KBZPay ရဲ့ ကုန်သည်ကြီးများ ဆုကြေးငွေထပ်ဆောင်းရယူနိုင်မည့်သတင်းကောင်း

KBZPay နှင့် ကုန်သည်ကြီးများအတွက် ထပ်တိုးငွေများရရှိနိုင်မည့်အကြောင်း သတင်းကောင်းတစ်ခုပေးချင်ပါတယ်။ ဒီအစီအစဉ်မှာ ကုန်သည်ကြီးများမှ တစ်လအတွင်း Level- 2 အဆင့်ရှိ Customer များ ကို Onboard လုပ်ပြီး ဆုကြေးငွေများကို ထပ်ဆောင်းရယူရမှာဖြစ်ပါတယ်။ 

ယခုအစီအစဉ်တွင်ပါဝင်ရန်အတွက် ကုန်သည်ကြီးများ ပြည့်မှီရမည့် သတ်မှတ်ထားသောလုပ်ဆောင်ချက်များမှာ- 

ဆုကြေးငွေ တွက်ချက်ပုံ (၁)

တစ်လအတွင်း Level- 2 အဆင့်ရှိ Customer များအား Onboard လုပ်ဆောင်နိုင်မှု အနည်းဆုံး အကောင့် ၅ ခု နှင့် ၎င်းအကောင့်ပိုင်ရှင်များမှ QR pay ဖြင့် ပစ္စည်းဝယ်ယူမှု (၁၀,၀၀၁ မှ ၃၀,၀၀၀) ကျပ် တန်ဖိုးအတွင်းရှိပါက တစ်ဦးလျှင် (၈၀၀) ကျပ်နှုန်းဖြင့် ဆုကြေးငွေ (၄,၀၀၀) ကျပ် တိတိရရှိမှာဖြစ်ပါတယ်။

မှတ်ချက် ။ ။ 

(၁) သတ်မှတ်ထားသည့် အကောင့်ဖွင့်လှစ်ရမည့်အရေအတွက်မှာ အနည်းဆုံး ၅ ခုရှိရမည်ဖြစ်ပြီး ၎င်းဖွင့်လှစ်ပေးထားသည့် အသုံးပြုသူမှ QR Pay ဖြင့် သတ်မှတ် ပမာဏ (၁၀,၀၀၁ – ၃၀,၀၀၀) ကျပ် တန်ဖိုးအတွင်းပစ္စည်းဝယ်ယူမှုပြုလုပ်မှသာအကျုံးဝင်မည်ဖြစ်သည်။

(၂) သတ်မှတ်ထားသည့် အသုံးပြုသူအရေအတွက် ရရှိသော်လည်း  အသုံးပြုသူမှ သတ်မှတ် QR Pay ဖြင့်ငွေပေးချေခြင်းပမာဏပြည့်မှီခြင်း မရှိပါက ဆုကြေးငွေအဖြစ် သတ်မှတ်တွက်ချက်ပေးမည်မဟုတ်ပါ။

(၃) ကုန်သည်ကြီးများအနေဖြင့် မိမိဖွင့်လှစ်ပေးထားသော level-2 အကောင့်များဖြင့် QR Pay နှင့်ငွေပေးချေခြင်းကို မိမိ ကုန်သည်ဆိုင်တွင်မဟုတ်ဘဲ တခြားကုန်သည်ဆိုင်များတွင်ပြုလုပ်ပါက ဆုကြေးငွေအဖြစ် အကျုံးဝင်မည်မဟုတ်ပါ။

ဆုကြေးငွေ တွက်ချက်ပုံ (၂)

တစ်လအတွင်း Level- 2 အဆင့်ရှိ Customer များအား Onboard လုပ်ဆောင်နိုင်မှု အနည်းဆုံး အကောင့် ၁၀ ခု နှင့် ၄င်း အကောင့်ပိုင်ရှင်များမှ  QR pay ဖြင့် ပစ္စည်းဝယ်ယူမှု (၃၀,၀၀၁ မှ ၅၀,၀၀၀) ကျပ်တန်ဖိုးအတွင်းရှိပါက တစ်ဦးလျှင် (၁,၀၀၀)ကျပ်နှုန်းဖြင့် ဆုကြေးငွေ (၁၀,၀၀၀)ကျပ် တိတိ ရှိမှာဖြစ်ပါတယ်။

