀၀
၂၁၀၀ – ၅၂၄၉ ကျပ်၁,၀၀၀
၁,၅၀၀
၅၂၅၀ ကျပ်၂,၀၀၀
၃,၀၀၀
၅,၀၀၀

၆။ ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများအနေဖြင့် transaction တစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ် ၁,၀၅၀ ကျပ်နှင့်အထက်ဝယ်ယူ၍ ရွှေနားဆင် Application တွင် KBZPay နှင့်ငွေပေးချေရန် လိုအပ်ပါသည်။ ၁,၀၅၀ ကျပ်အောက် ဝယ်ယူပေးချေမှုများနှင့် KBZPay နှင့်ဝယ်ယူခြင်းမဟုတ်သည့်ဝယ်ယူမှုများအတွက်  ပြန်အမ်းငွေများကို ရရှိနိုင်မည်မဟုတ်ပါ။

၇။ ဤ Campaign တွင်ပါဝင်သူများအနေဖြင့် KBZPay အကောင့်တစ်ခုလျှင် Campaign ရက် တစ်ရက်အတွက် သတ်မှတ်ချက်နှင့်ပြည့်မှီသည့် ဝယ်ယူပေးချေမှုများအတွက် KBZPay Campaign စာမျက်နှာတွင် Spin Wheel လှည့်ကာ ပြန်အမ်းငွေ (၁) ကြိမ်ရယူခွင့်ရှိပါသည်။ 

၈။   ဤ Campaign ကာလအတွင်း KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများ အနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၉။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။

၁၀။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၃။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိ ဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၅။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် ရွှေနားဆင် Application၏   စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၁၆။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၇။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် ရွှေနားဆင် Application မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် ရွှေနားဆင် Application အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။၁၈။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ် ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။