KBZPay QR Week အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay မှ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့မှ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃၀) ရက် အထိကို KBZPay QR Week အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2  အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version အား 5.1 နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤ အစီအစဥ်  ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများအားလုံး အရောင်းမိတ်ဖက်ဆိုင်များတွင်  ဈေးဝယ်ယူပြီး အရောင်းဆိုင် QR (သို့ ) မိမိ၏ QR ကို scan ဖတ်ပြီး (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ပေးချေခြင်းဖြင့် လက်ဆောင်ဘူးများ ရရှိကာ ဆုလက်ဆောင်များဖြစ်သည့် ပြန်အမ်းငွေနှင့်ကူပွန်များ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ပထမဆုံး ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၃၀,၀၀၀ကျပ်နှင့် အထက်ဖြစ်ရန်လိုအပ်ပြီး အရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code (သို့ ) မိမိ၏ QR ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ငွေပေးချေပါက  သတ်မှတ်ထားသော လက်ဆောင်ဘူးအရေအတွက် ကျန်ရှိသည် အထိ KBZPay အကောင့်တစ်ခုလျှင် တစ်နေ့တွင် တစ်ကြိမ် ရရှိနိုင်မည်ဖြစ်သည်။ လက်ဆောင်ဘူးအတွင်း ရရှိနိုင်သောဆုလက်ဆောင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၅၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်
  • ၈၀၀ ကျပ်တန် KBZPay Market ကူပွန်
  • ပြန်အမ်းငွေ ၅၀၀ ကျပ်
  • ပြန်အမ်းငွေ ၁,၀၀၀ ကျပ်
  • ပြန်အမ်းငွေ ၅၀,၀၀၀ ကျပ်
  • ကျေးဇူးတင်ပါတယ်

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည်  KBZPay Account တစ်ခုဖြင့်  အစီအစဥ် ကာလ အတွင်း တစ်ရက်လျှင် တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။ Customer မှ ရရှိထားသော ကူပွန်များကို KBZPay Application ရှိ “My Profile” အောက်ရှိ “My Coupons“ တွင် ပြန်လည် ကြည့်ရှုနိုင် မည်ဖြစ်ပြီး ပြန်အမ်းငွေရရှိသူများကိုမူ ၎င်းတို့၏ KBZPay wallet များထဲသို့ ပြန်အမ်းငွေများအား တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ 

၆။ KBZPayဖြင့် ဝယ်ယူပြီး သတ်မှတ်ပမာဏပြည့်မှီသည့် ငွေပေးချေမှုတစ်ကြောင်းအတွက် ကူပွန် တစ်စောင်သာလျှင် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။ KBZPay အသုံးပြုသူများအနေဖြင့် ရရှိနိုင်သောကူပွန်များအား ပြန်လည်အသုံးပြုလိုပါက ဝယ်ယူမှုပမာဏသည် အောက်ပါ အနည်းဆုံးပမာဏ သတ်မှတ်ချက်အား ပြည့်မှီရန် လိုအပ်ပါသည်။

  • ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်အတွက် အနည်းဆုံး ၅,၀၀၀ကျပ်
  • ၅၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်
  • ၈၀၀ ကျပ်တန် KBZPay Market ကူပွန်အတွက် အနည်းဆုံး ၅,၀၀၀ကျပ်

၇။ ကူပွန်တစ်ခု၏ သက်တမ်းမှာ (၇)ရက်ဖြစ်ပြီး သတ်မှတ်ရက်ကျော်သွားပါက အသုံးပြုနိုင် တော့မည် မဟုတ်ပါ။ ဤအစီအစဥ်အရ ကူပွန် ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။

၈။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် အစီအစဥ်ကာလပြီးဆုံးသော်လည်း အပိုဒ် (၇) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၉။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၀။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၅။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ် ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“Purchase with KBZPay at BreadTalk and Enjoy Tazaungdaing Pocket Money” – BreadTalk Outlet

NoOutlet NameOutlet Address
1Junction City105-106,Level 1,Junction City Shopping Mall
2Myanmar PlazaG-23,Myanmar Plaza
3Junction SquareNo.1,Crystal Tower,Junciton Square Extension
4Junction Mawtin005-007,Level-1,Junction Center(Mawtin)
5Junction Eight028-030,Level-1,Junction 8
6BreadTalk (Junction Naypyitaw)Level-1, Junction Nay Pyi Taw, Yaza Thigaha Road, Naypyitaw
7BreadTalk (Junction Zawana)Junction Centre Zawana, Corner of thumingalar str & Lay Daungkan Road, Thingangyun Tsp
8BreadTalk (Mandalay)No-702, 73 street, Between 34x35 street, Chan Aye Thar Zan Tsp, Mandalay
9BreadTalk(Capital)No 14/E, Level-1, Minnandar Road, Dawpone Tsp

“KBZPayနဲ့ BreadTalkမှာ ရှင်းပြီး တန်ဆောင်တိုင်မုန့်ဖိုးများရယူပါ” အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၄) ရက်နေ့မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ အထိကို “KBZPayနဲ့ BreadTalkမှာရှင်းပြီး တန်ဆောင်တိုင်မုန့်ဖိုးများရယူပါ” အစီအစဉ်နေ့အဖြစ် သတ်မှတ် ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ အစီအစဥ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများအားလုံး BreadTalk ဆိုင်ခွဲများတွင်  အရောင်းဆိုင်၏  KBZPay QR Code ကို scan ဖတ်ပြီး (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ် ရိုက်ထည့်ပြီး  KBZPay နှင့်ငွေပေးချေခြင်းဖြင့် တန်ဆောင်တိုင်မုန့်ဖိုးများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ပထမဆုံး ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၁၅,၀၀၀ကျပ်နှင့် အထက်ဖြစ်ရန်လိုအပ်ပြီး BreadTalk ဆိုင်ခွဲများ၏ KBZPay QR Code ကို scan ဖတ်ပြီး (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ် ရိုက်ထည့်ပြီး KBZPay နှင့်ပေးချေပါက  သတ်မှတ်ထားသော မုန့်ဖိုးကျန်ရှိသည် အထိ KBZPay အကောင့်တစ်ခုလျှင် တစ်နေ့တွင် တစ်ကြိမ် ရရှိနိုင်မည်ဖြစ်သည်။

၅။ ဤ အစီအစဥ်မှ  ရရှိသော မုန့်ဖိုးပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထံသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ 

၆။ ဤ အစီအစဥ်ကာလအတွင်း ရရှိနိုင်သော ပြန်အမ်းငွေများမှာ ၁၀၀ကျပ်မှ ၁၀,၀၀၀ကျပ်အထိ ကျပန်းရရှိမည်ဖြစ်သည်။

၇။ ဤ အစီအစဥ်တွင်ပါဝင်သူများသည်  KBZPay Account တစ်ခုဖြင့်  Campaign ကာလအတွင်း တစ်ရက်လျှင် တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။

၈။ ဤ အစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၉။ ဤအစီအစဥ်တွင်ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၀။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၅။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် BreadTalk ၏စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

KBZPay Market တွင် “11.11 Mega Sale” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market တွင် “11.11 Mega Sale” Campaign သည် နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၂၃ ခုနှစ်မှ နိုဝင်ဘာလ ၂၀ ရက်နေ့ ၂၀၂၃ ခုနှစ်အထိ ဖြစ်ပါသည်။ “11.11 Mega Sale” Campaign တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည် ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ဤ Campaign တွင်ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay Application version 5.1 နှင့်အထက် အသုံးပြုသည့် KBZPay Customer များသည် KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay ဖြင့် ငွေပေးချေခြင်းအတွက် အထူး လျှော့စျေးများရရှိစေရန်နှင့် ပို့ဆောင်ခအခမဲ့ ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay Application အား 5.1 နှင့် အထက် versionသို့ အဆင့်မြှင့်ထားရန် လိုအပ်ပါသည်။ 

၄) ဤ “11.11 Mega Sale” Campaign တွင် ပါဝင်သော အစီအစဉ်များမှာ နိုဝင်ဘာလ ၁၁ ရက်နေ့  ၂၀၂၃ ခုနှစ် မှ နိုဝင်ဘာလ ၂၀ ရက်နေ့ ၂၀၂၃ ခုနှစ် ၊ ညနေ ၅ နာရီ မှ ည ၉ နာရီအထိ နေ့စဥ် ပထမဆုံး ဝယ်ယူမှု ၂၀၀ အတွက် မည်သည့်ဝယ်ယူမှုတိုင်းအတွက်မဆို ပို့ဆောင်ခအခမဲ့ အစီအစဥ်အပြင် Campaign ကာလအတွင်း Hottest Deals in Town အစီအစဥ် ပါဝင်သွားမည် ဖြစ်ပါသည်။ ပို့ဆောင်ခ အခမဲ့ အစီအစဥ်များအတွက် အခမဲ့ပို့ဆောင်ပေးမည့် အများဆုံးပို့ဆောင်ခမှာ ၃,၀၀၀ ကျပ် (သုံးထောင်ကျပ်)အထိ သတ်မှတ်ထားပြီး ပို့ဆောင်ခ ၃,၀၀၀ ကျပ်အထက်ကို  ကျော်လွန်ပါက ကျော်လွန်နေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ကျခံပေးချေရမည် ဖြစ်ပါသည်။  

၅) ဤ “11.11 Mega Sale” တွင် Hottest Deals in Town အစီအစဉ်ကို ၂ ကြိမ်ပြုလုပ်ပါမည်။ နိုဝင်ဘာလ ၁၁ ရက် မနက် ၁၀ နာရီတိတိ တွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီတိတိ တွင် တစ်ကြိမ် ပြုလုပ်ပါမည်။ နိုဝင်ဘာလ ၁၁ ရက်နေ. Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် နိုဝင်ဘာလ ၁၁ ရက် မနက် ၁၀ နာရီ မှ နိုဝင်ဘာလ ၁၁ ရက် ည ၁၂ နာရီ အထိ အသုံးပြုခွင့်ရှိပြီး နိုဝင်ဘာလ ၁၆ ရက်နေ. ည ၁၀ နာရီ  Hottest Deals in Town အစီအစဉ်ရှိ ကူပွန်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၂ နာရီ အထိ အသုံးပြုခွင့်ရှိပါသည်။ ပစ္စည်းတစ်ခုချင်းစီ၏ ကူပွန်ကုဒ်သည် လူတစ်ဦးလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ကူပွန်အရေအတွက်သည် အကန့်အသတ်ရှိပြီး လူတစ်ဦးလျှင် တစ်ကြိမ်ထက်ပိုပြီး အသုံးပြုခွင့်မရှိပါ။ 

၆) Customer မှ ရရှိသည့်ကူပွန်အား KBZPay Market ရှိ Merchant များထံမှ ဝယ်ယူပေးချေခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပြီး ဝယ်ယူပေးချေသည့်ပမာဏသည် ကူပွန်ပမာဏထက်ပိုများရန် လိုအပ်ပါ သည်။

၇) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ Viber၊ KBZPay Market Official Account (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် “11.11 Mega Sale” Campaign တွင် Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ 

၈) ဤ “11.11 Mega Sale” Campaignတွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက် ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်းမရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဘက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလည်း Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၉) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Market Place ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့်အခြား စည်ကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၁၀) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သိရှိသဘောတူပါသည်။

၁၁) Merchant ဆိုင်များရှိ “11.11 Mega Sale” Campaignတွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာ နေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့်ရက်အတွင်းပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchant များအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက် အတွင်းမပေးပို့နိုင်ခဲ့ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၁၂) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၃) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market၏  ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၄) ဤ Campaign ကာလအတွင်းသာလျှင် KBZPay Application version 5.1 နှင့်အထက် အသုံးပြုသည့် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၅) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည် မဟုတ်ပါ။

၁၆) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ် ပိုင်ခွင့်ရှိသည်။

၁၇) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၈) KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၉) KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၂၀) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် Merchant များ၏ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၁) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၂) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer များအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်း မရှိစေရပါ။

၂၃) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“Official Account နဲ့အတူ ဘောလုံးဂျာစီလက်ဆောင်ယူ” Campaign ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ KBZPay ဂျာစီလက်ဆောင် Campaign ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်အထိ ပြုလုပ်မည် ဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် KBZPay Level 1.5 နှင့် Level 2 Customerများသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 Customerများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ Customerအသစ်များသည်လည်း KBZPay Level 1.5 သို့မဟုတ် Level 2 အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ 

၃။ Campaign ကာလအတွင်း ဘောလုံးဂျာစီလက်ဆောင်ရယူရန် KBZPay မှ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား KBZPay Customer များမှ ပြီးမြောက်အောင် ပြုလုပ်ဆောင်ရွက်ရပါမည်။  

လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် – 

လုပ်ဆောင်ချက် (၁) အနေဖြင့် Football Official Account မှာ တင်ထားသည့် “Official Account နဲ့အတူ ဘောလုံးဂျာစီလက်ဆောင်ယူ” Campaign Post ကို Like လုပ်ပါ။ 

လုပ်ဆောင်ချက် (၂) အနေဖြင့် Football Official Account ကို နှစ်သက်ရသော အကြောင်းရင်းအား Comment တွင် ရေးပါ။ 

၄။ Comment ပေးထားသူများအနက်မှ ကံထူးရှင် (၅) ဦးကို ရွေးချယ်ပြီး ဘောလုံးဂျာစီလက်ဆောင် ပေးသွားမည်ဖြစ်ပါသည်။  

၅။ မိမိကံထူးရရှိထားသော ဘောလုံးဂျာစီလက်ဆောင်များကို ပြန်လည်လဲလှယ်ပေးမည်မဟုတ်ပါ။ 

၆။ အချက်အလက်များ ပြည့်စုံစွာ ရေးသားထားခြင်းမရှိပါက ကံထူးရှင်ရွေးချယ်ရာတွင် အကျုံးဝင်မည် မဟုတ်ပါ။ 

၇။ ဤ Campaign တွင် KBZPay Customer တစ်ဦးလျှင် တစ်ကြိမ်သာ ပါဝင်ကံစမ်းခွင့်ရှိမည်ဖြစ်ပါသည်။  

၈။ Comment များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ည ၁၂ နာရီအချိန်ထိ ပါဝင်ရေးသားကံစမ်းနိုင်ပါသည်။ သတ်မှတ်ချိန်ကျော်လွန်ပြီး ရေးသားထားသော Comment များကို ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။ 

၉။ ရွေးချယ်ခံရသော ကံထူးရှင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် Football Official Account မှ Notification နှင့်တကွ ကြေညာပေးသွားမည်ဖြစ်ပါသည်။  

၁၀။ ဤ Campaign တွင် သတ်မှတ်ထားသော ပရီးမီးယားလိဂ် ဘောလုံးအသင်း (၅) သင်း (မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ လီဗာပူး၊ ချယ်လ်ဆီး) ၏ Authentic Player Version ဘောလုံးဂျာစီများ လက်ဆောင်ပေးသွားမှာဖြစ်ပြီး ကံထူးသော ဆုရရှိသူများကို KBZPay Football Official Account တွင် ကြေညာပေးသွားမည့်အပြင် တစ်ဦးချင်းစီအား KBZPay ၏ Official Channel မှ SMS ပေးပို့၍လည်း ဆက်သွယ်သွားမည်ဖြစ်ပါသည်။ ဆုရရှိသူအား  KBZPay Football Official Account များတွင် ကြေညာရန်အလို့ငှာ  ဆုရရှိသူ၏ အမည်၊ ဖုန်းနံပါတ်နောက်ဆုံး (၄)လုံးအား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံစမ်းမဲ ပေါက်သူမှ သိရှိပြီး သဘောတူပါသည်။ ဆုရရှိသူများသည် query@kbzpay.com သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ 

၁၁။ ဘောလုံးဂျာစီလက်ဆောင်အား ပိုင်ဆိုင်ခွင့်ရရှိသည့် ဆုရရှိသူသည် ဆုလက်ဆောင်အား ရုံးဖွင့်ရက် (၁၄) ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ် သိမ်းသွားမည်ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသောဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၂။ ဤ Campaign အရ ဘောလုံးဂျာစီ ဆုလက်ဆောင်ရရှိသူသည် ၎င်းတို့ရရှိသော ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၁၃။ Campaign တွင် ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၄။ KBZ ဝန်ထမ်းများသည် Campaign တွင် ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၇။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့်နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၉။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၀။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထား သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ် ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၂။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

“KBZPay နဲ့ မုန့်ဖိုးပေးတဲ့အခါ 1875 ရဲ့ကံကောင်းခြင်းဟောစာတမ်းကိုလက်ခံရယူပါ” Campaign စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ “KBZPay နဲ့ မုန့်ဖိုးပေးတဲ့အခါ 1875 ရဲ့ကံကောင်းခြင်းဟောစာတမ်းကိုလက်ခံရယူပါ” Campaign ကာလသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။ 

၃။     ဤ Campaign ၏ရည်ရွယ်ချက် မှာ KBZPay  Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံးသည် ဤ Campaign မှတစ်ဆင့် မုန့်ဖိုးပေးခြင်းဖြင့် အခမဲ့ Pile Card ရွေးချယ်၍ ဟောစာတမ်း ရယူပြီး 1875 ဗေဒင်၏ ဝန်ဆောင်မှုများဝယ်ယူရာတွင် ပြန်လည်အသုံးပြုနိုင်မည့် လျှော့ဈေးကူပွန် များကို ကံစမ်းနိုင်ရန်ရည်ရွယ်ပါသည်။ 

၄။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသည် ဤ Campaign ကာလအတွင်း KBZPay Blue Application မှတဆင့် မုန့်ဖိုးပေးပြီး အခမဲ့ Pile Card ရွေးချယ်ခွင့် (၁)ရက်လျှင် (၁)ကြိမ်သာ ရရှိနိုင်မည်ဖြစ်ပြီး 1875 ဗေဒင်လျှော့ဈေးကူပွန်တစ်ကြိမ် ကံစမ်းနိုင်မည် ဖြစ်ပါသည်။

၅။ 1875 ဗေဒင်လျှော့ဈေးကူပွန်ကို ကံစမ်းရာတွင် ရရှိမည့်လျှော့ဈေးကူပွန်ငွေပမာဏကို ကျပန်း ကံစမ်းရရှိနိုင်မည်ဖြစ်ပြီး ကံစမ်းနိုင်မည့် လျှော့ဈေးကူပွန်များမှာ

  • ၅၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန်
  • ၈၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန်
  • ၁,၀၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန်
  • ၁,၅၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန် တို့ဖြစ်ပါသည်။

၆။ KBZPay အသုံးပြုသူများသည် 1875 ဗေဒင်လျှော့ဈေးကူပွန်ကို ချက်ချင်းလက်ခံရရှိမည် ဖြစ်ပြီး KBZPay “My Coupon” တွင်လည်း ပြန်လည်ကြည့် ရှုနိုင်မည်ဖြစ်သည်။ 

၇။  KBZPay အသုံးပြုသူများအနေဖြင့် ရရှိလာသော 1875 ဗေဒင်လျှော့ဈေးကူပွန်များကို ပြန်လည် အသုံးပြုရာတွင် ငွေပေးချေဝယ်ယူသည့် ဝန်ဆောင်ခပမာဏသည် လျှော့ဈေးကူပွန် ပမာဏထက် ပိုများရန်လိုအပ်ပါသည်။ 

၈။ 1875 ဗေဒင်လျှော့ဈေးကူပွန်များ၏သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှစ၍ (၁၄) ရက် အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်မီ 1875 ဗေဒင် ၏ မည်သည့်ဝန်ဆောင်မှုအမျိုးအစားကိုမဆို KBZPay မှတဆင့် ဝယ်ယူခြင်းတွင် ပြန်လည်အသုံးပြုနိုင် ပါသည်။ 

၉။ အဆိုပါ 1875 ဗေဒင်ကဒ်လျှော့စျေးကူပွန်ကိုပြန်လည်အသုံးပြုရာတွင် ကူပွန်တစ်စောင်လျှင် ငွေပေးချေမှုတစ်ကြိမ် အတွက်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။  

