KBZPayနဲ့ရှင်းမယ် အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay မှ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့နှင့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၈) ရက် အထိကို KBZPayနဲ့ရှင်းမယ် အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် 2  အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version အား 5.1 နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး သတ်မှတ်အရောင်းမိတ်ဖက်ဆိုင်ဖြစ်သည့် Jing Myanmar၊ Sweet BB၊ W Sports Myanmar၊ ရွှေယင်းမာ၊ ရွှေရိုးရာ၊ Shwe Yoke Lay-ရွှေရုပ်လေး၊  LAVISH၊ Royal : clay Jewelry၊ ရွှေပုဇွန် အိမ်ရှင်မတို့ရဲ့မိတ်ဆွေ၊ Easy Way၊ Honey-Made In Myanmar၊ Timeless Natural Textile၊ Bell Bagan၊ My Medicine  တွင်  ဈေးဝယ်ယူပြီး အရောင်းဆိုင် QR (သို့ ) မိမိ၏ QR ကို scan ဖတ်ပြီး (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး KBZPay နှင့်ငွေပေးချေခြင်းဖြင့် Spin Wheelလှည့်လည်ခွင့်တစ်ကြိမ်ရရှိနိုင်ကာ ဆုလက်ဆောင်များ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ငွေပေးချေမှုတစ်ကြောင်းလျှင် စုစုပေါင်းငွေကျပ် ၁၀,၀၀၀ကျပ်နှင့် အထက်ဖြစ်ရန်လိုအပ်ပြီး သက်မှတ်အရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code (သို့ ) မိမိ၏ QR ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး  KBZPay နှင့်ပေးချေပါက  Spin Wheelလှည့်လည်ခွင့်တစ်ကြိမ်ရရှိကာ ဆုလက်ဆောင်များ ရရှိနိုင်မည်ဖြစ်သည်။ 

၅။ သတ်မှတ်ပမာဏပြည့်မှီသည့် ဝယ်ယူပေးချေမှု Transaction တစ်ကြောင်းအတွက် Spin Wheel တစ်ကြိမ်သာ လှည့်ခွင့်ရှိမည်ဖြစ်ပြီး KBZPay အသုံးပြုသူတစ်ဦးသည် တစ်ရက်လျှင် Spin Wheelလှည့်ခွင့် (၁၀)ကြိမ်ရရှိနိုင်သည်။

၆။ Spin Wheel တွင် ပါဝင်သော ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • ၁,၀၀၀ ကျပ်တန် ပြန်အမ်းငွေ
  • ၂,၀၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်
  • ၂,၀၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၂,၀၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ၂,၀၀၀ ကျပ်တန် ဈေးဝ​ယ်ကူပွန် (သတ်မှတ်ဆိုင်တွင်သာ အသုံးပြုနိုင်)
  • ကျေးဇူးတင်ပါသည်

၇။ ကူပွန်အမျိုးအစားအားလုံး၏ သက်တမ်းမှာ KBZPay အသုံးပြုသူလက်ခံရရှိသည့်နေ့ရက်မှစ၍ (၇) ရက် ဖြစ်ပြီး (၇)ရက်ကျော်လွန်သွားပါက ကူပွန်အားအသုံးပြုနိုင်တော့မည် မဟုတ်ပါ။

၈။ Spin Wheel လှည့်ပြီး ရရှိလာသော ပြန်အမ်းငွေအား ကံထူးသူKBZPay အသုံးပြုသူ၏  KBZPay wallet များထံသို့ ပြန်အမ်းငွေများအား ချက်ချင်း တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပြီး လျှော့ဈေးကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ပြန်အမ်းငွေအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း ဘဏ်၏ ထိန်းချုပ်နိုင်စွမ်း ထက်ကျော်လွန်သည့်ကိစ္စရပ်များကြောင့် ပြန်အမ်းငွေထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါသည်။ KBZPay အသုံးပြုသူများအနေဖြင့် ငွေပေးချေမှု တစ်ကြောင်းအတွက် ကူပွန်တစ်စောင်သာ အသုံးပြုခွင့်ရမည် ဖြစ်သည်။ KBZPay အသုံးပြုသူများအနေဖြင့် လျှော့စျေး ကူပွန်များအား ပြန်လည်အသုံးပြုလိုပါက ဝယ်ယူမှုပမာဏသည် အောက်ပါ အနည်းဆုံးပမာဏသတ်မှတ်ချက်အား ပြည့်မှီရန် လိုအပ်ပါသည်။

  • ၁,၀၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်
  • ၂,၀၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်အတွက် အနည်းဆုံး ၁၅,၀၀၀ကျပ်
  • ၂,၀၀၀ ကျပ်တန် ဈေးဝယ်ကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်
  • ၂,၀၀၀ ကျပ်တန် KBZPay Market ကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်

၉။ ဤအစီအစဥ်အရ ကူပွန်ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။

၁၀။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၁။ ဤအစီအစဥ်တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၂။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ် ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများ အနေဖြင့် အစီအစဥ်ကာလပြီးဆုံးသော်လည်း အပိုဒ် (၇) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။

၁၃။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၄။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွား မှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၆။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစား ခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၇။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေး တစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၈။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ လည်း အကျုံးဝင်စေရမည်။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများ အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။