Digital Platform ရှိ MPT ဖုန်းဘေလ်ဖြည့်ခြင်း မိုးရာသီ အထူးပရိုမိုးရှင်းအစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ လေးစားတန်ဖိုးထားအပ်သော KBZPay သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သောအနေနဲ့ KBZPay မှတစ်ဆင့် ဖုန်းငွေ ၃,၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်သွင်းပါက “Special Monsoon Promotion” ဖုန်းဘေလ်ဆုလက်ဆောင်များ ကံစမ်းရယူနိုင်တဲ့ အစီအစဥ်အား ပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။ “Special Monsoon Promotion” ကာလ မှာ (၂၅) ရက် သြဂုတ်လ ၂၀၂၂ မှ (၃၁) ရက် သြဂုတ်လ ၂၀၂၂ အထိဖြစ်ပါသည်။

၃။ MPT GSM/ WCDMA prepaid (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) လက်ရှိအသုံးပြုနေသူများသည် KBZPay Blue Appမှတစ်ဆင့် ဖုန်းဘေလ်ဖြည့်သွင်းခြင်းဖြင့်ပါဝင်နိုင်ပါသည်။ Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့် လက်ရှိ အသုံးမပြုနေသူများ ပါဝင်နိုင်မည်မဟုတ်ပါ။ သတ်မှတ်ထားသော အစီအစဉ် ကာလအတွင်း KBZPay မှ မဟုတ်ဘဲ တစ်ခြားသောနည်းဖြင့် ငွေဖြည့်ခြင်း (Physical TopUp Card ၊ Eload ဖြည့်ခြင်းဖြင့်လဲ) ပါဝင်နိုင်မည်မဟုတ်ပါ။ KBZPay မှ တစ်ခြားသူသို့ ‌ငွေလွှဲပြောင်း (Balance Transfer ) ဖုန်းငွေဖြည့်သွင်းပါက ဖုန်းဘေလ်လက်ခံရရှိသော ဖုန်းနံပါတ်သည်သာ ကံစမ်းနိုင်ပါသည်။

၄။ KBZPay မှတစ်ဆင့် ဖုန်းဘေလ် ၃,၀၀၀ ကျပ်နှင့်အထက် ဖြည့်သွင်းခြင်းအားဖြင့် ဖုန်းဘေလ် ၃,၀၀၀ ကျပ်မှ ၅၀၀,၀၀၀ ကျပ်အထိ ရရှိကံစမ်းနိုင်ပါသည်။ ကံထူးရှင်များကို အစီအစဉ်ပြီးဆုံးပြီး နောက်၁၀ရက်အတွင်း ရွေးချယ်ပေးမည်ဖြစ်ပြီး အဆိုပါ ၁၀ ရက်အတွင်း ဖုန်းဘေလ်များ ပြန်လည်ဖြည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ 

၅။ KBZ နှင့်/သို့မဟုတ် MPT မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးရှင်များကို ရွေးချယ်မည့်နေ့ရက်နှင့် ကံထူးရှင်များအား ဖုန်းဘေလ်များထည့်သွင်းပေးမည့်နေ့ရက်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၆။ “ဆုလက်ဆောင်” ကို voice/ data package ဝယ်ယူခြင်း၊ ဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်အတွက် ရက်အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများအား ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၈။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။  ဤCampaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို စည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက် နှင့် မလျော်ညီသည့်ပြုလုပ်မှု တစ်စုံတစ်ရာတွေ့ရှိပါက မည်သည့်အချိန်တွင်မဆို ပယ်ဖျက်ခွင့်နှင့် ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

၁၂။  KBZPay သည်မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင် အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ ရပ်စဲခွင့်နှင့်/ သို့မဟုတ် ဆုလက်ဆောင်ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ်ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ်အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင် လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ KBZPay သည် COVID- 19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့်မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ပြောင်းလဲခွင့်ရှိသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

၁၈။ ဤအစီအစဥ်နှင့် ပတ်သတ်၍ ထပ်မံသိရှိလိုသည့်အချက်များရှိပါက KBZ Bank Customer Service ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။