၁၀။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အသုံးပြုသူများသည် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်တင်ထားရန် လိုအပ်ပါသည်။ 

၁၁။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၈) တွင် ဖော်ပြချက်နှင့်အညီ  ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၂။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည် မဟုတ်ပါ။

၁၃။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 ၁၅။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၆။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၉။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူ အပေါ်တွင် ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။


၂၀။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

KBZPay “ကြိုဖြည့်” Campaign ၏  စည်းမျဥ်းသတ်မှတ်ချက်များ

၁။  KBZPay “ကြိုဖြည့်” Campaign သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ အထိဖြစ်ပါသည်။

၂။ ဤ Campaign တွင် ၆ လ သက်တမ်း ရှိတဲ့ KBZPay Level 2 အကောင့်ရှိသော သတ်မှတ်ထားသည့် KBZ Payroll Customer များနှင့် KBZ Bank ဝန်ထမ်းများသာ ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။   ဤ Campaign တွင်ပါဝင်ရန် KBZPay ဖြင့် ရက် ၉၀ အတွင်း ဖုန်းဘေလ် အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းထားသူဖြစ်ရပါမည်။

၄။   Campaign ကာလအတွင်း KBZPay “ကြိုဖြည့်” အရေးပေါ် ဖုန်းဘေလ် ချေးငွေတွေ ကို ရယူပြီး ဝန်ဆောင်ခ ၆၀ ကျပ်ကို ပေးဆောင်စရာမလိုပဲ (၇) ရက်ပြည့်ပြီးနောက်ပိုင်းတွင် ပြန်လည်ပေးဆောင်နိုင်မည် ဖြစ်ပါသည်။ 

၅။   Campaign ကာလအတွင်း ရယူနိုင်သည့် KBZPay “ကြိုဖြည့်” အရေးပေါ်ဖုန်းဘေလ်ချေးငွေတွေများသည် ၁,၀၀၀ ကျပ် (ဝန်ဆောင်ခ ၆၀ ကျပ်)၊ ၂,၀၀၀ ကျပ် (ဝန်ဆောင်ခ ၉၀ ကျပ်)  နှင့် ၃,၀၀၀ ကျပ် (ဝန်ဆောင်ခ ၁၂၀ ကျပ်) တို့ဖြစ်ပါသည်။

၆။   KBZPay “ကြိုဖြည့်” အရေးပေါ် ဖုန်းဘေလ် ချေးငွေများကို ရယူပြီးပါက ရက် (၃၀) အတွင်း ပြန်လည်ပေးဆောင် မှသာလျှင် ဝန်ဆောင်ခ ၆၀ ကျပ် သက်သာခွင့်ရရှိမည်ဖြစ်သည့်အတွက် သတ်မှတ်ရက်အတွင်း KBZPay wallet ထဲသို့ ငွေပြန်လည်ထည့်သွင်းထားရန်လိုအပ်ပါသည်။  

၇။ သတ်မှတ်ထားသည့် KBZ Payroll Customer များနှင့် KBZ Bank ဝန်ထမ်းများအနေဖြင့် စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုအပေါ်မူတည်၍ အရေးပေါ်ဖုန်းဘေလ်ချေးငွေပမာဏ ၁,၀၀၀ ကျပ်၊ ၂,၀၀၀ ကျပ် နှင့် ၃,၀၀၀ ကျပ်  အား အသီးသီးရယူနိုင်မည်ဖြစ်ပါသည်။

၈။ ဤ Campaign အတွင်း သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်ကိုက်ညီပြီး KBZPay “ကြိုဖြည့်” ဝန်‌ဆောင်မှုအား ရယူထားသည့် KBZPay Cusomer များ၏ ပြန်လည်ပေးဆပ်မှုအတွက်သာလျှင် ဝန်ဆောင်ခ ၆၀ ကျပ် သက်သာခွင့်ရရှိမည်ဖြစ်ပြီး ဤသက်သာခွင့်အား Campaign ကာလတစ်လျှောက် တစ်ကြိမ်သာ လျှင်ရရှိနိုင်မည်ဖြစ်ပါသည်။

၉။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၀။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်းနှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထား သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“ဝါကျွတ်ကာလမှာ ပြည်ပငွေလွှဲလက်ခံရင်း  ရွှေသားနဲ့ ငွေသားဆုများပါ ကံထူးနိုင်ပါပြီ” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ ယခု “ဝါကျွတ်ကာလမှာ ပြည်ပငွေလွှဲလက်ခံရင်း  ရွှေသားနဲ့ ငွေသားဆုများပါ ကံထူးနိုင်ပါပြီ” Campaign သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် ပြည်ပငွေလွှဲ လက်ခံရရှိသည့် ကမ္ဘောဇဘဏ်စာရင်းပိုင်ရှင်များ၊ KBZPay အဆင့် ၂ Customer များနှင့် ကမ္ဘောဇဘဏ်ခွဲများတွင် ပြည်ပငွေလွှဲကို ငွေသားထုတ်ယူခြင်း (Cash pick up) ဝန်ဆောင်မှုကို ရယူသူများသာ ပါဝင်နိုင်မှာဖြစ်ပြီး Campaign ကာလ အတွင်း ပြည်ပမှ လွှဲပို့သည့်ငွေများကို အနည်းဆုံး ၂၀၀,၀၀၀ ကျပ် မှ စတင်၍ လက်ခံရန် လိုအပ်ပါသည်။ 

၃။ KBZPay အဆင့် ၁ Customerများ နှင့် အဆင့် ၁.၅ Customerများသည် KBZPay အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ ကမ္ဘောဇဘဏ်စာရင်း ပိုင်ရှင်များ အနေဖြင့် ပုံမှန်အပ်ငွေစာရင်းများ (Savings, Call, Current) (သို့) Cash Accounts (Special Savings, Call, Current) ငွေစာရင်းအမျိုးအစားတစ်ခုခုအား ဖွင့်လှစ်ထားရန် လိုအပ်ပါသည်။ သတ်မှတ်ထားသည့် ကမ္ဘောဇဘဏ်ငွေစာရင်းအမျိုးအစားတစ်ခုခုအား ဖွင့်လှစ်ထားခြင်းမရှိသည့် Customer များနှင့် KBZPay အကောင့်ဖွင့်လှစ်ထားခြင်း မရှိသည့် Customerများသည်လည်း ကမ္ဘောဇဘဏ်ခွဲများတွင် ပြည်ပငွေလွှဲများကို ငွေသားထုတ်ယူခြင်း (Cash pick up) ဖြင့် ဤ Campaign တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။

၄။ ဤ Campaign တွင် ပါဝင်သော ဆုလက်‌ဆောင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

ပထမဆု – ‌ရွှေ ၁ ကျပ်သား

ဒုတိယဆု – ၁၀ သိန်း ကျပ်

တတိယဆု – ၅ သိန်း ကျပ်

အထူးဆု – ၁ သိန်း ကျပ် ၁၀ ဆု

၅။ ဤ Campaign တွင် ကံထူးသူ (၁၃) ဦးကို ကျပန်းအနေနှင့် ရွေးချယ်သွားမည်ဖြစ်ပြီး  ကံထူးသူများကို  အပြာရောင်အမှန်ခြစ်ပါသော KBZ Bank Social Media Channel နှင့် အပြာရောင်အမှန်ခြစ်ပါသော KBZPay Social Media Channel များမှတစ်ဆင့် Campaign ပြီးဆုံးသည့် ရက်မှစ၍ သတ်မှတ်ရုံးဖွင့်ရက် (၃) ရက် အတွင်း ကြေညာပေးသွားမည် ဖြစ်ပါသည်။ ကံထူးသူများထံသို့ ကမ္ဘောဇဘဏ်မှ SMS ပေးပို့၍လည်း ဆက်သွယ်မည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ် မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက် ထုတ်ယူနိုင်မည့် လိပ်စာအား အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ ကံထူးသူများအား social media များနှင့် website များတွင် ကြေညာရန်အလို့ငှာ  ကံထူးသူများ၏ အမည်နှင့်  ဖုန်းနံပါတ် (ဖုန်းနံပါတ် အပြည့်အစုံမဟုတ်ပါ)ကို ကမ္ဘောဇဘဏ် မှ အသုံးပြုနိုင်သည်ကို ကံထူးသူများမှ သိရှိပြီး သဘောတူပါသည်။ 

၆။ ဆုရရှိသူများသည် အပြာရောင် အမှန်ခြစ်ပါသော KBZ Bank Facebook Page Messenger (သို့) အပြာရောင် အမှန်ခြစ်ပါသော KBZPay Facebook Page Messenger (သို့) customer_service@kbzbank.com (သို့) query@kbzpay.com သို့ မိမိ၏ ကိုယ်ရေးအချက် အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်နှင့် လက်ရှိနေရပ်လိပ်စာ တို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့်အတူ ပေးပို့၍ ဆက်သွယ်ရပါမည်။ 

၇။ ပထမဆု ရွှေ ၁ ကျပ်သား ရရှိသူသည် ဆုလက်ဆောင်အား ထုတ်ယူရန်အကြောင်းကြားသည့် နေ့ရက်မှစတင်၍ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား ကမ္ဘောဇဘဏ်မှ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး  ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှု၊ ကွဲလွဲမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကမ္ဘောဇဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၈။ ပထမဆု ရွှေ ၁ ကျပ်သားအား ရရှိသည့် ကံထူးရှင်အနေဖြင့်ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၉။ ဒုတိယဆု ၁၀ သိန်း ကျပ်၊ တတိယဆု ၅ သိန်း ကျပ် နှင့် အထူးဆု ၁ သိန်း ကျပ် (၁၀) ဆု တို့ကိုရရှိသည့် ကံထူးသူများအနေဖြင့် ဆုငွေများအား ကံထူးသူများ၏ သက်ဆိုင်ရာ  ကမ္ဘောဇဘဏ်ငွေစာရင်း (သို့) KBZPay Wallet ထဲသို့ ကံထူးရှင်စာရင်းကို ကြေညာပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၃) ရက်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ကံထူးရှင်များအနေဖြင့် ဆုလက်ခံရယူရန် အတွက် ကမ္ဘောဇဘဏ်စာရင်း ဖွင့်လှစ်ထားရှိရန် (သို့) KBZPay အဆင့် ၂ Customer ဖြစ်ရန် လိုအပ်ပါသည်။ 

၁၀။ ကမ္ဘောဇဘဏ်၏ ဝန်ထမ်းများသည် ဤ Campaign တွင် ပါဝင်ခွင့်ရှိမည်မဟုတ်ပါ။

၁၁။ ဤ Campaign တွင် ပါဝင်သည့် Customer များသည် ဤစည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် သဘောတူပါသည်။ 

၁၂။ ဤ Campaign ကာလအတွင်း ပါဝင်သည့် Customerများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၃။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် Campaign တွင်ပါဝင်သည့် Customerများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက် အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၄။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့် ရှိသည်။

၁၅။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များနှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေ ရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၆။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့်စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၇။ ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် ဤ Campaign တွင် ပါဝင်သည့် Customerသူများအနေဖြင့် လျော်ကြေး တစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၈။ ကမ္ဘောဇဘဏ် ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၀။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်  မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် နှင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။ 

“KBZPayနဲ့ ခရီးသွားမယ်” အောက်တိုလာလ အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၇ရက်နေ့မှ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့  အထိကို “KBZPayနဲ့ ခရီးသွားမယ်”Campaignနေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် Campaign တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၃.၀ .၃ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး Campaignကာလအတွင်း KBZPay၏ “ခရီးသွား”အောက်တွင်ရှိသော “ Flymya၊ Oway၊ MMBus Ticket၊ Shwe Booking၊ ငုဝါ၊ JJ Express”မှ အသုံးပြုနိုင်သည့် ခရီးသွားလျော့ဈေးကူပွန်များအား ဦးစွာရယူကာ ၎င်းကူပွန်များအား အသုံးပြုပြီး ခရီးသွားနိုင်ရန်နှင့် အထူးဆုဖြစ်သည့် ပြန်အမ်းငွေ ၃၀၀,၀၀၀ကျပ် ရရှိနိုင်ရန်လည်း ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

ခရီးသွားလျှော့ဈေးကူပွန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၁,၀၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ၂,၀၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ၃,၀၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ကျေးဇူးတင်ပါတယ်

၄။ အသုံးပြုသူများသည် ဤ Campaign ကာလအတွင်း ပထမဦးစွာ KBZPay အက်ပလီကေးရှင်းမှ ဝင်ရောက်၍ သတ်မှတ်ထားသော ခရီးသွားလျှော့ဈေးကူပွန်အရေအတွက် ကျန်ရှိသည်အထိ ရရှိနိုင်မည်ဖြစ်ပြီး  Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။ Campaign ကာလအတွင်း KBZPay အကောင့်တစ်ခုလျှင် သုံးကြိမ်အထိ ပါဝင်နိုင်မည် ဖြစ်သည်။ 

၅။ ရရှိလာသော ခရီးသွားလျှော့ဈေးကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင် ပြန်လည်ကြည့်ရှုနိုင်ပြီး KBZPayအက်ပလီကေးရှင်း၏ “ခရီးသွား”အောက်တွင် ရှိသော “ Flymya၊ Oway၊ MMBus Ticket၊ Shwe Booking၊ ငုဝါ၊ JJ Express”မှ ဖြစ်စေ၊ ထိုMerchant များ ၏ကိုယ်ပိုင် အက်ပလီကေးရှင်းများ မှဖြစ်စေ၊ ၎င်းတို့၏ ဝက်ဘ်ဆိုက်မှဖြစ်စေ   လေကြောင်းခရီးစဉ် လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များ (သို့) ကားလက်မှတ်များအား KBZPayဖြင့် ဝယ်ယူပြီး သတ်မှတ်ပမာဏပြည့်မှီသည့် ငွေပေးချေမှုတစ်ကြောင်းအတွက် လျှော့ဈေးကူပွန် တစ်စောင်သာလျှင် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။ KBZPay အသုံးပြုသူများအနေဖြင့် လျှော့စျေး ကူပွန်များအား ပြန်လည်အသုံးပြုလိုပါက ဝယ်ယူမှုပမာဏသည် အောက်ပါ အနည်းဆုံးပမာဏ သတ်မှတ်ချက်အား ပြည့်မှီရန် လိုအပ်ပါသည်။

  • ၁,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၂၀,၀၀၀ကျပ်
  • ၂,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၅၀,၀၀၀ကျပ်
  • ၃,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၇၀,၀၀၀ကျပ်

၆။ ကူပွန်တစ်ခုအား အသုံးပြုနိုင်ခွင့်သက်တမ်းမှာ အသုံးပြုသူလက်ခံရရှိသည့်နေ့ရက်မှစ၍ (၁၄)ရက် အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်သွားလျှင် အသုံးပြုနိုင်တော့မည် မဟုတ်ပါ။

၇။ ဤ Campaign အရ ကူပွန် ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၈။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၆) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၉။ ထို့အပြင် ဤ Campaignမှ ရရှိလာသော ကူပွန်အား “မျှဝေမည်” ကိုနှိပ်ကာ မိမိ၏ လူမှုကွန်ရက် ဖြစ်သည့် Facebookပေါ်တွင် #TravelwithKBZPay နှင့်တင်ကာ Publicနှင့်မျှဝေပေးလျှင် အစီအစဉ် ကြေညာထားတဲ့ပို့စ်အောက်မှာ Screenshotလေးကို Commentပေးသွားသူများထဲမှ တစ်ဦးအား Campaign ကာလအပြီးတွင် အထူးဆုဖြစ်သည့် ပြန်အမ်းငွေ သုံးသိန်းကျပ် တိတိအား ရရှိနိုင်မည်ဖြစ်သည်။ အထူးဆုရရှိသူသည် ၎င်းဆုအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။

၁၀။ အထူးဆုရရှိသူအား KBZPay၏ လူမှုကွန်ရက်ဖြစ်သည့် အမှန်ခြစ်ပါသော KBZPay Facebookတွင် ဒီဇင်ဘာလ ၅ရက်နေ့၌ ကြေညာသွားမည်ဖြစ်သည်။ အထူးဆုရရှိသူအား social media များနှင့် website များတွင် ကြေညာရန်အလို့ငှာ  အထူးဆုရရှိသူ၏ အမည်၊ Faceook profileပုံနှင့်  ဖုန်းနံပါတ်နောက်ဆုံး(၄)လုံးအား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံစမ်းမဲ ပေါက်သူမှ သိရှိပြီး သဘောတူပါသည်။ အထူးဆုရရှိသူသည် query@kbzpay.com သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် မိမိ Facebook Profileလင့်ခ်နှင့်အတူ ကြေညာပြီး (၇)ရက်အတွင်း အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ (၇)ရက်အတွင်း မဆက်သွယ် လာပါက အကျုံးမဝင်ပါ။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက အထူးဆုဖြစ်သည့် ပြန်အမ်းငွေ သုံးသိန်းကျပ် တိတိအား အချက်အလက်များရရှိပြီး (၇)ရက်အတွင်း အထူးဆုရရှိသူ၏ KBZPayအကောင့်ထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ပြန်အမ်းငွေအား (၇)ရက်အတွင်း ထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း ဘဏ်၏ ထိန်းချုပ်နိုင်စွမ်း ထက်ကျော်လွန်သည့်ကိစ္စရပ် များကြောင့်  ပြန်အမ်းငွေထည့်သွင်းချိန်သည် ပြောင်းလဲမှုရှိနိုင်ပါသည်။ 

၁၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် Flymya၊ Oway၊ MMBus Ticket၊ Shwe Booking၊ ငုဝါ၊ JJ Express တို့၏ စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

KBZPay Shopper Loan (စျေးဝယ်ချေးငွေ) နှင့် KBZPay Personal Loan (ကိုယ်ပိုင်ချေးငွေ) – စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

KBZPay Shopper Loan (စျေးဝယ်ချေးငွေ)

၁။ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းသတ်မှတ်ချက်

KBZPay စျေးဝယ်ချေးငွေကို မြန်မာနိုင်ငံသားများအတွက်သာလျှင် ဖော်ဆောင်ပေးထားခြင်း ဖြစ်ပြီး ချေးငွေပြန်လည်ပေးဆပ်မှုအား ငွေချေးယူသူ၏ KBZPay Wallet Account မှတစ်ဆင့် ပေးဆပ် ရမည်ဖြစ်ပါသည်။

KBZPay Wallet Account မှတစ်ဆင့် KBZPay အရစ်ကျချေးငွေအား ရယူမည့် ငွေချေးယူသူသည် ဤချေးငွေဝန်ဆောင်မှုနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အားလုံးအား လိုက်နာပါမည်ဟု ငွေချေးယူသူက သဘောတူညီပါသည်။

၂။ သက်တမ်းကာလ

ချေးငွေသက်တမ်းမှာ ချေးရင်းငွေ စတင်ထုတ်ပေးသည့်နေ့ရက် (     ) မှစ၍ (    ) လ ဖြစ်ပြီး ချေးငွေအများဆုံး ခွင့်ပြုပေးမည့်ပမာဏမှာ (     ) အထိဖြစ်သည်။