မှတ်ချက် ။ ။ 

(၁) သတ်မှတ်ထားသည့် အကောင့်ဖွင့်လှစ်ရမည့်အရေအတွက်မှာ အနည်းဆုံး ၁၀ ခုရှိရမည်ဖြစ်ပြီး ၄င်းဖွင့်လှစ် ပေးထားသည့် အသုံးပြုသူမှ QR Pay ဖြင့် သတ်မှတ် ပမာဏ (၃၀,၀၀၁ – ၅၀,၀၀၀)ကျပ်တန်ဖိုးအတွင်း ပစ္စည်းဝယ်ယူမှုပြုလုပ်မှသာ အကျုံးဝင်မည်ဖြစ်သည်။

(၂) သတ်မှတ်ထားသည့် အသုံးပြုသူအရေအတွက် ရရှိသော်လည်း  အသုံးပြုသူမှ သတ်မှတ် QR Pay ဖြင့်ငွေပေးချေခြင်းပမာဏပြည့်မှီခြင်း မရှိပါက ဆုကြေးငွေအဖြစ် သတ်မှတ်တွက်ချက်ပေးမည်မဟုတ်ပါ။

(၃) ကုန်သည်ကြီးများအနေဖြင့် မိမိဖွင့်လှစ်ပေးထားသော level-2 အကောင့်များဖြင့် QR Pay နှင့်ငွေပေးချေခြင်းကို မိမိ ကုန်သည်ဆိုင်တွင်မဟုတ်ဘဲ တခြားကုန်သည် ဆိုင်များတွင်ပြုလုပ်ပါက ဆုကြေးငွေအဖြစ် အကျုံးဝင်မည်မဟုတ်ပါ။

ဆုကြေးငွေ တွက်ချက်ပုံ (၃)

တစ်လအတွင်း Level- 2 အဆင့်ရှိ Customer များအား Onboard လုပ်ဆောင်နိုင်မှု အနည်းဆုံး အကောင့် ၁၅ ခု နှင့် ၄င်း အကောင့်ပိုင်ရှင်များမှ QR pay ဖြင့် ပစ္စည်းဝယ်ယူမှု (၅၀,၀၀၁) ကျပ်နှင့်အထက် တန်ဖိုးအတွင်းရှိပါက တစ်ဦးလျှင် (၁,၂၀၀)ကျပ်နှုန်းဖြင့် ဆုကြေးငွေ (၁၈,၀၀၀)ကျပ် တိတိ ရရှိမှာဖြစ်ပါတယ်။

မှတ်ချက် ။ ။ 

(၁) သတ်မှတ်ထားသည့် အကောင့်ဖွင့်လှစ်ရမည့်အရေအတွက်မှာ အနည်းဆုံး ၁၅ ခုရှိရမည်ဖြစ်ပြီး ၎င်းဖွင့်လှစ်ပေးထားသည့် အသုံးပြုသူမှ QR Pay ဖြင့် သတ်မှတ် ပမာဏ  (၅၀,၀၀၁)ကျပ်နှင့်အထက်တန်ဖိုး အတွင်းပစ္စည်းဝယ်ယူမှုပြုလုပ်မှသာအကျုံးဝင်မည်ဖြစ်သည်။

(၂) သတ်မှတ်ထားသည့် အသုံးပြုသူအရေအတွက် ရရှိသော်လည်း  အသုံးပြုသူမှ သတ်မှတ် QR Pay ဖြင့်ငွေပေးချေခြင်းပမာဏပြည့်မှီခြင်း မရှိပါက ဆုကြေးငွေအဖြစ် သတ်မှတ်တွက်ချက်ပေးမည်မဟုတ်ပါ။

(၃) ကုန်သည်ကြီးများအနေဖြင့် မိမိဖွင့်လှစ်ပေးထားသော level-2 အကောင့်များဖြင့် QR Pay နှင့်ငွေပေးချေခြင်းကို မိမိ ကုန်သည်ဆိုင်တွင်မဟုတ်ဘဲ တခြားကုန်သည်

 ဆိုင်များတွင်ပြုလုပ်ပါက ဆုကြေးငွေအဖြစ် အကျုံးဝင်မည်မဟုတ်ပါ။