“Wepozt Mini App ရဲ့ ၅၀၀ ကျပ် Promotion” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ “Wepozt Mini App ရဲ့ ၅၀၀ ကျပ် Promotion” Campaign သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မှာ ဖြစ်သည်။ KBZPay အဆင့် ၁ Customer များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ 

၃။ ဤ Campaign ကာလအတွင်း Customer များသည် KBZPay Blue Application ရှိ Wepozt Mini App မှတစ်ဆင့် ပစ္စည်းပေးပို့ခြင်းအတွက် 1 kg မှ 3 kg အလေးချိန်အထိရှိသော ပေးပို့မည့်ပစ္စည်းအတွက် ပစ္စည်းပို့ဆောင်သည့် ဝန်ဆောင်ခအား တစ်ကြောင်းလျှင်  ပို့ဆောင်ခ ၅၀၀ ကျပ်တည်းဖြင့်သာ  ဝန်ဆောင်မှုရယူနိုင်မည့် Campaign ဖြစ်သည်။ ထပ်တိုးအလေးချိန် 1 kg တိုင်းအတွက် သတ်မှတ်ထားသည့် ပုံမှန်ကျသင့်ငွေ အတိုင်းပေးဆောင်ရမည်ဖြစ်သည်။

၄။ Campaign ကာလအတွင်း KBZPay အကောင့်တစ်ခုလျှင် စုစုပေါင်း အော်ဒါ  (၃) ကြိမ်အထိသာ ပို့ဆောင်ခ ၅၀၀ ကျပ်ဖြင့် ပစ္စည်းပို့ဆောင်သည့်ဝန်ဆောင်မှု ရယူနိုင်မည်ဖြစ်သည်။  ပစ္စည်းပို့ဆောင်သည့် ဝန်ဆောင်မှုရယူရန် အော်ဒါပြုလုပ်နေစဉ်အတွင်း တင်ထားသည့် အော်ဒါအားဖျက်သိမ်းခြင်း (သို့) အော်ဒါပျက်ပြယ်ခြင်းများ ဖြစ်ခဲ့ပါက ထိုဖျက်သိမ်းသည့် (သို့)ပျက်ပြယ်သည့် အော်ဒါအား ယခု Campaign မှ ပေးအပ်မည့် ပို့ဆောင်ခ ၅၀၀ ကျပ် ပရိုမိုးရှင်း အဖြစ် ထည့်သွင်းတွက်ချက်မည်မဟုတ်ပါ။

၅။ မြန်မာနိုင်ငံအတွင်း ပစ္စည်းပို့ဆောင်မှုများအတွက်သာ ပို့ဆောင်ခ ၅၀၀ ကျပ်တည်းဖြင့် ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်ပြီး လေဆိပ် ၊ သင်္ဘောဆိပ် နှင့် ကားဂိတ်ချဝန်ဆောင်မှုများသည် ယခု Campaign တွင် အကျုံးဝင်မည်မဟုတ်ပါ။ 

၆။ တစ်ရက်လျှင် အများဆုံး အော်ဒါ (၇၀) အထိသာ သတ်မှတ်ထားပြီး သတ်မှတ်ထားသည့် အော်ဒါ အရေအတွက်ထက် ကျော်လွန်သွားပါက ပစ္စည်းပို့ဆောင်ခ ၅၀၀ ကျပ်ဖြင့် ဝန်ဆောင်မှု ရယူနိုင်မည် မဟုတ်ပါ။ 

၇။ Campaign ကာလအတွင်း ဝန်ဆောင်မှုရယူနေချိန်တွင် အော်ဒါဖျက်သိမ်းခြင်း (သို့) အော်ဒါပျက်ပြယ်ခြင်းများ ဖြစ်ခဲ့ပါက ပေးချေခဲ့ရသော ဝန်ဆောင်ခနှုန်းထားအတိုင်းသာ refund ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

၈။ Customer များမှ Wepozt Mini App မှ တစ်ဆင့် အော်ဒါပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေပြန်လည်တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များပေါ်ပေါက်ပါက Wepozt Mini App နှင့် Customer များ နှင့်သာသက်ဆိုင်မည်ဖြစ်သည်။ 

၉။ WePozt Delivery မှ ပေးပို့သည့်ပစ္စည်းအား တာဝန်ယူနေသည့် ကာလအတွင်း တနည်းအားဖြင့် လွှဲပြောင်းမပေးရသေးသော ပစ္စည်းများတွင် ပေးပို့သည့်ပစ္စည်း ပျက်စီး ၊ ပျောက်ဆုံးမူအတွက် နှင့်ပတ်သက်၍ တစ်စုံတစ်ရာသော ကိစ္စရပ်များပေါ်ပေါက်ပါက KBZPay နှင့်သက်ဆိုင်ခြင်းမရှိဘဲ Wepozt Mini App နှင့် Customer များ နှင့်သာသက်ဆိုင်မည်ဖြစ်သည်။

၁၀။ တန်ဖိုးကြီးပစ္စည်းများ ပို့ဆောင်ခြင်းအတွက် အာမခံထားရှိခြင်းသည် ဝန်ဆောင်မှုရယူသူ Customer ၏ သဘောဆန္ဒအလျောက်ဖြစ်သည့်အတွက် ထို့ အာမခံကြေးသည် ယခု Campaign ၏ ပို့ဆောင်ခ ၅၀၀ ကျပ်ဖြင့် မသက်ဆိုင်ပါ။ 

၁၁။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ မြှင့်တင်ထားရန် လိုအပ်ပါသည်။

၁၂။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၃။ Campaign ကာလပြီးဆုံးသွားပါက မူလပို့ဆောင်မှုဈေးနှုန်းများအတိုင်းပေးဆောင်ရမည်ဖြစ်သည်။ ဤ Campaign ကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၄။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၇။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၉။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် Wepozt ၏ စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။