 ၃။ အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ

ငွေချေးယူသူအနေဖြင့် အောက်ပါတို့ကိုဆောင်ရွက်ခြင်းမပြုရ –

က။   ငွေချေးယူသူသည် မိမိ၏ KBZPay Wallet Account ကို အသုံးပြု၍ ချေးငွေရယူပြီး အခြား သူတစ်ပါးအား ပစ္စည်းဝယ်ယူစေခြင်း မပြုလုပ်ရပါ။ အကယ်၍ ပြုလုပ်ခဲ့ပါက ထိုသို့ပြုလုပ်သည့်အတွက်  ပေါ်ပေါက်လာသော ပြန်လည်ပေးဆပ်ရမည့် ချေးငွေပမာဏ၊ အတိုးနှင့် အခကြေးငွေများအားလုံးအတွက် ငွေချေးယူသူမှ တာဝန်ယူ၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ငွေချေးယူသူအနေဖြင့် မိမိ၏ KBZPay Wallet Account အား အခြားသူများကို သုံးစွဲစေခြင်းကြောင့်သော်လည်းကောင်း၊ ငွေချေးယူသူ၏ ပေါ့လျော့မှုကြောင့် ငွေချေးယူသူ၏ KBZPay Wallet Account အား အလွဲသုံးစားပြုလုပ်မှုကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာသော မည်သည့်အကျိုးဆက်အတွက်မဆို ငွေချေးသူနှင့်သာသက်ဆိုင်မည်ဖြစ်ပြီး ဘဏ်တွင် တာဝန်ရှိမည်မဟုတ်ပါ။

ခ။    ငွေချေးယူသူက လူမွဲစာရင်းကြေညာရန်လျှောက်ထားသည်ဆိုလျှင် လူမွဲစာရင်းကြေညာရန် လျှောက်ထားမှုအား ရုပ်သိမ်းခြင်းမရှိဘဲ ချေးငွေရယူခြင်းမပြုရ သို့မဟုတ် ငွေချေးယူသူ၏ မြွက်ဟချက်ကို ရရှိပြီးဖြစ်သော်လည်း ငွေချေးယူသူအနေဖြင့် ပြန်လည်ပေးဆပ်ရမည့် ပမာဏကို အပြည့်အဝ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဟု ငွေချေးယူသူကရိုးသားစွာမျှော်မှန်းထားခြင်း မရှိလျှင် ချေးငွေရယူခြင်းမပြုရ။

ဂ။ ငွေချေးယူသူသည် စက်ပိုင်းဆိုင်ရာအား ဆန့်ကျင်မှုဖြစ်စေခြင်း (သို့မဟုတ်) KBZPay Wallet Mobile Application အား ချေးငွေဝန်ဆောင်မှုလုပ်ငန်းအားပြိုင်ဆိုင်ရန်အတွက် ဒီဇိုင်းထုတ်ခြင်း၊ တုပပြုလုပ်ခြင်း အလားတူညီသည့် သဘောတရားများ၊ အသွင်သဏ္ဍာန်များ၊ လုပ်ငန်းဆောင်ရွက်ခြင်းများအား ပုံစံထုတ်ခြင်း၊ တုပပြုလုပ်ခြင်းများ မဆောင်ရွက်ရပါ။

ဃ။   ငွေချေးယူသူ၏ KBZPay Wallet Account တွင် ကျန်ရှိနေသည့် စုစုပေါင်း ကြွေးကျန်များအား အပြည့်အဝ ပြန်လည်ပေးဆပ်ခြင်း မပြုမီအချိန်အထိ ငွေချေးယူသူ၏ လက်ရှိအသုံးပြုနေသည့် လက်ကိုင်ဖုန်းမှ  KBZPay Wallet Mobile Application ကို ဖျက်လိုက်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းမပြုရ။

င။    ငွေချေးယူသူသည် ကမ္ဘောဇဘဏ်၏ကြိုတင်ခွင့်ပြုချက်မရှိဘဲ ရက်စေ့ရောက်နေပြီဖြစ်သော အရစ်ကျချေးငွေပြန်လည်ပေးဆပ်မှုအတွက် ချေးငွေထုတ်ပေးသည့် ကမ္ဘောဇဘဏ်သို့ ထုတ်ပြန်ပေးထား သော မည်သည့်အမြဲတမ်းညွှန်ကြားချက်များကိုမဆို သို့မဟုတ် ငွေချေးယူသူ လိုက်နာရန် သတ်မှတ်ထားသည့် ချေးငွေပြန်လည် ပေးချေမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များအား ဖျက်သိမ်းခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုရ။

၄။ ငွေချေးယူသူ၏တာဝန်များ

ငွေချေးယူသူမှ ဤသဘောတူညီချက်ပါ ချေးငွေရယူရာတွင် သက်ဆိုင်ရာအခွန်အခများအား ဘဏ်သို့ ပေးချေရန်တာဝန်ရှိပြီး ကမ္ဘောဇဘဏ်ထံမှ ရယူသည့် မည်သည့်ချေးငွေအတွက်မဆို ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ အသုံးပြုသွားမည် ဖြစ်ကြောင်းငွေချေးယူသူမှ ဝန်ခံကတိပြုပါသည်။

၅။ ချေးငွေကန့်သတ်ချက်

က။   ချေးငွေနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ဌာနတွင်း မူဝါဒများ ပေါ်တွင်လည်းကောင်း၊ လျှောက်လွှာ တင်စဉ် ငွေချေးယူသူကဖော်ပြခဲ့သည့် အချက်အလက်များပေါ်တွင် မူတည်၍လည်းကောင်း ချေးငွေပမာဏ ကန့်သတ်ချက်ကို သတ်မှတ်ပေးသွားမည်ဖြစ်သည်။ ငွေချေးယူသူနှင့် ကိုက်ညီသည့် ရရှိနိုင်မည့် ချေးငွေ ပမာဏကန့်သတ်ချက်ကို KBZPay Wallet Mobile Application မှတဆင့် ဖော်ပြပေးသွားမည်ဖြစ်သည်။ ငွေချေးယူသူ လျှောက်ထားသော ချေးငွေအား ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ချေးငွေပမဏတို့အား ကမ္ဘောဇ ဘဏ်၏ ချေးငွေကော်မတီ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပြီး ဘဏ်မှအကြောင်းပြချက် တစုံတရာ မပေးဘဲ ချေးငွေငြင်းပယ်ခြင်းအား ပြုလုပ်နိုင်ပါသည်။

ချေးငွေပမာဏကန့်သတ်ချက်ကိုတိုးမြှင့်ပေးရန် ငွေချေးယူသူမှ မည်သည့်အဆိုပြုမှုကိုမဆို ၄င်း၏ KBZPay Wallet Account  မှတဆင့် တောင်းဆိုလာမှသာလျှင် ကမ္ဘောဇဘဏ်ကစဉ်းစားသုံးသပ် ပေးသွားမည် ဖြစ် သည်။ ထိုသို့တောင်းဆိုမှုအတွက် လိုအပ်သော အထောက်အထားများ၊ အချက်အလက်များအား ငွေချေးယူသူ သို့  ကမ္ဘောဇဘဏ်ကတောင်းခံလာဖွယ်ရှိမည်ဖြစ်ပြီး ရရှိလာသော ထိုအထောက်အထား အချက်အလက်များ အား ကမ္ဘောဇဘဏ်ကသုံးသပ်၍ စဉ်းစားသွားမည်ဖြစ်သည်။ ဘဏ်သည်ဌာနတွင်းသုံးသပ်မှု အပေါ် အခြေပြု ပြီး ထိုသို့သော တောင်းဆိုလာမှုကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ငွေချေးယူသူသည် ချေးငွေကန့်သတ်ချက်ကို တိုးမြှင့်ခြင်းမပြုရ။ ငွေချေးယူသူ၏ KBZPay Wallet Account အား ရပ်စဲခြင်း ခံရလျှင် ငွေချေးယူသူ၏ ချေးငွေ ကန့်သတ်ချက်အား ဖျက်သိမ်းမည်ဖြစ်သည်။ ငွေချေးယူသူ၏ ယခင်ကာလများကအသုံးပြုခဲ့သည့် အသုံးစရိတ်များ၊ ချေးငွေသမိုင်းကြောင်း နှင့် ငွေပေးချေမှု ပုံစံတို့အပေါ်တွင် အခြေပြုပြီး ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို ချေးငွေပမာဏကန့်သတ်ချက်ကို လျှော့ချခြင်း၊ ချေးငွေသက်တမ်းတိုးပေးခြင်း ပြုလုပ်နိုင်သည့် အခွင့်အရေး အပြည့်အဝ ရှိမည်ဖြစ်သည်။

ခ။    ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account အား မည်သည့်ကြိုတင် အကြောင်း ကြားမှုမျိုးကိုမဆို ပြုလုပ်ခြင်းမရှိဘဲ ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် မည်သည့်အချိန်တွင်မဆို သတ်မှတ် ထားသည့် ချေးငွေပမာဏကို ရုပ်သိမ်းပိုင်ခွင့်၊ ပြန်လည်တောင်းခံပိုင်ခွင့် အပြည့်အဝရှိသည်။

၆။ ကြိုတင်ငွေ

က။   ငွေချေးယူသူသည် Shopper Loan အတွက် ခွင့်ပြုထားသော ချေးငွေအား  (၁) ငွေသား ကြိုတင် ထုတ်ယူခြင်း နှင့်/သို့မဟုတ် (၂) Merchant သို့မဟုတ် ATM စက်များမှငွေသားထုတ်ယူရန်အတွက် ချေးငွေကန့်သတ်ချက်ကို အသုံးပြုခြင်းမရှိစေရ။

ခ။ ငွေချေးယူသူသည် ရရှိသော ချေးငွေပမာဏတစ်ခုလုံးကို ဤစာချုပ်တွင် ရေးသားဖော်ပြထားသော/သတ်မှတ်ထားသော ရည်ရွယ်ချက်မှတပါး အခြားမည်သည့်ရည်ရွယ်ချက်အတွက်မျှ အသုံးပြုခွင့်မရှိပါ။

၇။ အချက်အလက်အကာအကွယ်ပေးခြင်း နှင့် ထုတ်ဖော်ပြောဆိုမှုမပြုခြင်း                          

က။   သက်ဆိုင်ရာဥပဒေနှင့်အညီ  KBZPay ချေးငွေစာရင်း ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် KBZPay Wallet Account အသုံးပြုသူ၏ အမည်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာသတ်မှတ်ဖော်ပြမှုများ (မှတ်ပုံတင်အမှတ်၊ ပတ်စ်ပို့ နံပါတ်၊ ယာဉ်မောင်းလိုင်စင်အမှတ် စသည်)၊ အီးမေးလ်လိပ်စာ၊ အိမ်လိပ်စာ၊ လက်ကိုင်ဖုန်း အမှတ် နှင့်/ သို့မဟုတ် အခြားသောဆက်သွယ်ရမည့် သတင်းအချက်အလက်များ အပါအဝင် အထွေထွေ အချက်အလက် များအား ကမ္ဘောဇဘဏ်ကစုစည်းထားရှိမည်။ ကမ္ဘောဇဘဏ်သည် ၎င်းကပေးနေသည့်ဝန်ဆောင်မှုများ ထိရောက်မှုရှိစေရေးအတွက် Merchant များထံမှ အသုံးပြုသူနှင့်သက်ဆိုင်သည့် အချက်အလက်များကိုလည်း စုစည်းထားရှိမည်။  ထိုသို့သောစုစည်းထားရှိမှု၊ အတည်ပြုမှု၊ စာရင်းစစ်ခံမှုနှင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော စာရင်းပိုင်ရှင်၏သတင်း အချက်အလက်များအား ထိန်းသိမ်းထားမှုသည် စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ ကမ္ဘောဇဘဏ်သည် Borrower ဖြစ်သူ၏ အချက် အလက်များအား ရယူပြီး စာရင်းပိုင်ရှင်နှင့် ကိုက်ညီမှုရှိစေရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက် များ အား မည်သည့် အချိန်တွင်မဆို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ခ။    KBZPay Wallet Account Registration ပြုလုပ်ချိန်တွင်ဖြစ်စေ၊ အခြားသောအချိန်တွင်ဖြစ်စေ၊ ကန့်သတ်ချက်အား တွက်ဆနိုင်ရန်အတွက် ကမ္ဘောဇဘဏ်ကတောင်းခံသည့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက် အလက်များအား ပေးအပ်ပါမည်ဟု ငွေချေးယူသူက သဘောတူညီ အတည်ပြုသည်။ ထို့အပြင် ငွေချေးယူသူသည် ယခုကဲ့သို့ ၎င်းတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအား ကမ္ဘောဇဘဏ်က တောင်းခံရယူခြင်းသည် သက်ဆိုင်ရာဥပဒေအရ ဆီလျော်သည်၊ လိုအပ်သည်၊ ခွင့်ပြုနိုင်သည်ို့ကို နားလည်ပြီး အသိအမှတ်ပြုပါသည်။

ဂ။    KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူမှ ပေးသော သတင်းအချက်အလက် အားလုံး သည် တိကျ၊ မှန်ကန်မှုရှိပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိသည်ဟု မှတ်ယူမည်ဖြစ်သည်။ ငွေချေးယူသူသည် မှားယွင်းသော ကိုယ်ရေးအချက်အလက်များအားပေးခြင်း၊ စာရွက်စာတမ်းအတုများ ပြုလုပ်၍ ချေးငွေလျှောက်ထားခြင်း၊ ချေးငွေပေးဆပ်မှုကို နှစ်လဆက်တိုက်ပျက်ကွက်ခြင်း၊ လူမွဲစာရင်းဝင်မှ ထိန်ချန်ထားခြင်းများပြုလုပ်ပါက ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account အား ငွေချေးယူသူသို့ မည်သည့်ကြိုတင်အသိပေးအကြောင်းကြားမှုကိုမျှ ပြုလုပ်ခြင်းရှိမည်မဟုတ်ဘဲ ငွေချေးယူသူ ၏ KBZPay Wallet Accountကို အလိုအလျောက်ပိတ်သိမ်းသွားမည်ဖြစ်ပြီး ငွေချေးယူသူအား အမည်ပျက် စာရင်းတင်သွင်းသွားမည်ဖြစ်သည်။ ငွေချေးယူသူအနေဖြင့် ကမ္ဘောဇဘဏ်သို့ပေးပို့ထားသော သတင်းအချက်အလက်များ သည် မှားယွင်းပေးပို့သည်ဟုထင်မြင်ယူဆပါက ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသားပေးပို့ရမည်။

ဃ။   KBZPay Wallet Account ပိုင်ရှင်ဖြစ်သူသည် အမျိုးမျိုးသော ပစ္စည်းရောင်းချသူများ သို့တည်းမဟုတ် Credit Bureau Agency ကဲ့သို့သော ဗဟိုအာဏာပိုင်အဖွဲ့များက တရားဝင်အရင်းအမြစ်များမှနေ၍ KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ၏ အကြောင်းအရာဖော်ပြချက်အား အတည်ပြုပိုင်ခွင့်နှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်အား လုပ်ပိုင်ခွင့်ပေးထားသည်။ ငွေချေးယူသူဖြစ်သူသည် စာရင်းအရ ခံစားပိုင်ခွင့် ရှိသည်များအား ရရှိခံစားရာတွင် လိုအပ်လာဖွယ်ရှိသည့် စာရင်းဆိုင်ရာအသေးစိတ်အချက် အလက်များ နှင့်/ သို့မဟုတ် ငွေချေးယူသူက ပေးအပ်ထားသည့် စာရင်းပိုင်ရှင်နှင့် သက်ဆိုင်သည့် သတင်း အချက်အလက် အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား ဖလှယ်ခွင့်၊ မျှဝေပေးခွင့်နှင့်ပတ်သက်ပြီး ငွေချေးယူသူ က မိမိတို့အားလုပ်ပိုင်ခွင့်ပေးထားသည်။ ထိုသတင်းအချက်အလက်များအား အသုံးပြုခြင်း၊ မျှဝေခြင်းများအတွက် KBZPay Wallet Account ပိုင်ရှင်က ကမ္ဘောဇဘဏ်အား ကန့်သတ် ထိမ်းချုပ်ထားမှုမရှိပါ။

ငွေချေးယူသူမှ ဤသဘောတူညီချက်အရ ကမ္ဘောဇဘဏ်သို့ ထုတ်ဖော်ပြောဆိုထားသည့် ပုဂ္ဂိုလ်ရေးအချက် အလက်များအား သက်ဆိုင်ရာအစိုးရအာဏာပိုင်များနှင့် ကမ္ဘောဇဘဏ်နှင့်ပတ်သက်သော အခြားမည်သည့် ပုဂ္ဂိုလ်တို့ကိုမဆို ကမ္ဘောဇဘဏ်မှအခါအားလျော်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိပါသည်။

င။    ငွေချေးယူသူ၏ KBZPay Wallet Account ဖြင့် ငွေလွှဲပြောင်းပေးမှုနှင့်ပတ်သက်သည့် အခြေအနေ အား သုံးသပ်နိုင်ရန် KBZPay Wallet Account ပိုင်ရှင်ဖြစ်သော ငွေချေးယူသူ၏ သတင်းအချက်အလက်များ အား လိုအပ်မည့်အခြားသော ကုမ္ပဏီများထံသို့ တရားဝင် လွှဲပြောင်းပေးရဖွယ်ရှိသည့် နှင့်/သို့မဟုတ် ကမ္ဘောဇ ဘဏ်နှင့် KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူတို့အကြား ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမမှုကြောင်းအရဖြစ်စေ ဖြေရှင်းရမည့် ကိစ္စရပ်များပေါ်ပေါက်လာပါက လိုအပ်လာလျှင် ထိုသတင်း အချက်အလက်များကို လွှဲပြောင်း ပေးရနိုင်ဖွယ်ရှိသည် ဆိုသည်ကို KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူမှ သိရှိနားလည်ပြီးသဘောတူသည်။

စ။    ကမ္ဘောဇဘဏ်သည် ချေးငွေဝန်ဆောင်မှုလုပ်ငန်းအရည်အသွေး ကောင်းမွန်မှု ရှိစေရေးအတွက် မည်သည့်အချိန်တွင်မဆို ငွေချေးယူသူနှင့်ကမ္ဘောဇဘဏ်အကြား ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုကို ကြပ်မတ် စောင့်ကြည့်ခြင်း နှင့်/သို့မဟုတ် မှတ်တမ်းတင်ထားရှိခြင်းတို့အား ပြုလုပ်နိုင်သည်ကို ငွေချေးယူသူမှ သိရှိသဘောတူပါသည်။

ဆ။ ငွေချေးသူကထပ်မံဝန်ခံသည်နှင့်သဘောတူသည်။

အထက်ပါအပိုဒ်(ဒေတာကာကွယ်မှု့နှင့် ထုတ်ဖော်ခြင်းဆိုင်ရာ သတင်းအချက်အလက်) တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအပြင် ငွေချေးယူသူ၏ သတင်း အချက်အလက် (ငွေချေးယူသူ၏ ဆက်သွယ်ရန်အချက်အလက်များအပါအဝင်)များကို ကမ္ဘောဇဘဏ်မှ ၎င်း၏ အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှု့များအား အသိပေးရန်နှင့် ရောင်းချရန်အတွက် ကမ်းလှမ်းရာတွင် အသုံးပြုနိုင်မည်ကို ငွေချေးယူသူအနေဖြင့် သိရှိသဘောတူပြီး ငွေချေးယူသူအနေဖြင့်လည်း ထိုဝန်ဆောင်မှု နှင့်ပတ်သက်သော သတင်းအချက် အလက်များကို အတိအလင်းဆက်သွယ်တောင်းခံနိုင်မည်ဖြစ်သည်။

ဇ။ ငွေချေးယူသူသည် ၎င်း၏လိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်ရှင်အမည်၊ အီးမေးလ်လိပ်စာနှင့် မှတ်ပုံတင်များတွင် အပြောင်းအလဲရှိပါက ဘဏ်သို့ချက်ချင်းအကြောင်းကြားရန်သဘောတူသည်။

ဈ။ ငွေချေးယူသူသည် ဘဏ်၌ သူ/သူမ၏အသေးစိတ်အချက်အလက်များကို မိတ္တူကူးယူနိုင်ရန် စာရေး၍တောင်းဆိုနိုင်သည်။ ထိုတောင်းဆိုမှုအတွက် အခကြေးငွေပေးရမည်။

