“Official Account နဲ့အတူ ဘောလုံးဂျာစီလက်ဆောင်ယူ” Campaign ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ KBZPay ဂျာစီလက်ဆောင် Campaign ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်အထိ ပြုလုပ်မည် ဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် KBZPay Level 1.5 နှင့် Level 2 Customerများသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 Customerများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ Customerအသစ်များသည်လည်း KBZPay Level 1.5 သို့မဟုတ် Level 2 အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ 

၃။ Campaign ကာလအတွင်း ဘောလုံးဂျာစီလက်ဆောင်ရယူရန် KBZPay မှ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား KBZPay Customer များမှ ပြီးမြောက်အောင် ပြုလုပ်ဆောင်ရွက်ရပါမည်။  

လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် – 

လုပ်ဆောင်ချက် (၁) အနေဖြင့် Football Official Account မှာ တင်ထားသည့် “Official Account နဲ့အတူ ဘောလုံးဂျာစီလက်ဆောင်ယူ” Campaign Post ကို Like လုပ်ပါ။ 

လုပ်ဆောင်ချက် (၂) အနေဖြင့် Football Official Account ကို နှစ်သက်ရသော အကြောင်းရင်းအား Comment တွင် ရေးပါ။ 

၄။ Comment ပေးထားသူများအနက်မှ ကံထူးရှင် (၅) ဦးကို ရွေးချယ်ပြီး ဘောလုံးဂျာစီလက်ဆောင် ပေးသွားမည်ဖြစ်ပါသည်။  

၅။ မိမိကံထူးရရှိထားသော ဘောလုံးဂျာစီလက်ဆောင်များကို ပြန်လည်လဲလှယ်ပေးမည်မဟုတ်ပါ။ 

၆။ အချက်အလက်များ ပြည့်စုံစွာ ရေးသားထားခြင်းမရှိပါက ကံထူးရှင်ရွေးချယ်ရာတွင် အကျုံးဝင်မည် မဟုတ်ပါ။ 

၇။ ဤ Campaign တွင် KBZPay Customer တစ်ဦးလျှင် တစ်ကြိမ်သာ ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်ပါသည်။  

၈။ Comment များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ည ၁၂ နာရီအချိန်ထိ ပါဝင်ရေးသားကံစမ်းနိုင်ပါသည်။ သတ်မှတ်ချိန်ကျော်လွန်ပြီး ရေးသားထားသော Comment များကို ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။ 

၉။ ရွေးချယ်ခံရသော ကံထူးရှင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် Football Official Account မှ Notification နှင့်တကွ ကြေညာပေးသွားမည်ဖြစ်ပါသည်။  

၁၀။ ဤ Campaign တွင် သတ်မှတ်ထားသော ပရီးမီးယားလိဂ် ဘောလုံးအသင်း (၅) သင်း (မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ လီဗာပူး၊ ချယ်လ်ဆီး) ၏ Authentic Player Version ဘောလုံးဂျာစီများ လက်ဆောင်ပေးသွားမှာဖြစ်ပြီး ကံထူးသော ဆုရရှိသူများကို KBZPay Football Official Account တွင် ကြေညာပေးသွားမည့်အပြင် တစ်ဦးချင်းစီအား KBZPay ၏ Official Channel မှ SMS ပေးပို့၍လည်း ဆက်သွယ်သွားမည်ဖြစ်ပါသည်။ ဆုရရှိသူအား  KBZPay Football Official Account များတွင် ကြေညာရန်အလို့ငှာ  ဆုရရှိသူ၏ အမည်၊ ဖုန်းနံပါတ်နောက်ဆုံး (၄)လုံးအား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံစမ်းမဲ ပေါက်သူမှ သိရှိပြီး သဘောတူပါသည်။ ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ 

၁၁။ ဘောလုံးဂျာစီလက်ဆောင်အား ပိုင်ဆိုင်ခွင့်ရရှိသည့် ဆုရရှိသူသည် ဆုလက်ဆောင်အား ရုံးဖွင့်ရက် (၁၄) ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ် သိမ်းသွားမည်ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသောဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၂။ ဤ Campaign အရ ဘောလုံးဂျာစီ ဆုလက်ဆောင်ရရှိသူသည် ၎င်းတို့ရရှိသော ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၁၃။ Campaign တွင် ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၄။ KBZ ဝန်ထမ်းများသည် Campaign တွင် ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၇။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့်နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၉။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၀။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထား သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ် ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၂။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။