ည။ ငွေချေးယူသူသည် ကမ္ဘောဇဘဏ်မှ ချေးငွေရယူခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့နှင့်သက်ဆိုင် သည့် ချေးငွေဆိုင်ရာသတင်းအချက်အလက် များ၊မှတ်တမ်းများ၊ ဘဏ်စာရင်းဆိုင်ရာအချက်အလက်များ စသည့် မည်သည့်သတင်းအချက်အလက်များကိုမဆို ချေးငွေလျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်အရသော်လည်းကောင်း၊စည်းမျဉ်းဆိုင်ရာ လိုအပ်ချက်အရသော်လည်းကောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊မြန်မာ့ချေးငွေသတင်း အချက်အလက်ဌါန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပေးပို့ရန်ညွန်ကြားလာသော အဖွဲ့အစည်းများထံသို့ ဖုန်း၊အီးမေးလ်၊စာတိုပေးပို့ခြင်း (သို့) အခြားဆက်သွယ်ရေးလမ်းကြောင်းများအသုံးပြုပြီး ကျွန်တော်တို့၏ခွင့်ပြုချက် တောင်းခံရန်မလိုဘဲ လုပ်ငန်းလိုအပ်ချက်အတိုင်း အလျဉ်းသင့်သလိုဘဏ်မှ အသိပေးထုတ်ပြန်နိုင်သည်ဟု သဘောတူပါသည်။

၈။ ကြော်ငြာခြင်း

အချို့သော KBZPay Wallet Account ပိုင်ရှင်များ၏ အကျိုးကိုဖြစ်ထွန်းစေမည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများအား ကမ္ဘောဇဘဏ်ကကြော်ငြာနိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်သည် ငွေချေးယူသူအတွက် ကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း၊ အပ်နှင်းခြင်းခံရသူအဖြစ်လည်းကောင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ၊ ဥပဒေကခွင့်ပြုထားသည့် အတိုင်းအတာအထိ ထိုသို့သောဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများအတွက် သက်ဆိုင်ရာ Merchant နှင့် လွှဲပြောင်းမှုဆိုင်ရာစီမံခန့်ခွဲမှု ကိုပြုလုပ်နိုင်သည်။ ထိုသို့ သော ဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုများအားဝယ်ယူသွားသည်ဆိုလျှင် ထိုသို့သောလွှဲပြောင်း ပေးပို့ရမှု အတွက် ကမ္ဘောဇဘဏ်သည် သက်ဆိုင်ရာ Merchant ထံမှ ဝန်ဆောင်ခ၊ အခကြေးငွေ ရရှိရမည်ဆိုသည်ကို ငွေချေးယူသူကသိရှိနားလည်ထားရမည်ဖြစ်သည်။ ဝယ်ယူသွားသည့် ဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုသည် မိမိ၏သဘောဆန္ဒအလျောက်သာလျှင် ဖြစ်သည်။

၉။   အခွန်အခ

ဤသဘောတူညီချက်ပါ ချေးငွေနှင့်ပတ်သက်၍ ပေးဆောင်ရမည့် သက်ဆိုင်ရာအခွန်အခများအား ပေးဆောင် ရန်အတွက် ငွေချေးယူသူ တစ်ဦးတည်းသာလျှင်တာဝန်ရှိမည်ဖြစ်သည်။ အကယ်၍ သက်ဆိုင်ရာဥပဒေအရ ကမ္ဘောဇဘဏ်အနေဖြင့် ကျသင့်ငွေကိုကောက်ခံပြီး သက်ဆိုင်ရာအာဏာပိုင်တို့ထံသို့ ထိုသို့သော ပေးချေမှု မျိုးကိုပြုလုပ်ရမည်ဆိုပါက ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account တွင် ကြွေးစာရင်း ဖော်ပြီး ထိုအတိုင်းဆောင်ရွက်ရမည်ဖြစ်သည် သို့မဟုတ် ငွေချေးသူထံ မှ ကြိုတင် ကောက်ခံနိုင်သည်။

၁၀။ ချေးငွေရှင်းတမ်း

ငွေချေးယူသူသည် ၎င်းတို့၏ KBZPay Wallet Mobile Application တွင် ချေးငွေရှင်းတမ်းကို ကြည့်ရှု နိုင်သည်။ ထိုရှင်းတမ်းအတွင်း ပြန်လည်ပေးဆပ်ပြီးဖြစ်သော ငွေပမာဏ၊ ပေးချေမှုကာလ၊ ပေးဆပ်ရန် ကျန်ရှိငွေပမာဏနှင့် လစဉ်ပေးဆပ်ရမည့်ရက်စေ့ရောက်သည့်နေ့များအား ဖော်ပြပေးထားသည်။

၁၁။ ပြန်လည်ပေးဆပ်မှု

က။   အတိုးနှုန်း၊ လျှောက်လွှာပုံစံကြေး၊ ကျသင့်ငွေများနှင့် စည်းကမ်းသတ်မှတ်ချက်များအား KBZ Pay က စိစစ်ပြင်ဆင်ပိုင်ခွင့်ရှိသည်ကို ငွေချေးယူသူက သဘောတူသည်။

ခ။    KBZPay Wallet Mobile Application တွင်ဖော်ပြပေးထားမည်ဖြစ်သော ပေးဆပ်ရန်ရက်စေ့ရောက် သည့်နေ့မတိုင်မီ သို့မဟုတ် စေ့ရောက်သည့်နေ့တွင် ငွေချေးယူသူက ပေးဆပ်ရမည့်ပမာဏကို ပေးဆပ်ရမည် ဖြစ်သည်။ ပေးဆပ်မှုအားလုံးကို KBZPay Wallet account မှတဆင့် ငွေချေးယူသူမှ ရွေးချယ်ထားသော ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းခြင်းဖြင့် ပေးဆပ်မှုပြုလုပ်ရမည်ဖြစ်သည်။

ဂ။    ပေးဆပ်ရမည့်နေ့ရက်မစေ့ရောက်မီတွင် ငွေချေးယူသူသည် မိမိတစ်ဦးတည်းသဘောဖြင့် ပေးဆပ်ရမည့် ကမ္ဘောဇဘဏ်ကို ရွေးချယ်နိုင်သည်။

ဃ။   ချေးငွေရှင်းတမ်းးတွင် ထည့်သွင်းပေးထားသည့် မြီစားစာရင်းပေးချေရမည့် ပမာဏအား ငွေချေးယူသူ၏ KBZPay Wallet Account၊ KBZ Bank account   မှ တိုက်ရိုက်နှုတ်ယူခွင့်ကို ငွေချေးယူသူက ကမ္ဘောဇဘဏ်အား ခွင့်ပြုပေးရန်အတွက် ကမ္ဘောဇဘဏ်သည် ၎င်း၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ရမည်။

င။ ပေးချေမှုပြုလုပ်သည့်အချိန်တွင် KBZPay Wallet Account စာရင်းပိုင်ရှင်ဖြစ်သူက မိမိတို့ ကမ္ဘောဇဘဏ်အား ပြန်လည်ပေးဆပ်မှုအတွက်ညွှန်ကြားချက်ပေးခြင်းများ ရှိလင့် ကစား KBZPay Wallet Account ငွေစာရင်းပိုင်ရှင်ထံမှ ကမ္ဘောဇဘဏ်ကရသော မည်သည့်ပေးချေမှု သို့မဟုတ် ပေးချေမှုအားလုံးအတွက်ကိုမဆို အခ/ကုန်ကျစရိတ်ရှိသည်ဆိုလျှင် ယင်းတွင် ဦးစွာထည့်သွင်းပြီး နောက် အတိုး၊ ပေးချေရမည့်မူလချေးငွေ ပြန်လည်ပေးဆပ်မှုအဖြစ်လက်ခံရယူသွားမည်ဖြစ်သည်။

စ။  ငွေချေးယူသူသည် ချေးငွေပြန်လည်ပေးဆပ်ရာတွင် ပေးဆပ်ရမည့်ပမာဏထပ်ပို၍ ပေးဆပ်နိုင်ပါသည်။ ထိုသို့ ပို၍ပေးဆပ်သောပမာဏအား ချေးငွေသက်တမ်းလျော့ချခြင်းဖြင့် နောက်လာမည့် အရစ်ကျပေးဆပ်ခြင်းများအား အကျိုးသက်ရောက်စေမည်။

ဆ။ မည်သို့ပင်ဆိုစေကာမူ ဘဏ်အနေဖြင့် ငွေချေးယူသူမှ မည့်သည့်ကြွေးကျန်များအတွက်မဆို ပေးချေသော မည်သည့် လစဉ်ပေးချေမှု အပေါ်ထပ်တိုးပေးချေမှု နှင့်/သို့ လုံခြုံစိတ်ချအပ်ငွေ / ကနဦးပေးချေမှု အပေါ်တွင် ချိန်ညှိနိုင်ရန် အခွင့်အာဏာရှိသည်။

၁၂။ နောက်ကျကြေး

က။   ချေးငွေရှင်းတမ်းတွင် ဖော်ပြထားသည့် ပေးဆပ်ရမည့်ရက်စေ့ရောက်သည့်နေ့တွင် ပေးဆပ်မှု အား ကမ္ဘောဇဘဏ်ကလက်ခံရရှိခြင်းမရှိလျှင် ကမ္ဘောဇဘဏ်ကသတ်မှတ်ဆုံးဖြတ်သည့်အတိုင်း နောက်ကျကြေး ကို ကောက်ခံသွားမည်ဖြစ်သည်။ လက်ရှိအားဖြင့် နောက်ကျကြေးကို ငွေချေးယူသူ၏ ပျက်ကွက်မှုနှင့် သက်ဆိုင်ရာအခွန် (ရှိသည်ဆိုလျှင်) အတွက် တစ်ကြိမ်လျှင် ၂၀၀၀ ကျပ်အား ပုံသေသတ်မှတ်ထားသည်။ နောက်ကျကြေးကောက်ခံမှုသည် ကမ္ဘောဇဘဏ်၏တစ်ဦးတည်း ဆုံးဖြတ်ချက်အရ ကွဲပြားသွားမည်ဖြစ်ပြီး အလားတူကွဲပြားခြားနားမှုကို ငွေချေးယူသူထံသို့ အချိန်နှင့်အမျှ အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။

ခ။    နောက်ကျကြေးကို တစ်နှစ်လျှင် ၁၂% ဖြင့် တွက်ချက်သွားမည်ဖြစ်ပြီး ကြွေးကျန် ပေါ်နေသည့် လစဉ်ပြန်လည်ပေးဆပ်ရမည့် ငွေပမာဏအား ပေးဆပ်မှုမပြုလုပ်မချင်း နောက်ကျကြေးအား နေ့စဉ် တွက်ချက် ကောက်ခံသွားမည် ဖြစ်သည်။

ဂ။    ငွေချေးယူသူက လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှုအတွက် KBZPay Wallet Account မှတဆင့် အရစ်ကျငွေပမာဏအား ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းမှု ပြုလုပ်ခဲ့သော်လည်း ငွေချေးယူသူ၏ KBZPay Wallet Account မှ မည်သည့်ပမာဏကိုမဆို ဖြတ်တောက်ခြင်းမပြဘဲ ငွေလွှဲပြောင်းမှု ပျက်ပြား သွားသည့် အတွက် အကျိုးဆက်အနေဖြင့် ပေးချေရန်ရက်စေ့ရောက်သည့်နေ့တွင် ပေးချေရမည့် ပမာဏကို ကမ္ဘောဇဘဏ်က ရရှိခြင်းမရှိဟုဆိုလျှင် ငွေချေးယူသူက KBZPay Wallet Account မှတစ်ဆင့် ပေးချေရန် နောက်ထပ်ကြိုးပမ်းမှုပြုလုပ်သည်ဖြစ်စေ၊ ပြုလုပ်ခြင်း မရှိသည်ဖြစ်စေ ဤအပိုဒ် ၁၂ အရ ကမ္ဘောဇဘဏ် သည် နောက်ကျကြေးကောက်ခံပိုင်ခွင့်ရှိသည်။

ဃ။   အပိုဒ် ၁၂။ ဂ။ ကိုမထိခိုက်စေဘဲ ငွေချေးယူသူက လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှုအတွက် KBZPay Wallet Account မှတဆင့် အရစ်ကျငွေပမာဏအား ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းမှု ပျက်ပြားသွားသော်လည်း ငွေချေးယူသူ၏ KBZPay Wallet Account မှ သက်ဆိုင်ရာပမာဏကို ဖြတ်တောက် သွားသည်ဆိုလျှင် ကမ္ဘောဇဘဏ်မှ ငွေချေးယူသူ၏ KBZPay Wallet Account သို့ ထိုသို့ငွေလွှဲပြောင်းမှု ပျက်ပြယ်ပြီးသည်နောက် အလုပ်ဖွင့်ရက်(၇)ရက်အတွင်း သို့မဟုတ် ကမ္ဘောဇဘဏ်၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်သည့် ပိုမိုရှည်ကြာမည့်ရက်အတွင်း ပြန်လည်ထည့်သွင်းပေးသွားမည်ဖြစ်သည်။ သို့ရာတွင် ထိုသို့သော ပျက်ပြယ်သွားသည့်ငွေလွှဲပြောင်းမှု သို့မဟုတ် မည်သည့်ပေးရန်ပမာဏမဆိုအား ပြန်လည် ထည့်သွင်းပေးခြင်း/ကြွေးဖော်ခြင်းများအတွက် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။

၁၃။ ကြိုတင်ငွေပေးချေခြင်း

ဇယား(က)တွင် ဖော်ပြထားသော အသေးစိတ်အချက်အလက်များအရ ငွေချေးယူသူမှ ရရှိသောချေးငွေများကို ကြိုတင်ငွေပေးချေခြင်းနှင့် တစ်စိတ်တစ်ပိုင်း ကြိုတင်ငွေပေးချေခြင်းဆိုင်ရာ  အခကြေးငွေများအားလုံးသည် သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ငွေချေးယူသူမှ နားလည်ပြီး သဘောတူသည်။

၁၄။ ဖျက်သိမ်းခြင်း

က။   ငွေချေးယူသူဘက်မှဖျက်သိမ်းခြင်း – ငွေချေးယူသူသည် ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသား အကြောင်းကြားပြီး မည်သည့်အချိန်တွင်မဆို ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီး၊ ငွေရင်း၊ အတိုး၊ စရိတ်စကနှင့် အခြားသောအခကြေးငွေများအပါအဝင် ကြွေးကျန်အားလုံးကို ပေးဆပ်၍ ဤသဘောတူညီချက်ကို ရပ်စဲနိုင် သည်။ ထိုသို့သဘောတူညီချက်အား ရပ်စဲရာတွင် ငွေချေးယူသူ၏ KBZPay Wallet Account နှင့် သက်ဆိုင် သည့် စုစုပေါင်းကြွေးကျန်အားလုံးကို ပေးချေမှုအား ကမ္ဘောဇဘဏ်က ရရှိပြီးနောက်မှသာလျှင် ရပ်စဲခြင်းသည် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ မည်သို့ဖော်ပြစေကာမူ၊ ငွေချေးယူသူသည် သဘောတူစာချုပ် သက်တမ်းမပြည့်မီ ချေးငွေအားစောလျင်စွာပေးဆပ်လိုပါက ချေးငွေပေးဆပ်မှုကာလ (၆)လ ပြည့်ပြီးမှ သာလျှင် ပေးဆပ်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ခ။    ကမ္ဘောဇဘဏ်ဘက်မှဖျက်သိမ်းခြင်း – ကမ္ဘောဇဘဏ်သည် ငွေချေးယူသူသို့ အကြောင်းကြားစာကို ပို့ပြီးသည်နှင့် ချက်ချင်းဤသဘောတူညီချက်ကိုရပ်စဲနိုင်သည် သို့မဟုတ် မည်သည့်အချိန်တွင်မဆို KBZPay ချေးငွေ ဝန်ဆောင်မှုအား အသုံးပြုမှုကိုကန့်သတ်နိုင်သည်။ ကမ္ဘောဇဘဏ်က ဤသဘောတူညီချက်အား ရပ်စဲသည်ဆိုလျှင် ငွေချေးယူသူ၏ KBZPay Wallet Account နှင့်သက်ဆိုင်သည့် စုစုပေါင်း ကြွေးကျန် အားလုံးသည် ချက်ချင်းရက်စေ့ရောက်မည်ဖြစ်ပြီး ချက်ချင်းပေးချေမှု ပြုလုပ်ရမည် ဖြစ်သည်။

၁၅။ ပျက်ကွက်မှုဖြစ်စဉ်

က။ အောက်တွင်ဖော်ပြထားသည့်အတိုင်း ပျက်ကွက်မှုဖြစ်စဉ်ဖြစ်ပေါ်သည်ဆိုလျှင် ငွေချေးယူသူ ၏ KBZPay Wallet Account နှင့်ပတ်သက်ပြီး ပေးဆပ်ရန်ရှိသည့် ကြွေးကျန်စုစုပေါင်းသည် ချက်ချင်း ပေးချေရန် ရက်စေ့ရောက်မည်ဖြစ်ပြီး ဘဏ်သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ငွေချေးယူသူ၏ KBZPay Wallet Account ကို ရပ်စဲပိုင်ခွင့်ရှိကာ အောက်ပါ အတိုင်းဆောင်ရွက်ပိုင်ခွင့်ရှိသည် –

o   KBZPay Wallet Account ပိုင်ရှင် ပေးချေရမည်ဖြစ်သော စုစုပေါင်းကြွေးကျန်ကို ကောက်ခံရန်အတွက် ကြွေးမြီကောက်ခံရေးဌာနဖြစ်သည့် အခြားသောအုပ်စုနှင့် ဆက်သွယ်ခြင်း

o   မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသည်နှင့်အညီ ပေးရန်ရှိသည့်ပမာဏအား ပေးဆပ်မှုမရှိသည့်ကိစ္စနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို အစီရင်ခံခြင်း၊ တရားရေးစရိတ်အပါအဝင် ကမ္ဘောဇဘဏ်မှကျခံရမည့် အထက်ဖော်ပြပါ ကိစ္စရပ်ကို ဆောင်ရွက်ရခြင်းကြောင့်ပေါ်ပေါက်လာရသော ကျိုးကြောင်းဆီလျော်မှု ရှိသော ကုန်ကျစရိတ်နှင့်အသုံးစရိတ်အားလုံးသည် ငွေချေးယူသူ၏ KBZPay Wallet Account နှင့်သက်ဆိုင်သည့် ပေးရန်ရှိသည့် ကြွေးကျန်စုစုပေါင်း၏ အစိတ်အပိုင်းဖြစ်ခြင်း

ခ။  ဤသဘောတူညီချက်အတွက် အောက်ဖော်ပြပါဖြစ်စဉ်များအား “ပျက်ကွက်မှု” ဖြစ်စဉ်ဟု မှတ်ယူရမည် ဖြစ်သည် –

o   ချေးငွေပေးဆပ်မှုပြုလုပ်ရမည့် မည်သည့်ပမာဏကိုမဆို ပေးချေရမည့် ရက်စေ့ရောက်သည့် နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ပေးချေရန်ပျက်ကွက်ခြင်း

o   ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များအားလိုက်နာ ရန်ပျက်ကွက်ခြင်း

o   တိုက်ရိုက်မြီစားဆိုင်ရာညွှန်ကြားချက်များ၊ e-mandate သို့မဟုတ် အခြားသော ပေးချေမှု များ နှင့်/သို့မဟုတ် ငွေချေးယူသူလျှောက်ထားသည့် ကမ္ဘောဇဘဏ်သို့ ပေးအပ် ထားသော မည်သည့်ပေးချေမှုဆိုင်ရာအမြဲတမ်းအမိန့်ကိုမဆို လေးစားလိုက်နာမှု မရှိခြင်း

o   ငွေချေးယူသူ၏ KBZPay Wallet Account နှင့်ပတ်သက်ပြီး ငွေချေးယူသူကပေးအပ်သည့် မည်သည့်သတင်းအချက်အလက်မဆိုသည် မှားယွင်းပြီး လမ်းလွဲသွားခြင်း

o   ငွေချေးယူသူနှင့်ကမ္ဘောဇဘဏ်အကြားရှိနိုင်သည့် အခြားသော မည်သည့်သဘောတူညီချက် ကိုမဆို ဖောက်ဖျက်ခြင်း

o   ငွေချေးယူသူအတွက် လူမွဲစာရင်းကြေညာပေးရန်လျှောက်ထားမှုကို ထုတ်ပြန် လိုက်ခြင်း သို့မဟုတ် မည်သည့်မြီရှင်ကမဆို ငွေချေးယူသူ၏မည်သည့် ပိုင်ဆိုင်ပစ္စည်းမဆိုအား သိမ်းပိုက်ရန် မည်သို့သောကြိုးပမ်းမှုကိုမဆိုပြုလုပ်ခြင်း

ဂ။    မည်သည့်ပျက်ကွက်မှုဖြစ်စဉ်နှင့်မဆို ဆက်နွယ်ပြီး သက်ဆိုင်ရာဥပဒေအရ ကမ္ဘောဇဘဏ်ကရွေး ခြယ်သော မည်သည့်တရားစီရင်ပိုင်ခွင့်နယ်တွင်မဆို မည်သည့်တရားစွဲဆိုမှုသာဖြစ်သည်ဟု ကန့်သတ်ထားမှု မရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်သည့်၊ ကမ္ဘောဇဘဏ်ကလျော်ကန် သင့်မြတ်သည်ဟုယူဆသည့် မည်သည့်ဆောင်ရွက်ချက်ကိုမဆို ငွေချေးယူသူအပေါ်သို့ ကမ္ဘောဇဘဏ်အနေဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ဃ။   အထက်တွင်ဖော်ပြထားမှုများအား ထိခိုက်မှုမရှိစေဘဲ၊ ပျက်ကွက်မှုဖြစ်စဉ်ပေါ်ပေါက်ပြီ ဆိုသည်နှင့် ကမ္ဘောဇဘဏ်သည် ၎င်းတစ်ဦးတည်း၏ဆုံးဖြတ်ချက်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည် –

o    ပျက်ကွက်မှုဖြစ်သည့် KBZPay Wallet Account ပိုင်ရှင်အား ပေးထားသည့် မည်သည့် ဝန်ဆောင်မှု ကိုမဆို ပေးရန်ငြင်းဆိုခြင်း သို့မဟုတ် မည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို ရပ်စဲခြင်း

o    ကမ္ဘောဇ ဘဏ် နှင့် KBZPay တို့က ဆောင်ရွက်လျက်ရှိသော မည်သည့်ငွေစာရင်း၊ wallet သို့မဟုတ် အခြားငွေပေးချေမှုလုပ်ငန်းများ တွင်ပေါ်နေသော မည်သည့် ကြွေးကျန်ကိုမဆို KBZPay ကတိုက်ရိုက်မြီစားအဖြစ်ဆောင်ရွက်ခြင်း KBZPay အနေဖြင့် KBZ ဘဏ် နှင့် KBZPay တို့တွင် ဆောင်ရွက်လျက်ရှိသော မည်သည့်ငွေစာရင်း၊ wallet သို့မဟုတ် ငွေပေးချေခြင်းအတွက် အသုံးပြုသည့် အခြား platform ပေါ်တွင်ရှိသည့် လက်ကျန်ငွေပမာဏမှ တိုက်ရိုက်နှုတ်ယူနိုင်ခြင်း။

င။    ပျက်ကွက်မှုဖြစ်သည့် KBZPay Wallet Account ပိုင်ရှင်၊ ငွေချေးယူသူသည် ဘဏ်၏ဝန်ထမ်းဖြစ်သည်ဆိုပါက ပျက်ကွက်မှုဖြစ်စဉ်ဖြစ်ပေါ်သည်နှင့် ကမ္ဘောဇဘဏ်သည် မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့်                 (၁) ထိုဝန်ထမ်း ချေးငွေ ပေးချေရန်ရှိသော မည်သည့်ပမာဏအတွက်မဆို (ဝန်ထမ်း၏ရပိုင်ခွင့်အဖြစ် သတ်မှတ်ထားသည့် လစာ၊ အခ၊ ဝန်ဆောင်ခ၊ ဆုကြေး၊ အကျိုးအမြတ် သို့မဟုတ် အခြားသော ရပိုင်ခွင့်ဟု သတ်မှတ်ထားသည့် မည်သည့် ခေါင်းစဉ်အောက်မှမဆို) နှုတ်ယူခွင့်ရှိခြင်း (၂) ထိုသို့နှုတ်ယူရာတွင် သက်ဆိုင် ရာ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေနှင့်အညီ ချေးငွေ ပမာဏပေါ်တွင် ရှိနေသော စုစုပေါင်းကြွေးကျန် ပမာဏအား နှုတ်ယူခွင့်ရှိပြီး ထိုနှုတ်ယူလိုက်သောပမာဏကို  KBZPay သို့ လွှဲပြောင်းပေးခြင်းအား ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

စ။ ကမ္ဘောဇဘဏ်လီမိတက်မှ အရစ်ကျသုံးစွဲခွင့်ပြုသည့် ‌ချေးငွေအရင်းနှင့် ကျသင့်သော အတိုးများကို ချေးငွေရယူထားသူမှ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သဖြင့် တရားစွဲဆိုတောင်းခံရသော ကိစ္စများပေါ်ပေါက်လာပါက တရားစွဲဆိုမှုကုန်ကျမည့် စရိတ်များအတွက် ငွေချေးယူသူတွင် တာဝန်ရှိကြောင်းကို သိရှိသဘောတူပါသည်။

ဆ။ ချေးငွေရယူထားသူသည် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီ၊ ငွေရင်း၊ အတိုး၊ စရိတ်စကနှင့် အခြားအခကြေးငွေများအပါအဝင် ကြွေးကျန်အားလုံးကို ချေးငွေရယူထားသူ၏ အမွေစားအမွေခံများ၊ ကိုယ်စားလှယ်လွှဲအပ်ထားသူများနှင့် ဆက်ခံသူတစ်ဦးဦးထံမှ တောင်းခံမည်ကို သိရှိသဘောတူပါသည်။

ဇ။ အောက်ဖေါ်ပြပါ အခြေအနေများထဲမှ တစ်ချက် (သို့မဟုတ်) တစ်ချက်ထက်ပို၍ ဖြစ်ပေါ်ပါက ကမ္ဘောဇဘဏ်အနေဖြင့် ငွေချေးယူသူမှ ပေးဆပ်ရန်ကျန်ရှိသေးသည့် ချေးငွေအားလုံးနှင့်အတူ ပေးချေခြင်းမပြုရသေးသည့်ချေးငွေလက်ကျန်အပြည့်အဝကို ကျသင့်ငွေများ၊ အခများ၊ ဒဏ်ကြေးများ၊ အတိုးများနှင့် အရင်းများကို ချေးငွေသက်တမ်းစေ့ရောက်ခြင်းမရှိမီ တောင်းခံပိုင်ခွင့်ရှိသည်။

(က) ချေးငွေယူသူမှ ဤသဘောတူညီချက်နှင့်အညီ ပေးဆပ်ရန်ကျန်ရှိသေးသော ချေးငွေပမာဏအား ပေးဆပ်မှု မပြုလုပ်ခြင်း၊

(ခ) ချေးငွေယူသူမှ ဤသဘောတူညီချက်အတိုင်း လိုက်နာရမည့် ၎င်း၏တာဝန်များအား မလိုက်နာခြင်း၊

(ဂ) ဤသဘောတူညီချက်အရ ချေးငွေယူသူအတွက် သတ်မှတ်ထားသော ကိုယ်စားပြုမှု၊ အာမခံချက် (သို့) ထုတ်ပြန်ချက်များ ကို မမှန်မကန်တင်ပြခြင်း (သို့)လွဲမှားစွာတင်ပြခြင်း။

၁၆။ တိုက်ရိုက်မြီစားညွှန်ကြားချက်ကို အလေးမထားခြင်း

ငွေချေးယူသူသည် ပမာဏအပြည့်အဝကိုအလေးထားခြင်းမရှိဘဲ မည်သည့်တိုက်ရိုက်မြီစားပေးချေမှုမျိုးကို မဆို ကမ္ဘောဇဘဏ်သို့လွှဲပေးသည်ဖြစ်စေ သို့တည်းမဟုတ် ထိုသို့သောလွှဲပြောင်းမှုကိုဖြစ်ပေါ်စေသည် ဖြစ်စေ ထိုသို့သော ပေးချေမှုတစ်ခုစီအတွက် ဌာနတွင်းအုပ်ချုပ်မှုစရိတ်ကိုကာမိစေရန်ဆောင်ရွက်သည့် အနေဖြင့် သင့်တင့်လျောက်ပတ်သည့်ပမာဏကို ကမ္ဘောဇဘဏ်က ငွေစာရင်းပိုင်ရှင်အားကျခံစေနိုင်သည်။ ထို့အပြင် သက်ဆိုင်ရာဥပဒေများအရ ကမ္ဘောဇဘဏ်သည် ငွေချေးယူသူအား သင့်တော်သလို အရေးယူဆောင် ရွက်ပိုင်ခွင့်ရှိသည်။ လက်ရှိအားဖြင့် ငွေလွှဲ ပြောင်းမှုတစ်ခုချင်းစီအတွက် ကောက်ခံသည့် အခမှာ ကျပ် ၂၀၀၀/ ဖြစ်သည်။ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ငွေပေးချေမှုများ အပေါ်တွင် အခကြေးငွေ ကောက်ခံမှုကို ကမ္ဘောဇဘဏ်မှ အချိန်နှင့် တပြေးညီ ပြောင်းလဲနိုင်သည်။

၁၇ ။ ငွေချေးသူသေဆုံးခြင်း

ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ငွေပေးချေခြင်းသည် လိုအပ်သောငွေပမာဏနှင့် မပြည့်မှီပါက ကမ္ဘောဇဘဏ် အား ငွေချေးယူသူ သေဆုံးခြင်းအတွက် ရထိုက်ခွင့်ရှိသည့် အာမခံငွေဖြင့် ပြန်လည်ပေးရမည်ဖြစ်သည်။ (ထိုကိစ္စရပ်မျိုးတွင် ကမ္ဘောဇဘဏ်မှသည် ငွေချေးယူသူကိုယ်စား အကျိုးခံစားခွင့်ရှိသူအဖြစ် ကိုယ်စားပြုသည်)။

၁၈။   ရပ်စဲခြင်း    

အကြောင်းပြချက်တစ်စုံတစ်ရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကမ္ဘောဇဘဏ်သည် ဘဏ်၏ချေးငွေ ဝန်ဆောင်မှုအား ငွေချေးယူသူကအသုံးချပိုင်ခွင့်ကို ရပ်စဲနိုင်သည်။ ကမ္ဘောဇဘဏ်အနေဖြင့်ထိုသို့ရပ်စဲမှုကို ပြုလုပ်သည်ဆိုပါက ဤသဘောတူညီချက်အရလည်းကောင်း၊ သက်ဆိုင်ရာဥပဒေအရ လည်းကောင်း မည်သည့် အခွင့်အရေးကိုမျှ ဆုံးရှုံးမှုမရှိစေရ။

၁၉။ ကြွေးမြီလွှဲပြောင်းခြင်း

ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ ကြွေးကျန်စာရင်းနှင့်ရက်စေ့ရောက်နေပြီဖြစ်သော ကြွေးမြီများအား တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ငွေချေးယူသူဟုသာ ကန့်သတ်ထားမှုမရှိဘဲ ကမ္ဘောဇဘဏ် ကရွေးချယ်သည့် မည်သည့်အခြားသောအုပ်စုထံသို့မဆို လွှဲပြောင်းခြင်း၊ တာဝန်ပေးခြင်းနှင့် မည်သည့်နည်းလမ်းဖြင့်မဆို ရောင်းခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ထိုသို့ရောင်းချမှု၊ တာဝန်ပေးအပ်မှု သို့မဟုတ် လွှဲပြောင်းပေးမှုများရှိနေလင့်ကစား၊ ကမ္ဘောဇဘဏ်သည် ထိုသို့သော ဝယ်ယူသူ၊ တာဝန်ပေးခြင်း ခံရသူ၊ မြီရှင် နှင့် ပူးတွဲ၍ဖြစ်စေ၊ သီးခြားစီဖြစ်စေ ငွေချေးယူသူထံမှကြွေးကျန် များအား ပြန်လည်ရရှိနိုင်ရေး အတွက် ငွေချေးယူသူအား တိုက်ရိုက်တရားစွဲနိုင်ခွင့်ရှိသည်။

၂၀။ ပြုပြင်မွမ်းမံခြင်း

ကမ္ဘောဇဘဏ်သည် ဤသဘောတူညီချက်ပါ ချေးငွေနှင့်ပတ်သက်၍ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲပိုင်ခွင့်ရှိပြီး KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူအား ပေးထားသည့် မူဝါဒ၊ သွင်ပြင်လက္ခဏာနှင့် အကျိုးအမြတ်များ အား သက်ဆိုင်ရာဥပဒေအရ ငွေချေးယူသူထံသို့ အသိပေးပြီး မည်သည့်အချိန်တွင်မဆို ပြင်ဆင်ပိုင်ခွင့်ရှိသည်။ ထိုသို့အသိပေးချက်အား ထုတ်ပြန်ပေးပြီးသည်နောက် ငွေချေးယူသူအနေဖြင့် KBZPay Wallet Mobile Application အား ဆက်လက်၍အသုံးပြုခြင်းသည် ထိုသို့သောအပြောင်းအလဲ ပြုလုပ်ခြင်းကို သဘောတူ သည်ဟု မှတ်ယူရမည်။ ငွေချေးယူသူအနေဖြင့် ဤသဘောတူညီချက်တွင် ပြုလုပ်သည့် မည်သည့် အပြောင်းအလဲကိုမဆို လက်ခံသဘောတူခြင်းမရှိပါက အပိုဒ် ၁၄။ က။ အရ ငွေချေးယူသူအနေဖြင့် ဤသဘောတူညီချက်ကို ရပ်စဲနိုင်သည်။ ငွေချေးယူသူအနေဖြင့် ကျခံရမည်ဖြစ်သော အခအားလုံးအတွက် လည်းကောင်း၊ ဤစာရင်းအရ တာဝန်ရှိသော ကတိကဝတ်များအတွက်လည်းကောင်း KBZPay  ချေးငွေကို ပြီးပြတ်သည်အထိ ရှင်းလင်းပြီးသည်အထိ တာဝန်ရှိမည်ဖြစ်သည်။

၂၁။ ကိုယ်စားပြုခြင်းနှင့်အာမခံခြင်းများ

KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူသည် အောက်တွင်ဖော်ပြထားသည့်အတိုင်း ဤသဘောတူညီချက်ကို လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ကမ္ဘောဇဘဏ် အား ကိုယ်စားပြုပြီး အာမခံသည် –

က။   KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူသည် ဤသဘောတူညီချက်အား လက်မှတ်ရေးထိုးရန် လုပ်ပိုင်ခွင့် အပြည့်အဝရှိသူဖြစ်သည်။

ခ။    ဤသဘောတူညီချက်အား KBZPay Wallet Account ပိုင်ရှင်က လက်မှတ်ရေးထိုး၊ ဆောင်ရွက်၊ အကောင်အထည်ဖော်၊ အထမြောက်အောင် ဆောင်ရွက်ခြင်းသည် မည်သည့်သက်ဆိုင်ရာ ဥပဒေများအရ လည်းကောင်း၊ KBZPay Wallet Account ပိုင်ရှင်ဖြစ်သူက သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်များ နှင့် လည်းကောင်း ဝိရောဓိဖြစ်မှု၊ ချိုးဖောက်မှု၊ သို့မဟုတ် ချိုးဖောက်မှုကိုဖြစ်စေမှု သို့မဟုတ် ပျက်ကွက်မှုကိုဖြစ်စေမှုများမရှိပါ။

၂၂။ ငွေချေးယူသူနှင့်ဆက်သွယ်ခြင်း

က။   ဤသဘောတူညီချက်တွင်ပြုလုပ်သည့် အပြောင်းအလဲများနှင့်ပတ်သက်ပြီး အသိပေး အကြောင်း ကြားမှု အပါအဝင် အသိပေးအကြောင်းကြားမှု၊ ထုတ်ဖော်ပြောဆိုမှုနှင့် အခြားသော ဆက်သွယ်မှု အားလုံး (စုပေါင်း၍ “ဆက်သွယ်မှုများ”) သည် ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းသဘောဖြင့် in-App notifications, text messages (SMS) မှလည်းကောင်း၊ KBZPay Wallet Account နှင့်ဆက်နွယ်ပြီးပေးထားသည့် အီးမေးလ် လိပ်စာမှလည်းကောင်း ငွေချေးယူသူ ထံသို့ဆက်သွယ်သွားမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်ကပြုလုပ်သည့် မည်သည့်ဆက်သွယ်မှုမဆိုသည် အထက်တွင်ဖော်ပြထားသည့် ဆက်သွယ်မှုနည်းလမ်းများအားဖြင့် အီလက်ထရောနစ် နည်းဖြင့်ပြလုပ်ပြီးဆိုသည်နှင့် ထိုဆက်သွယ်မှုကိုဆောင်ရွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည်။

ခ။ ငွေချေးသူ၏ သတင်းအချက်အလက်(နေရပ်လိပ်စာ၊ အလုပ်ဌာန၊ KBZPay Wallet Account ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ ဘဏ်စာရင်း၊ အမျိုးသားမှတ်ပုံတင်အမှတ်) အစရှိသည်တို တစ်စုံတစ်ရာပြောင်းလဲ၊ ပျက်စီး၊ ပျောက်ဆုံးမှုရှိပါက ငွေချေးယူသူသည် ကမ္ဘောဇဘဏ်သို့ ချက်ချင်း အကြောင်းကြားပေးရမည်ကို သိရှိသဘောတူပါသည်။ ငွေချေးယူသူ (သို့) အာမခံသူသေဆုံးခြင်း၊ ရူးသွပ်ခြင်း၊ လူမွဲစာရင်းခံခြင်းတို့ရှိပါက ကမ္ဘောဇဘဏ်သို့ချက်ချင်း အကြောင်းကြားရမည် ဖြစ်သည်။

၂၃။ ဘဏ်၏ရပိုင်ခွင့်များအားစွန့်လွှတ်မှုမရှိခြင်း

ကမ္ဘောဇဘဏ်မှ ဤသဘောတူညီချက်ပါ မည်သည့်အခွင့်အာဏာ သို့မဟုတ် အခွင့်အရေးအား ကျင့်သုံးမှုမရှိခြင်း၊ ကျင့်သုံးရန်နှောင့်နှေးခြင်း သို့မဟုတ် ကျင့်သုံးရန်ပျက်ကွက်ခြင်းသည် ထိုသို့သော အခွင့်အာဏာ သို့မဟုတ် အခွင့်အရေးအားစွန့်လွှတ်ခြင်းဟု မှတ်ယူခြင်းမရှိစေရ။ ထိုသို့သော အခွင့် အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်တစ်ခုချင်းစီကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကျင့်သုံးခြင်း သည် အခြားသော ကျင့်သုံးမှု သို့မဟုတ် မည်သည့်အခွင့်အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်ကို အဟန့် အတားမဖြစ်စေရ။

၂၄။ လျော်ကြေးပေးခြင်းနှင့် တာဝန်ယူမှုကန့်သတ်ချက်

က။   ငွေချေးယူသူဘက်က ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များအား ချိုးဖောက်ခြင်း၊ သို့မဟုတ် ငွေချေးယူသူ၏ KBZPay Wallet Account  ကို အလွဲသုံးစားပြုလုပ်ခြင်း၊ လျစ်လျူရှုခြင်း၊ တလွဲဆောင်ရွက်ခြင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကမ္ဘောဇဘဏ်အနေဖြင့် ကျခံရမည့်၊ ဆုံးရှုံးရမည့်၊ ခံစားရမည့် အပြည့်အဝကျခံပေးရမည့် တရားစရိတ်အပါအဝင် ပျက်စီးမှု၊ တာဝန်ရှိမှု၊ ဆုံးရှုံးမှု၊ ကုန်ကျစရိတ် နှင့် အသုံးစရိတ်များနှင့်စပ်လျဉ်းပြီး ကမ္ဘောဇဘဏ်အား အရေးဆိုခြင်း၊ တောင်းဆိုခြင်း၊ အရေးယူဆောင်ရွက်ခြင်း နှင့် တရားစွဲဆိုခြင်းများ နှင့်/သို့မဟုတ် ဤသဘောတူညီချက်နှင့် စပ်လျဉ်းပြီး ပေါ်ပေါက်လာရသော အခြားသောဆောင်ရွက်ချက်၊ အကြောင်းအရာ သို့မဟုတ် အဖြစ်အပျက်အတွက် ငွေချေးယူသူက ပေးလျော်ရမည်ဖြစ်ပြီး မိမိတို့အား အပြည့်အဝ လျော်ကြေးပေးရမည်။

ခ။    KBZPay ချေးငွေဝန်ဆောင်မှုအား အသုံးပြုခြင်းကြောင့်ဖြစ်စေ၊ မအောင်မြင်သော ငွေလွှဲပြောင်းမှု၊ Application ကျသွားမှု၊ လုပ်ပုံမှားယွင်းမှု၊ ကွန်ယက် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အလုံးစုံပျက်စီးမှု၊ အချက်အလက်ထုတ်ယူမှုစနစ် ချွတ်ယွင်းမှု၊ ကွန်ပျူတာတာဆက်သွယ်မှုစနစ် သို့မဟုတ် တယ်လီဖုန်း ဆက်သွယ်မှုစနစ်ချွတ်ယွင်းမှု သို့မဟုတ် အခြားသောအကြောင်းများကြောင့်ဖြစ်စေ၊ ကမ္ဘောဇဘဏ် သို့မဟုတ် အထက်ပါစနစ်များနှင့် ပတ်သက်သည့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမဆို ထိန်းချုပ်နိုင်သည် ဖြစ်စေ၊ ထိန်းချုပ်နိုင်ခြင်းမရှိသည်ဖြစ်စေ ပေါ်ပေါက်လာရသည့် မည်သည့် ပျက်စီးမှု၊ ဆုံးရှုံးမှုကြောင့်မဆို KBZPay Wallet Account  ပိုင်ရှင် အနေဖြင့် မည်သို့ခံစားရသည်ဖြစ်စေ ကမ္ဘောဇဘဏ်တွင် တာဝန်မရှိစေရ။

၂၅။ လွှမ်းမိုးသောဥပဒေ

ဤသဘောတူညီချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများအရ အနက်ဖွင့်ဆိုရမည်။ စာချုပ်ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စီရင်ပိုင်ခွင့်ရှိ တရားရုံးများတွင် မည်သည့်စီရင်ပိုင်ခွင့်တွက်မဆို အပြီးသတ်ဆုံးဖြတ်ချက်ကို ခံရယူရမည်ဖြစ်သည်။

၂၆။ ဆက်လက်အသက်ဝင်ခြင်း

ဤသဘောတူညီချက်ပါ ပြဌာန်းချက်သည် သီးခြားသက်ရောက်မှုရှိသည်။ ဤသဘောတူညီချက်ပါ ပြဌာန်းချက်တချို့သည် ဥပဒေနှင့်မညီခြင်း၊ ခိုင်မာမှုမရှိခြင်း၊ ဥပဒေနှင့်အညီဆောင်ရွက်ရန် အာနိသင် မရှိခြင်းတို့ ဖြစ်ပေါ်လာလျှင် ယင်းပြဌာန်းချက်သာလျှင် ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဌာန်းချက်များသည် ဥပဒေအရခိုင်မာမှု၊ တည်မြဲမှု၊ အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။

၂၇။ Shopper Loan ကိုအသုံးပြု၍ပစ္စည်းဝယ်ယူခြင်း

ငွေချေးယူသူက ချေးငွေကိုအတည်ပြုပြီးပြီဆိုလျှင် ပစ္စည်းအစားထိုးခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်းအတွက် မည်သည့်တောင်းခံမှုမျိုးကိုမဆို Merchant ထံတွင် တိုက်ရိုက်မှတ်ပုံတင်၍ ပြုလုပ်ရမည်။ ချေးငွေထုတ်ပေးခြင်းအား Merchant ထံသို့ပြုလုပ်ပေးပြီးပြီဆိုလျှင် ကုန်ပစ္စည်းပေါ်တွင်ဖြစ်သည့် မည်သည့်ပျက်စီးမှုအတွက်မဆို တာဝန်ယူခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ပေးမှု ပြုလုပ်ပေးခြင်း များအတွက် ကမ္ဘောဇ ဘဏ်တွင်တာဝန်မရှိစေရ။

 ၂၈။ ကန့်သတ်မှုသက်တမ်းကုန်ဆုံးခြင်း

Shopper loan အတွက် ကမ္ဘောဇဘဏ်က ငွေချေးယူသူထံသို့ ပေးထားသည့် ကန့်သတ်ချက်သည် စတင် ထုတ်ပေးသည့်နေ့မှ တစ်လအတွင်း ကုန်ဆုံးမည်ဖြစ်သည်။

ဇယား (က)

ပုံစံအခ
လျှောက်လွှာခဘဏ်၏မူဝါဒအတိုင်းဖြစ်သည်။ (ကြိုတင်ပေးသွင်းခြင်းရွေးချယ်ရန်)
နောက်ကျကြေး၂၀၀၀ ကျပ် (လစဉ်ပေးချေရမည့်နေ့တွင်ပေးချေရန်ပျက်ကွက်ခြင်း)
ပျက်ကွက်မှုအတိုး (ငွေချေးယူသူ ၏ပျက်ကွက်မှုကြောင့်ဖြစ်လျှင်)တစ်နှစ်လျှင် ၁၂%
ကြိုတင် ငွေပေးချေခြင်းနှင့် ကြိုတင်အကောင့်ပိတ်သိမ်းခြင်းက။ ချေးငွေရယူပြီးနောက် ၆ လအတွင်း ဆောလျင်စွာစာရင်းပိတ် ခြင်းမပြုရ။ခ။ ချေးငွေအားထုတ်ပေးပြီးနောက် (၆လ နောက်ပိုင်း) ချေးငွေ တင်ကြိုစာရင်းပိတ်လျှင် ကြွေးကျန် အားလုံး၏ အတိုးနှုန်း ၃%ဂ။ လက်ရှိ လစဉ်ကြွေးကျန်ပမာဏထက် ပိုသော မည်သည့် ပေးချေမှုမျိုးကို မဆို  ငွေချေးယူသူမှ  ပေးချေလျှင် အတိုး ၃% ကောက်ခံခြင်း။
အတိုးနှုန်းတစ်နှစ်လျှင် ၁၄.၅%တစ်လလျှင် ၁.၂၁%

အတိုးနှုန်း၊ အခနှင့် နောက်ကျကြေးဆိုင်ရာအသေးစိတ်အချက်အလက်များ

ဤသဘောတူညီချက်ပါ စည်းမျဉ်းစဉ်းကမ်းသတ်မှတ်ချက်များသည် စာချုပ်ပါ သက်ဆိုင်ရာ ပုဂ္ဂိုလ်များသာမက ၎င်းတို့၏ အမွေခံများ၊ ကိုယ်စားလှယ်များ၊ လွှဲအပ်ထားသူများနှင့် ဆက်ခံသူအားလုံးတို့အပေါ်လည်း စည်းနှောင်အကျိုးသက်ရောက်မှုရှိစေရမည်။

ဤသဘောတူညီချက်သည် ချေးငွေရယူထားသူမှ လက်မှတ်ရေးထိုးသည့်နေ့ရက်မှ စတင်၍ အကျိုးသက်ရောက်မည်ဖြစ်ပြီး ချေးငွေပေါင်းစုပမာဏအားလုံးနှင့် ချေးငွေကြိုတင်ပြန်လည်ပေးဆပ်ခြင်း အပေါ် ပေးဆပ်ရမည့်ငွေ(ရှိလျှင်) အားလုံးတို့ကို အပြီးအပြေပေးဆပ်ပြီးသည့်နေ့ရက်အထိ အကျုံးဝင်သက်ဆိုင်မည်ဖြစ်သည်။

KBZPay Personal Loan (ကိုယ်ပိုင်ချေးငွေ)

၁။ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းသတ်မှတ်ချက်

KBZPay ကိုယ်ပိုင်ချေးငွေကို မြန်မာနိုင်ငံသားများအတွက်သာလျှင် ဖော်ဆောင်ပေးထားခြင်း ဖြစ်ပြီး ချေးငွေပြန်လည်ပေးဆပ်မှုအား ငွေချေးယူသူ၏ KBZPay Wallet Account မှတစ်ဆင့် ပေးဆပ် ရမည်ဖြစ်ပါသည်။

KBZPay Wallet Account မှတစ်ဆင့် KBZPay ကိုယ်ပိုင်ချေးငွေအား ရယူမည့် ငွေချေးယူသူသည် ဤချေးငွေဝန်ဆောင်မှုနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အားလုံးအား လိုက်နာပါမည်ဟု ငွေချေးယူသူက သဘောတူညီပါသည်။

၂။ သက်တမ်းကာလ

ချေးငွေသက်တမ်းမှာ ချေးရင်းငွေ စတင်ထုတ်ပေးသည့်နေ့ရက် (     ) မှစ၍ (    ) လ ဖြစ်ပြီး ချေးငွေအများဆုံး ခွင့်ပြုပေးမည့်ပမာဏမှာ (     ) အထိဖြစ်သည်။

 ၃။ အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ

ငွေချေးယူသူအနေဖြင့် အောက်ပါတို့ကိုဆောင်ရွက်ခြင်းမပြုရ –

က။   ငွေချေးယူသူသည် မိမိ၏ KBZPay Wallet Account အား အခြားသူ၏ ချေးငွေလျှောက်ထားနိုင်ရန် အသုံးပြုခွင့်မပေးရ။ အကယ်၍ ပြုလုပ်ခဲ့ပါက ထိုသို့ပြုလုပ်သည့်အတွက်  ပေါ်ပေါက်လာသော ပြန်လည်ပေးဆပ်ရမည့် ချေးငွေပမာဏ၊ အတိုးနှင့် အခကြေးငွေများအားလုံးအတွက် ငွေချေးယူသူမှ တာဝန်ယူ၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ငွေချေးယူသူအနေဖြင့် မိမိ၏ KBZPay Wallet Account အား အခြားသူများကို သုံးစွဲစေခြင်းကြောင့်သော်လည်းကောင်း၊ ငွေချေးယူသူ၏ ပေါ့လျော့မှုကြောင့် ငွေချေးယူသူ၏ KBZPay Wallet Account အား အလွဲသုံးစားပြုလုပ်မှုကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာသော မည်သည့်အကျိုးဆက်အတွက်မဆို ငွေချေးသူနှင့်သာသက်ဆိုင်မည်ဖြစ်ပြီး ဘဏ်တွင် တာဝန်ရှိမည်မဟုတ်ပါ။

ခ။    ငွေချေးယူသူက လူမွဲစာရင်းကြေညာရန်လျှောက်ထားသည်ဆိုလျှင် လူမွဲစာရင်းကြေညာရန် လျှောက်ထားမှုအား ရုပ်သိမ်းခြင်းမရှိဘဲ ချေးငွေရယူခြင်းမပြုရ သို့မဟုတ် ငွေချေးယူသူ၏ မြွက်ဟချက်ကို ရရှိပြီးဖြစ်သော်လည်း ငွေချေးယူသူအနေဖြင့် ပြန်လည်ပေးဆပ်ရမည့် ပမာဏကို အပြည့်အဝ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဟု ငွေချေးယူသူကရိုးသားစွာမျှော်မှန်းထားခြင်း မရှိလျှင် ချေးငွေရယူခြင်းမပြုရ။

ဂ။ ငွေချေးယူသူသည် စက်ပိုင်းဆိုင်ရာအား ဆန့်ကျင်မှုဖြစ်စေခြင်း (သို့မဟုတ်) KBZPay Wallet Mobile Application အား ချေးငွေဝန်ဆောင်မှုလုပ်ငန်းအားပြိုင်ဆိုင်ရန်အတွက် ဒီဇိုင်းထုတ်ခြင်း၊ တုပပြုလုပ်ခြင်း အလားတူညီသည့် သဘောတရားများ၊ အသွင်သဏ္ဍာန်များ၊ လုပ်ငန်းဆောင်ရွက်ခြင်းများအား ပုံစံထုတ်ခြင်း၊ တုပပြုလုပ်ခြင်းများ မဆောင်ရွက်ရပါ။

ဃ။   ငွေချေးယူသူ၏ KBZPay Wallet Account တွင် ကျန်ရှိနေသည့် စုစုပေါင်း ကြွေးကျန်များအား အပြည့်အဝ ပြန်လည်ပေးဆပ်ခြင်း မပြုမီအချိန်အထိ ငွေချေးယူသူ၏ လက်ရှိအသုံးပြုနေသည့် လက်ကိုင်ဖုန်းမှ  KBZPay Wallet Mobile Application ကို ဖျက်လိုက်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းမပြုရ။

င။    ငွေချေးယူသူသည် ကမ္ဘောဇဘဏ်၏ကြိုတင်ခွင့်ပြုချက်မရှိဘဲ ရက်စေ့ရောက်နေပြီဖြစ်သော အရစ်ကျချေးငွေပြန်လည်ပေးဆပ်မှုအတွက် ချေးငွေထုတ်ပေးသည့် ကမ္ဘောဇဘဏ်သို့ ထုတ်ပြန်ပေးထား သော မည်သည့်အမြဲတမ်းညွှန်ကြားချက်များကိုမဆို သို့မဟုတ် ငွေချေးယူသူ လိုက်နာရန် သတ်မှတ်ထားသည့် ချေးငွေပြန်လည် ပေးချေမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များအား ဖျက်သိမ်းခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုရ။

၄။ ငွေချေးယူသူ၏တာဝန်များ

ငွေချေးယူသူမှ ဤသဘောတူညီချက်ပါ ချေးငွေရယူရာတွင် သက်ဆိုင်ရာအခွန်အခများအား ဘဏ်သို့ ပေးချေရန်တာဝန်ရှိပြီး ကမ္ဘောဇဘဏ်ထံမှ ရယူသည့် မည်သည့်ချေးငွေအတွက်မဆို ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ အသုံးပြုသွားမည် ဖြစ်ကြောင်းငွေချေးယူသူမှ ဝန်ခံကတိပြုပါသည်။

၅။ ချေးငွေကန့်သတ်ချက်

က။   ချေးငွေနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ဌာနတွင်း မူဝါဒများ ပေါ်တွင်လည်းကောင်း၊ လျှောက်လွှာ တင်စဉ် ငွေချေးယူသူကဖော်ပြခဲ့သည့် အချက်အလက်များပေါ်တွင် မူတည်၍လည်းကောင်း ချေးငွေပမာဏ ကန့်သတ်ချက်ကို သတ်မှတ်ပေးသွားမည်ဖြစ်သည်။ ငွေချေးယူသူနှင့် ကိုက်ညီသည့် ရရှိနိုင်မည့် ချေးငွေ ပမာဏကန့်သတ်ချက်ကို KBZPay Wallet Mobile Application မှတဆင့် ဖော်ပြပေးသွားမည်ဖြစ်သည်။ ငွေချေးယူသူ လျှောက်ထားသော ချေးငွေအား ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ချေးငွေပမဏတို့အား ကမ္ဘောဇ ဘဏ်၏ ချေးငွေကော်မတီ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပြီး ဘဏ်မှအကြောင်းပြချက် တစုံတရာ မပေးဘဲ ချေးငွေငြင်းပယ်ခြင်းအား ပြုလုပ်နိုင်ပါသည်။

ချေးငွေပမာဏကန့်သတ်ချက်ကိုတိုးမြှင့်ပေးရန် ငွေချေးယူသူမှ မည်သည့်အဆိုပြုမှုကိုမဆို ၄င်း၏ KBZPay Wallet Account  မှတဆင့် တောင်းဆိုလာမှသာလျှင် ကမ္ဘောဇဘဏ်ကစဉ်းစားသုံးသပ် ပေးသွားမည် ဖြစ် သည်။ ထိုသို့တောင်းဆိုမှုအတွက် လိုအပ်သော အထောက်အထားများ၊ အချက်အလက်များအား ငွေချေးယူသူ သို့  ကမ္ဘောဇဘဏ်ကတောင်းခံလာဖွယ်ရှိမည်ဖြစ်ပြီး ရရှိလာသော ထိုအထောက်အထား အချက်အလက်များ အား ကမ္ဘောဇဘဏ်ကသုံးသပ်၍ စဉ်းစားသွားမည်ဖြစ်သည်။ ဘဏ်သည်ဌာနတွင်းသုံးသပ်မှု အပေါ် အခြေပြု ပြီး ထိုသို့သော တောင်းဆိုလာမှုကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ငွေချေးယူသူသည် ချေးငွေကန့်သတ်ချက်ကို တိုးမြှင့်ခြင်းမပြုရ။ ငွေချေးယူသူ၏ KBZPay Wallet Account အား ရပ်စဲခြင်း ခံရလျှင် ငွေချေးယူသူ၏ ချေးငွေ ကန့်သတ်ချက်အား ဖျက်သိမ်းမည်ဖြစ်သည်။ ငွေချေးယူသူ၏ ယခင်ကာလများကအသုံးပြုခဲ့သည့် အသုံးစရိတ်များ၊ ချေးငွေသမိုင်းကြောင်း နှင့် ငွေပေးချေမှု ပုံစံတို့အပေါ်တွင် အခြေပြုပြီး ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို ချေးငွေပမာဏကန့်သတ်ချက်ကို လျှော့ချခြင်း၊ ချေးငွေသက်တမ်းတိုးပေးခြင်း ပြုလုပ်နိုင်သည့် အခွင့်အရေး အပြည့်အဝ ရှိမည်ဖြစ်သည်။

ခ။    ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account အား မည်သည့်ကြိုတင် အကြောင်း ကြားမှုမျိုးကိုမဆို ပြုလုပ်ခြင်းမရှိဘဲ ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် မည်သည့်အချိန်တွင်မဆို သတ်မှတ် ထားသည့် ချေးငွေပမာဏကို ရုပ်သိမ်းပိုင်ခွင့်၊ ပြန်လည်တောင်းခံပိုင်ခွင့် အပြည့်အဝရှိသည်။

၆။ ကြိုတင်ငွေ

က။ ကမ္ဘောဇဘဏ်မှ ငွေချေးယူသူသို့ ထုတ်ချေးမည့် သတ်မှတ်ချေးငွေပမာဏကို  ငွေချေးယူသူ၏ wallet သို့ ထည့်သွင်းခြင်းဖြင့် ဆက်လက်လုပ်ဆောင်မည်။

ခ။ ငွေချေးယူသူသည် ရရှိသော ချေးငွေပမာဏတစ်ခုလုံးကို ဤစာချုပ်တွင် ရေးသားဖော်ပြထားသော/ သတ်မှတ်ထားသော ရည်ရွယ်ချက်မှတပါး အခြားမည်သည့်ရည်ရွယ်ချက် အတွက်မျှ အသုံးပြုခွင့်မရှိပါ။

၇။ အချက်အလက်အကာအကွယ်ပေးခြင်း နှင့် ထုတ်ဖော်ပြောဆိုမှုမပြုခြင်း                          

က။   သက်ဆိုင်ရာဥပဒေနှင့်အညီ  KBZPay ချေးငွေစာရင်း ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် KBZPay Wallet Account အသုံးပြုသူ၏ အမည်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာသတ်မှတ်ဖော်ပြမှုများ (မှတ်ပုံတင်အမှတ်၊ ပတ်စ်ပို့ နံပါတ်၊ ယာဉ်မောင်းလိုင်စင်အမှတ် စသည်)၊ အီးမေးလ်လိပ်စာ၊ အိမ်လိပ်စာ၊ လက်ကိုင်ဖုန်း အမှတ် နှင့်/ သို့မဟုတ် အခြားသောဆက်သွယ်ရမည့် သတင်းအချက်အလက်များ အပါအဝင် အထွေထွေ အချက်အလက် များအား ကမ္ဘောဇဘဏ်ကစုစည်းထားရှိမည်။ ထိုသို့သောစုစည်းထားရှိမှု၊ အတည်ပြုမှု၊ စာရင်းစစ်ခံမှုနှင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော စာရင်းပိုင်ရှင်၏သတင်း အချက်အလက်များအား ထိန်းသိမ်းထားမှုသည် စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ ကမ္ဘောဇဘဏ်သည် ငွေချေးသူ၏ အချက် အလက်များအား ရယူပြီး စာရင်းပိုင်ရှင်နှင့် ကိုက်ညီမှုရှိစေရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက်များ အား မည်သည့် အချိန်တွင်မဆို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ခ။    KBZPay Wallet Account Registration ပြုလုပ်ချိန်တွင်ဖြစ်စေ၊ အခြားသောအချိန်တွင်ဖြစ်စေ၊ ကန့်သတ်ချက်အား တွက်ဆနိုင်ရန်အတွက် ကမ္ဘောဇဘဏ်ကတောင်းခံသည့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက် အလက်များအား ပေးအပ်ပါမည်ဟု ငွေချေးယူသူက သဘောတူညီ အတည်ပြုသည်။ ထို့အပြင် ငွေချေးယူသူသည် ယခုကဲ့သို့ ၎င်းတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအား ကမ္ဘောဇဘဏ်က တောင်းခံရယူခြင်းသည် သက်ဆိုင်ရာဥပဒေအရ ဆီလျော်သည်၊ လိုအပ်သည်၊ ခွင့်ပြုနိုင်သည်တို့ကို နားလည်ပြီး အသိအမှတ်ပြုပါသည်။

ဂ။    KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူမှ ပေးသော သတင်းအချက်အလက် အားလုံး သည် တိကျမှု၊ မှန်ကန်မှုရှိပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိသည်ဟု မှတ်ယူမည်ဖြစ်သည်။ ငွေချေးယူသူသည် မှားယွင်းသော ကိုယ်ရေးအချက်အလက်များအားပေး ကိုယ်ရေးအချက်အလက်များအား ပေးခြင်း၊ စာရွက်စာတမ်းအတုများ ပြုလုပ်၍ ချေးငွေလျှောက်ထားခြင်း၊ ချေးငွေပေးဆပ်မှုကို နှစ်လဆက်တိုက်ပျက်ကွက်ခြင်း၊ လူမွဲစာရင်းဝင်မှ ထိန်ချန်ထားခြင်းများပြုလုပ်ပါက  ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account အား ငွေချေးယူသူသို့ မည်သည့်ကြိုတင်အသိပေးအကြောင်းကြားမှုကိုမျှ ပြုလုပ်ခြင်းရှိမည်မဟုတ်ဘဲ ငွေချေးယူသူ ၏ KBZPay Wallet Accountကို အလိုအလျောက်ပိတ်သိမ်းသွားမည်ဖြစ်ပြီး ငွေချေးယူသူအား အမည်ပျက် စာရင်းတင်သွင်းသွားမည်ဖြစ်သည်။ ငွေချေးယူသူအနေဖြင့် ကမ္ဘောဇဘဏ်သို့ပေးပို့ထားသော သတင်းအချက် အလက်များသည် မှားယွင်းပေးပို့သည်ဟုထင်မြင်ယူဆပါက ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသားပေးပို့ရမည်။

ဃ။   KBZPay Wallet Account ပိုင်ရှင်ဖြစ်သူသည် အမျိုးမျိုးသော ပစ္စည်းရောင်းချသူများ သို့တည်းမဟုတ် Credit Bureau Agency ကဲ့သို့သော ဗဟိုအာဏာပိုင်အဖွဲ့များက တရားဝင်အရင်းအမြစ်များမှနေ၍ KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ၏ အကြောင်းအရာဖော်ပြချက်အား အတည်ပြုပိုင်ခွင့်နှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်အား လုပ်ပိုင်ခွင့်ပေးထားသည်။ ငွေချေးယူသူဖြစ်သူသည် စာရင်းအရ ခံစားပိုင်ခွင့် ရှိသည်များအား ရရှိခံစားရာတွင် လိုအပ်လာဖွယ်ရှိသည့် စာရင်းဆိုင်ရာအသေးစိတ်အချက် အလက်များ နှင့်/ သို့မဟုတ် ငွေချေးယူသူက ပေးအပ်ထားသည့် စာရင်းပိုင်ရှင်နှင့် သက်ဆိုင်သည့် သတင်း အချက်အလက် အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား ဖလှယ်ခွင့်၊ မျှဝေပေးခွင့်နှင့်ပတ်သက်ပြီး ငွေချေးယူသူ က မိမိတို့အားလုပ်ပိုင်ခွင့်ပေးထားသည်။ ထိုသတင်းအချက်အလက်များအား အသုံးပြုခြင်း၊ မျှဝေခြင်းများအတွက် KBZPay Wallet Account ပိုင်ရှင်က ကမ္ဘောဇဘဏ်အား ကန့်သတ် ထိမ်းချုပ်ထားမှုမရှိပါ။

ငွေချေးယူသူမှ ဤသဘောတူညီချက်အရ ကမ္ဘောဇဘဏ်သို့ ထုတ်ဖော်ပြောဆိုထားသည့် ပုဂ္ဂိုလ်ရေးအချက် အလက်များအား သက်ဆိုင်ရာအစိုးရအာဏာပိုင်များနှင့် ကမ္ဘောဇဘဏ်နှင့်ပတ်သက်သော အခြားမည်သည့် ပုဂ္ဂိုလ်တို့ကိုမဆို ကမ္ဘောဇဘဏ်မှအခါအားလျော်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိပါသည်။

င။    ငွေချေးယူသူ၏ KBZPay Wallet Account ဖြင့် ငွေလွှဲပြောင်းပေးမှုနှင့်ပတ်သက်သည့် အခြေအနေ အား သုံးသပ်နိုင်ရန် KBZPay Wallet Account ပိုင်ရှင်ဖြစ်သော ငွေချေးယူသူ၏ သတင်းအချက်အလက်များ အား လိုအပ်မည့်အခြားသော ကုမ္ပဏီများထံသို့ တရားဝင် လွှဲပြောင်းပေးရဖွယ်ရှိသည့် နှင့်/သို့မဟုတ် ကမ္ဘောဇ ဘဏ်နှင့် KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူတို့အကြား ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမမှုကြောင်းအရဖြစ်စေ ဖြေရှင်းရမည့် ကိစ္စရပ်များပေါ်ပေါက်လာပါက လိုအပ်လာလျှင် ထိုသတင်း အချက်အလက်များကို လွှဲပြောင်း ပေးရနိုင်ဖွယ်ရှိသည် ဆိုသည်ကို KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူမှ သိရှိနားလည်ပြီးသဘောတူသည်။

စ။    ကမ္ဘောဇဘဏ်သည် ချေးငွေဝန်ဆောင်မှုလုပ်ငန်းအရည်အသွေး ကောင်းမွန်မှု ရှိစေရေးအတွက် မည်သည့်အချိန်တွင်မဆို ငွေချေးယူသူနှင့်ကမ္ဘောဇဘဏ်အကြား ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုကို ကြပ်မတ် စောင့်ကြည့်ခြင်း နှင့်/သို့မဟုတ် မှတ်တမ်းတင်ထားရှိခြင်းတို့အား ပြုလုပ်နိုင်သည်ကို ငွေချေးယူသူမှ သိရှိသဘောတူပါသည်။

ဆ။ ငွေချေးသူကထပ်မံဝန်ခံသည်နှင့်သဘောတူသည်။

အထက်ပါအပိုဒ်(ဒေတာကာကွယ်မှု့နှင့် ထုတ်ဖော်ခြင်းဆိုင်ရာ သတင်းအချက်အလက်) တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအပြင် ငွေချေးယူသူ၏ သတင်းအချက်အလက် (ငွေချေးယူသူ၏ ဆက်သွယ်ရန်အချက်အလက်များအပါအဝင်)များကို ကမ္ဘောဇဘဏ်မှ ၎င်း၏ အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှု့များအား အသိပေးရန်နှင့် ရောင်းချရန်အတွက် ကမ်းလှမ်းရာတွင် အသုံးပြုနိုင်မည်ကို ငွေချေးယူသူအနေဖြင့် သိရှိသဘောတူပြီး ငွေချေးယူသူအနေဖြင့်လည်း ထိုဝန်ဆောင်မှု နှင့်ပတ်သက်သော သတင်းအချက် အလက်များကို အတိအလင်းဆက်သွယ်တောင်းခံနိုင်မည်ဖြစ်သည်။

ဇ။ ငွေချေးယူသူသည် ၎င်း၏လိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်ရှင်အမည်၊ အီးမေးလ်လိပ်စာနှင့် မှတ်ပုံတင်များတွင် အပြောင်းအလဲရှိပါက ဘဏ်သို့ချက်ချင်းအကြောင်းကြားရန်သဘောတူသည်။

ဈ။ ငွေချေးယူသူသည် ဘဏ်၌ သူ/သူမ၏အသေးစိတ်အချက်အလက်များကို မိတ္တူကူးယူနိုင်ရန် စာရေး၍တောင်းဆိုနိုင်သည်။ ထိုတောင်းဆိုမှုအတွက် အခကြေးငွေပေးရမည်။

ည။ ငွေချေးယူသူသည် ကမ္ဘောဇဘဏ်မှ ချေးငွေရယူခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့နှင့်သက်ဆိုင် သည့် ချေးငွေဆိုင်ရာသတင်းအချက်အလက် များ၊မှတ်တမ်းများ၊ ဘဏ်စာရင်းဆိုင်ရာအချက်အလက်များ စသည့် မည်သည့်သတင်းအချက်အလက်များကိုမဆို ချေးငွေလျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်အရသော် လည်းကောင်း၊ စည်းမျဉ်းဆိုင်ရာလိုအပ်ချက်အရသော်လည်းကောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့ချေးငွေသတင်း အချက်အလက်ဌါန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပေးပို့ရန် ညွန်ကြားလာသော အဖွဲ့အစည်းများထံသို့ ဖုန်း၊အီးမေးလ်၊စာတိုပေးပို့ခြင်း (သို့) အခြား ဆက်သွယ်ရေး လမ်းကြောင်းများ အသုံးပြု ပြီး ကျွန်တော်တို့၏ခွင့်ပြုချက် တောင်းခံရန်မလိုဘဲ လုပ်ငန်းလိုအပ်ချက်အတိုင်း အလျဉ်းသင့်သလို ဘဏ်မှ အသိပေး ထုတ်ပြန်နိုင်သည်ဟု သဘောတူပါသည်။

၈။ ကြော်ငြာခြင်း

အချို့သော KBZPay Wallet Account ပိုင်ရှင်များ၏ အကျိုးကိုဖြစ်ထွန်းစေမည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများအား ကမ္ဘောဇဘဏ်ကကြော်ငြာနိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်သည် ငွေချေးယူသူအတွက် ကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း၊ အပ်နှင်းခြင်းခံရသူအဖြစ်လည်းကောင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ၊ ဥပဒေကခွင့်ပြုထားသည့် အတိုင်းအတာအထိ ထိုသို့သောဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများအတွက် သက်ဆိုင်ရာ Merchant နှင့် လွှဲပြောင်းမှုဆိုင်ရာစီမံခန့်ခွဲမှု ကိုပြုလုပ်နိုင်သည်။ ထိုသို့ သော ဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုများအားဝယ်ယူသွားသည်ဆိုလျှင် ထိုသို့သောလွှဲပြောင်း ပေးပို့ရမှု အတွက် ကမ္ဘောဇဘဏ်သည် သက်ဆိုင်ရာ Merchant ထံမှ ဝန်ဆောင်ခ၊ အခကြေးငွေ ရရှိရမည်ဆိုသည်ကို ငွေချေးယူသူကသိရှိနားလည်ထားရမည်ဖြစ်သည်။ ဝယ်ယူသွားသည့် ဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုသည် မိမိ၏သဘောဆန္ဒအလျောက်သာလျှင် ဖြစ်သည်။

၉။   အခွန်အခ

ဤသဘောတူညီချက်ပါ ချေးငွေနှင့်ပတ်သက်၍ ပေးဆောင်ရမည့် သက်ဆိုင်ရာအခွန်အခများအား ပေးဆောင် ရန်အတွက် ငွေချေးယူသူ တစ်ဦးတည်းသာလျှင်တာဝန်ရှိမည်ဖြစ်သည်။ အကယ်၍ သက်ဆိုင်ရာဥပဒေအရ ကမ္ဘောဇဘဏ်အနေဖြင့် ကျသင့်ငွေကိုကောက်ခံပြီး သက်ဆိုင်ရာအာဏာပိုင်တို့ထံသို့ ထိုသို့သော ပေးချေမှု မျိုးကိုပြုလုပ်ရမည်ဆိုပါက ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account တွင် ကြွေးစာရင်း ဖော်ပြီး ထိုအတိုင်းဆောင်ရွက်ရမည်ဖြစ်သည် သို့မဟုတ် ငွေချေးသူထံ မှ ကြိုတင် ကောက်ခံနိုင်သည်။

၁၀။ ချေးငွေရှင်းတမ်း

ငွေချေးယူသူသည် ၎င်းတို့၏ KBZPay Wallet Mobile Application တွင် ချေးငွေရှင်းတမ်းကို ကြည့်ရှု နိုင်သည်။ ထိုရှင်းတမ်းအတွင်း ပြန်လည်ပေးဆပ်ပြီးဖြစ်သော ငွေပမာဏ၊ ပေးချေမှုကာလ၊ ပေးဆပ်ရန် ကျန်ရှိငွေပမာဏနှင့် လစဉ်ပေးဆပ်ရမည့်ရက်စေ့ရောက်သည့်နေ့များအား ဖော်ပြပေးထားသည်။

၁၁။ ပြန်လည်ပေးဆပ်မှု

က။   အတိုးနှုန်း၊ လျှောက်လွှာပုံစံကြေး၊ ကျသင့်ငွေများနှင့် စည်းကမ်းသတ်မှတ်ချက်များအား KBZ Pay က စိစစ်ပြင်ဆင်ပိုင်ခွင့်ရှိသည်ကို ငွေချေးယူသူက သဘောတူသည်။

ခ။    KBZPay Wallet Mobile Application တွင်ဖော်ပြပေးထားမည်ဖြစ်သော ပေးဆပ်ရန်ရက်စေ့ရောက် သည့်နေ့မတိုင်မီ သို့မဟုတ် စေ့ရောက်သည့်နေ့တွင် ငွေချေးယူသူက ပေးဆပ်ရမည့်ပမာဏကို ပေးဆပ်ရမည် ဖြစ်သည်။ ပေးဆပ်မှုအားလုံးကို KBZPay Wallet account မှတဆင့် ငွေချေးယူသူမှ ရွေးချယ်ထားသော ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းခြင်းဖြင့် ပေးဆပ်မှုပြုလုပ်ရမည်ဖြစ်သည်။

ဂ။    ပေးဆပ်ရမည့်နေ့ရက်မစေ့ရောက်မီတွင် ငွေချေးယူသူသည် မိမိတစ်ဦးတည်းသဘောဖြင့် ပေးဆပ်ရမည့် ကမ္ဘောဇဘဏ်ကို ရွေးချယ်နိုင်သည်။

ဃ။   ချေးငွေရှင်းတမ်းးတွင် ထည့်သွင်းပေးထားသည့် မြီစားစာရင်းပေးချေရမည့် ပမာဏအား ငွေချေးယူသူ၏ KBZPay Wallet Account၊ KBZ Bank account   မှ တိုက်ရိုက်နှုတ်ယူခွင့်ကို ငွေချေးယူသူက ကမ္ဘောဇဘဏ်အား ခွင့်ပြုပေးရန်အတွက် ကမ္ဘောဇဘဏ်သည် ၎င်း၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ရမည်။

င။ ပေးချေမှုပြုလုပ်သည့်အချိန်တွင် KBZPay Wallet Account စာရင်းပိုင်ရှင်ဖြစ်သူက မိမိတို့ ကမ္ဘောဇဘဏ်အား ပြန်လည်ပေးဆပ်မှုအတွက်ညွှန်ကြားချက်ပေးခြင်းများ ရှိလင့် ကစား KBZPay Wallet Account ငွေစာရင်းပိုင်ရှင်ထံမှ ကမ္ဘောဇဘဏ်ကရသော မည်သည့်ပေးချေမှု သို့မဟုတ် ပေးချေမှု အားလုံး အတွက်ကိုမဆို အခ/ကုန်ကျစရိတ်ရှိသည်ဆိုလျှင် ယင်းတွင် ဦးစွာထည့်သွင်းပြီး နောက် အတိုး၊ ပေးချေရမည့် မူလချေးငွေ ပြန်လည်ပေးဆပ်မှုအဖြစ်လက်ခံရယူသွားမည်ဖြစ်သည်။

စ။  ငွေချေးယူသူသည် ချေးငွေပြန်လည်ပေးဆပ်ရာတွင် လစဉ်အရစ်ကျပေးဆပ်ရမည့်ပမာဏထပ်ပို၍ ပေးဆပ်နိုင်ပါသည်။ ထိုသို့ ပို၍ပေးဆပ်သောပမာဏအား ချေးငွေသက်တမ်းလျော့ချခြင်းဖြင့် နောက်လာမည့် အရစ်ကျပေးဆပ်ခြင်းများအား အကျိုးသက်ရောက်စေမည်။

ဆ။ မည်သို့ပင်ဆိုစေကာမူ ဘဏ်အနေဖြင့် ငွေချေးယူသူမှ မည့်သည့်ကြွေးကျန်များအတွက်မဆို ပေးချေ သော မည်သည့် လစဉ်ပေးချေမှု အပေါ်ထပ်တိုးပေးချေမှု နှင့်/သို့ လုံခြုံစိတ်ချအပ်ငွေ / ကနဦးပေးချေမှု အပေါ် တွင် ချိန်ညှိနိုင်ရန် အခွင့်အာဏာရှိသည်။

၁၂။ နောက်ကျကြေး

က။   ချေးငွေရှင်းတမ်းတွင် ဖော်ပြထားသည့် ပေးဆပ်ရမည့်ရက်စေ့ရောက်သည့်နေ့တွင် ပေးဆပ်မှု အား ကမ္ဘောဇဘဏ်ကလက်ခံရရှိခြင်းမရှိလျှင် ကမ္ဘောဇဘဏ်ကသတ်မှတ်ဆုံးဖြတ်သည့်အတိုင်း နောက်ကျကြေး ကို ကောက်ခံသွားမည်ဖြစ်သည်။ လက်ရှိအားဖြင့် နောက်ကျကြေးကို ငွေချေးယူသူ၏ ပျက်ကွက်မှုနှင့် သက်ဆိုင်ရာအခွန် (ရှိသည်ဆိုလျှင်) အတွက် တစ်ကြိမ်လျှင် ၂၀၀၀ ကျပ်အား ပုံသေသတ်မှတ်ထားသည်။ နောက်ကျကြေးကောက်ခံမှုသည် ကမ္ဘောဇဘဏ်၏တစ်ဦးတည်း ဆုံးဖြတ်ချက်အရ ကွဲပြားသွားမည်ဖြစ်ပြီး အလားတူကွဲပြားခြားနားမှုကို ငွေချေးယူသူထံသို့ အချိန်နှင့်အမျှ အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။

ခ။    နောက်ကျကြေးကို တစ်နှစ်လျှင် ၁၂% ဖြင့် တွက်ချက်သွားမည်ဖြစ်ပြီး ကြွေးကျန် ပေါ်နေသည့် လစဉ် ပြန်လည် ပေးဆပ်ရမည့် ငွေပမာဏအား ပေးဆပ်မှုမပြုလုပ်မချင်း နောက်ကျကြေးအား နေ့စဉ် တွက်ချက် ကောက်ခံသွားမည် ဖြစ်သည်။

ဂ။    ငွေချေးယူသူက လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှုအတွက် KBZPay Wallet Account မှတဆင့် အရစ်ကျငွေပမာဏအား ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းမှု ပြုလုပ်ခဲ့သော်လည်း ငွေချေးယူသူ၏ KBZPay Wallet Account မှ မည်သည့်ပမာဏကိုမဆို ဖြတ်တောက်ခြင်းမပြဘဲ ငွေလွှဲပြောင်းမှု ပျက်ပြား သွားသည့် အတွက် အကျိုးဆက်အနေဖြင့် ပေးချေရန်ရက်စေ့ရောက်သည့်နေ့တွင် ပေးချေရမည့် ပမာဏကို ကမ္ဘောဇဘဏ်က ရရှိခြင်းမရှိဟုဆိုလျှင် ငွေချေးယူသူက KBZPay Wallet Account မှတစ်ဆင့် ပေးချေရန် နောက်ထပ်ကြိုးပမ်းမှုပြုလုပ်သည်ဖြစ်စေ၊ ပြုလုပ်ခြင်း မရှိသည်ဖြစ်စေ ဤအပိုဒ် ၁၂ အရ ကမ္ဘောဇဘဏ် သည် နောက်ကျကြေးကောက်ခံပိုင်ခွင့်ရှိသည်။

ဃ။   အပိုဒ် ၁၂။ ဂ။ ကိုမထိခိုက်စေဘဲ ငွေချေးယူသူက လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှုအတွက် KBZPay Wallet Account မှတဆင့် အရစ်ကျငွေပမာဏအား ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းမှု ပျက်ပြားသွားသော်လည်း ငွေချေးယူသူ၏ KBZPay Wallet Account မှ သက်ဆိုင်ရာပမာဏကို ဖြတ်တောက် သွားသည်ဆိုလျှင် ကမ္ဘောဇဘဏ်မှ ငွေချေးယူသူ၏ KBZPay Wallet Account သို့ ထိုသို့ငွေလွှဲပြောင်းမှု ပျက်ပြယ်ပြီးသည်နောက် အလုပ်ဖွင့်ရက်(၇)ရက်အတွင်း သို့မဟုတ် ကမ္ဘောဇဘဏ်၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်သည့် ပိုမိုရှည်ကြာမည့်ရက်အတွင်း ပြန်လည်ထည့်သွင်းပေးသွားမည်ဖြစ်သည်။ သို့ရာတွင် ထိုသို့သော ပျက်ပြယ်သွားသည့်ငွေလွှဲပြောင်းမှု သို့မဟုတ် မည်သည့်ပေးရန်ပမာဏမဆိုအား ပြန်လည် ထည့်သွင်းပေးခြင်း/ကြွေးဖော်ခြင်းများအတွက် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။

၁၃။ ကြိုတင်ငွေပေးချေခြင်း

ဇယား(က)တွင် ဖော်ပြထားသော အသေးစိတ်အချက်အလက်များအရ ငွေချေးယူသူမှ ရရှိသောချေးငွေများကို ကြိုတင်ငွေပေးချေခြင်းနှင့် တစ်စိတ်တစ်ပိုင်း ကြိုတင်ငွေပေးချေခြင်းဆိုင်ရာ  အခကြေးငွေများအားလုံးသည် သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ငွေချေးယူသူမှ နားလည်ပြီး သဘောတူသည်။

၁၄။ ဖျက်သိမ်းခြင်း

က။   ငွေချေးယူသူဘက်မှဖျက်သိမ်းခြင်း – ငွေချေးယူသူသည် ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသား အကြောင်းကြားပြီး မည်သည့်အချိန်တွင်မဆို ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီး၊ ငွေရင်း၊ အတိုး၊ စရိတ်စကနှင့် အခြားသောအခကြေးငွေများအပါအဝင် ကြွေးကျန်အားလုံးကို ပေးဆပ်၍ ဤသဘောတူညီချက်ကို ရပ်စဲနိုင် သည်။ ထိုသို့သဘောတူညီချက်အား ရပ်စဲရာတွင် ငွေချေးယူသူ၏ KBZPay Wallet Account နှင့် သက်ဆိုင် သည့် စုစုပေါင်းကြွေးကျန်အားလုံးကို ပေးချေမှုအား ကမ္ဘောဇဘဏ်က ရရှိပြီးနောက်မှသာလျှင် ရပ်စဲခြင်းသည် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ မည်သို့ဖော်ပြစေကာမူ၊ ငွေချေးယူသူသည် သဘောတူစာချုပ် သက်တမ်းမပြည့်မီ ချေးငွေအားစောလျင်စွာပေးဆပ်လိုပါက ချေးငွေပေးဆပ်မှုကာလ (၆)လ ပြည့်ပြီးမှ သာလျှင် ပေးဆပ်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ခ။    ကမ္ဘောဇဘဏ်ဘက်မှဖျက်သိမ်းခြင်း – ကမ္ဘောဇဘဏ်သည် ငွေချေးယူသူသို့ အကြောင်းကြားစာကို ပို့ပြီးသည်နှင့် ချက်ချင်းဤသဘောတူညီချက်ကိုရပ်စဲနိုင်သည် သို့မဟုတ် မည်သည့်အချိန်တွင်မဆို KBZPay ချေးငွေ ဝန်ဆောင်မှုအား အသုံးပြုမှုကိုကန့်သတ်နိုင်သည်။ ကမ္ဘောဇဘဏ်က ဤသဘောတူညီချက်အား ရပ်စဲသည်ဆိုလျှင် ငွေချေးယူသူ၏ KBZPay Wallet Account နှင့်သက်ဆိုင်သည့် စုစုပေါင်း ကြွေးကျန် အားလုံးသည် ချက်ချင်းရက်စေ့ရောက်မည်ဖြစ်ပြီး ချက်ချင်းပေးချေမှု ပြုလုပ်ရမည် ဖြစ်သည်။

၁၅။ ပျက်ကွက်မှုဖြစ်စဉ်

က။ အောက်တွင်ဖော်ပြထားသည့်အတိုင်း ပျက်ကွက်မှုဖြစ်စဉ်ဖြစ်ပေါ်သည်ဆိုလျှင် ငွေချေးယူသူ ၏ KBZPay Wallet Account နှင့်ပတ်သက်ပြီး ပေးဆပ်ရန်ရှိသည့် ကြွေးကျန်စုစုပေါင်းသည် ချက်ချင်း ပေးချေရန် ရက်စေ့ရောက်မည်ဖြစ်ပြီး ဘဏ်သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ငွေချေးယူသူ၏ KBZPay Wallet Account ကို ရပ်စဲပိုင်ခွင့်ရှိကာ အောက်ပါ အတိုင်းဆောင်ရွက်ပိုင်ခွင့်ရှိသည် –

o   KBZPay Wallet Account ပိုင်ရှင် ပေးချေရမည်ဖြစ်သော စုစုပေါင်းကြွေးကျန်ကို ကောက်ခံရန်အတွက် ကြွေးမြီကောက်ခံရေးဌာနဖြစ်သည့် အခြားသောအုပ်စုနှင့် ဆက်သွယ်ခြင်း

o   မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသည်နှင့်အညီ ပေးရန်ရှိသည့်ပမာဏအား ပေးဆပ်မှုမရှိသည့်ကိစ္စနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို အစီရင်ခံခြင်း၊ တရားရေးစရိတ်အပါအဝင် ကမ္ဘောဇဘဏ်မှကျခံရမည့် အထက်ဖော်ပြပါ ကိစ္စရပ်ကို ဆောင်ရွက်ရခြင်းကြောင့်ပေါ်ပေါက်လာရသော ကျိုးကြောင်းဆီလျော်မှု ရှိသော ကုန်ကျစရိတ်နှင့်အသုံးစရိတ်အားလုံးသည် ငွေချေးယူသူ၏ KBZPay Wallet Account နှင့်သက်ဆိုင်သည့် ပေးရန်ရှိသည့် ကြွေးကျန်စုစုပေါင်း၏ အစိတ်အပိုင်းဖြစ်ခြင်း

ခ။  ဤသဘောတူညီချက်အတွက် အောက်ဖော်ပြပါဖြစ်စဉ်များအား “ပျက်ကွက်မှု” ဖြစ်စဉ်ဟု မှတ်ယူရမည် ဖြစ်သည် –

o   ချေးငွေပေးဆပ်မှုပြုလုပ်ရမည့် မည်သည့်ပမာဏကိုမဆို ပေးချေရမည့် ရက်စေ့ရောက်သည့် နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ပေးချေရန်ပျက်ကွက်ခြင်း

o   ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များအားလိုက်နာ ရန်ပျက်ကွက်ခြင်း

o   တိုက်ရိုက်မြီစားဆိုင်ရာညွှန်ကြားချက်များ၊ e-mandate သို့မဟုတ် အခြားသော ပေးချေမှု များ နှင့်/သို့မဟုတ် ငွေချေးယူသူလျှောက်ထားသည့် ကမ္ဘောဇဘဏ်သို့ ပေးအပ် ထားသော မည်သည့်ပေးချေမှုဆိုင်ရာအမြဲတမ်းအမိန့်ကိုမဆို လေးစားလိုက်နာမှု မရှိခြင်း

o   ငွေချေးယူသူ၏ KBZPay Wallet Account နှင့်ပတ်သက်ပြီး ငွေချေးယူသူကပေးအပ်သည့် မည်သည့်သတင်းအချက်အလက်မဆိုသည် မှားယွင်းပြီး လမ်းလွဲသွားခြင်း

o   ငွေချေးယူသူနှင့်ကမ္ဘောဇဘဏ်အကြားရှိနိုင်သည့် အခြားသော မည်သည့်သဘောတူညီချက် ကိုမဆို ဖောက်ဖျက်ခြင်း

o   ငွေချေးယူသူအတွက် လူမွဲစာရင်းကြေညာပေးရန်လျှောက်ထားမှုကို ထုတ်ပြန် လိုက်ခြင်း သို့မဟုတ် မည်သည့်မြီရှင်ကမဆို ငွေချေးယူသူ၏မည်သည့် ပိုင်ဆိုင်ပစ္စည်းမဆိုအား သိမ်းပိုက်ရန် မည်သို့သောကြိုးပမ်းမှုကိုမဆိုပြုလုပ်ခြင်း

ဂ။    မည်သည့်ပျက်ကွက်မှုဖြစ်စဉ်နှင့်မဆို ဆက်နွယ်ပြီး သက်ဆိုင်ရာဥပဒေအရ ကမ္ဘောဇဘဏ်ကရွေး ခြယ်သော မည်သည့်တရားစီရင်ပိုင်ခွင့်နယ်တွင်မဆို မည်သည့်တရားစွဲဆိုမှုသာဖြစ်သည်ဟု ကန့်သတ်ထားမှု မရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်သည့်၊ ကမ္ဘောဇဘဏ်ကလျော်ကန် သင့်မြတ်သည်ဟုယူဆသည့် မည်သည့်ဆောင်ရွက်ချက်ကိုမဆို ငွေချေးယူသူအပေါ်သို့ ကမ္ဘောဇဘဏ်အနေဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ဃ။   အထက်တွင်ဖော်ပြထားမှုများအား ထိခိုက်မှုမရှိစေဘဲ၊ ပျက်ကွက်မှုဖြစ်စဉ်ပေါ်ပေါက်ပြီ ဆိုသည်နှင့် ကမ္ဘောဇဘဏ်သည် ၎င်းတစ်ဦးတည်း၏ဆုံးဖြတ်ချက်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည် –

o    ပျက်ကွက်မှုဖြစ်သည့် KBZPay Wallet Account ပိုင်ရှင်အား ပေးထားသည့် မည်သည့် ဝန်ဆောင်မှု ကိုမဆို ပေးရန်ငြင်းဆိုခြင်း သို့မဟုတ် မည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို ရပ်စဲခြင်း

o    ကမ္ဘောဇ ဘဏ် နှင့် KBZPay တို့က ဆောင်ရွက်လျက်ရှိသော မည်သည့်ငွေစာရင်း၊ wallet သို့မဟုတ် အခြားငွေပေးချေမှုလုပ်ငန်းများ တွင်ပေါ်နေသော မည်သည့် ကြွေးကျန်ကိုမဆို KBZPay ကတိုက်ရိုက်မြီစားအဖြစ်ဆောင်ရွက်ခြင်း KBZPay အနေဖြင့် KBZ ဘဏ် နှင့် KBZPay တို့တွင် ဆောင်ရွက်လျက်ရှိသော မည်သည့်ငွေစာရင်း၊ wallet သို့မဟုတ် ငွေပေးချေခြင်းအတွက် အသုံးပြုသည့် အခြား platform ပေါ်တွင်ရှိသည့် လက်ကျန်ငွေပမာဏမှ တိုက်ရိုက်နှုတ်ယူနိုင်ခြင်း။

င။    ပျက်ကွက်မှုဖြစ်သည့် KBZPay Wallet Account ပိုင်ရှင်၊ ငွေချေးယူသူသည် ဘဏ်၏ဝန်ထမ်းဖြစ်သည်ဆိုပါက ပျက်ကွက်မှုဖြစ်စဉ်ဖြစ်ပေါ်သည်နှင့် ကမ္ဘောဇဘဏ်သည် မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့်                 (၁) ထိုဝန်ထမ်း ချေးငွေ ပေးချေရန်ရှိသော မည်သည့်ပမာဏအတွက်မဆို (ဝန်ထမ်း၏ရပိုင်ခွင့်အဖြစ် သတ်မှတ်ထားသည့် လစာ၊ အခ၊ ဝန်ဆောင်ခ၊ ဆုကြေး၊ အကျိုးအမြတ် သို့မဟုတ် အခြားသော ရပိုင်ခွင့်ဟု သတ်မှတ်ထားသည့် မည်သည့် ခေါင်းစဉ်အောက်မှမဆို) နှုတ်ယူခွင့်ရှိခြင်း (၂) ထိုသို့နှုတ်ယူရာတွင် သက်ဆိုင် ရာ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေနှင့်အညီ ချေးငွေ ပမာဏပေါ်တွင် ရှိနေသော စုစုပေါင်းကြွေးကျန် ပမာဏအား နှုတ်ယူခွင့်ရှိပြီး ထိုနှုတ်ယူလိုက်သောပမာဏကို  KBZPay သို့ လွှဲပြောင်းပေးခြင်းအား ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

စ။ ကမ္ဘောဇဘဏ်လီမိတက်မှ သုံးစွဲခွင့်ပြုသည့် ကိုယ်ပိုင်ချေးငွေကို‌ ချေးငွေအရင်းနှင့် ကျသင့်သော အတိုးများကို ချေးငွေရယူထားသူမှ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သဖြင့် တရားစွဲဆိုတောင်းခံရသော ကိစ္စများပေါ်ပေါက်လာပါက တရားစွဲဆိုမှုကုန်ကျမည့် စရိတ်များအတွက် ငွေချေးယူသူတွင် တာဝန်ရှိကြောင်းကို သိရှိသဘောတူပါသည်။

ဆ။ ချေးငွေရယူထားသူသည် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီ၊ ငွေရင်း၊ အတိုး၊ စရိတ်စကနှင့် အခြားအခကြေးငွေများအပါအဝင် ကြွေးကျန်အားလုံးကို ချေးငွေရယူထားသူ၏ အမွေစားအမွေခံများ၊ ကိုယ်စားလှယ်လွှဲအပ်ထားသူများနှင့် ဆက်ခံသူတစ်ဦးဦးထံမှ တောင်းခံမည်ကို သိရှိသဘောတူပါသည်။

ဇ။ အောက်ဖေါ်ပြပါ အခြေအနေများထဲမှ တစ်ချက် (သို့မဟုတ်) တစ်ချက်ထက်ပို၍ ဖြစ်ပေါ်ပါက ကမ္ဘောဇဘဏ်အနေဖြင့် ငွေချေးယူသူမှ ပေးဆပ်ရန်ကျန်ရှိသေးသည့် ချေးငွေအားလုံးနှင့်အတူ ပေးချေခြင်းမပြုရသေးသည့်ချေးငွေလက်ကျန်အပြည့်အဝကို ကျသင့်ငွေများ၊ အခများ၊ ဒဏ်ကြေးများ၊ အတိုးများနှင့် အရင်းများကို ချေးငွေသက်တမ်းစေ့ရောက်ခြင်းမရှိမီ တောင်းခံပိုင်ခွင့်ရှိသည်။

(က) ချေးငွေယူသူမှ ဤသဘောတူညီချက်နှင့်အညီ ပေးဆပ်ရန်ကျန်ရှိသေးသော ချေးငွေပမာဏအား ပေးဆပ်မှု မပြုလုပ်ခြင်း၊

(ခ) ချေးငွေယူသူမှ ဤသဘောတူညီချက်အတိုင်း လိုက်နာရမည့် ၎င်း၏တာဝန်များအား မလိုက်နာခြင်း၊

(ဂ) ဤသဘောတူညီချက်အရ ချေးငွေယူသူအတွက် သတ်မှတ်ထားသော ကိုယ်စားပြုမှု၊ အာမခံချက် (သို့) ထုတ်ပြန်ချက်များ ကို မမှန်မကန်တင်ပြခြင်း (သို့)လွဲမှားစွာတင်ပြခြင်း။

၁၆။ တိုက်ရိုက်မြီစားညွှန်ကြားချက်ကို အလေးမထားခြင်း

ငွေချေးယူသူသည် ပမာဏအပြည့်အဝကိုအလေးထားခြင်းမရှိဘဲ မည်သည့်တိုက်ရိုက်မြီစားပေးချေမှုမျိုးကို မဆို ကမ္ဘောဇဘဏ်သို့လွှဲပေးသည်ဖြစ်စေ သို့တည်းမဟုတ် ထိုသို့သောလွှဲပြောင်းမှုကိုဖြစ်ပေါ်စေသည် ဖြစ်စေ ထိုသို့သော ပေးချေမှုတစ်ခုစီအတွက် ဌာနတွင်းအုပ်ချုပ်မှုစရိတ်ကိုကာမိစေရန်ဆောင်ရွက်သည့်အနေဖြင့် သင့်တင့် လျောက်ပတ်သည့်ပမာဏကို ကမ္ဘောဇဘဏ်က ငွေစာရင်းပိုင်ရှင်အားကျခံစေနိုင်သည်။ ထို့အပြင် သက်ဆိုင်ရာဥပဒေများအရ ကမ္ဘောဇဘဏ်သည် ငွေချေးယူသူအား သင့်တော်သလို အရေးယူဆောင် ရွက်ပိုင်ခွင့်ရှိသည်။ လက်ရှိအားဖြင့် ငွေလွှဲ ပြောင်းမှုတစ်ခုချင်းစီအတွက် ကောက်ခံသည့် အခမှာ ကျပ် ၂၀၀၀/ ဖြစ်သည်။ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ငွေပေးချေမှုများ အပေါ်တွင် အခကြေးငွေ ကောက်ခံမှုကို ကမ္ဘောဇဘဏ်မှ အချိန်နှင့် တပြေးညီ ပြောင်းလဲနိုင်သည်။

၁၇ ။ ငွေချေးယူသူသေဆုံးခြင်း

ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ငွေပေးချေခြင်းသည် လိုအပ်သောငွေပမာဏနှင့် မပြည့်မှီပါက ကမ္ဘောဇဘဏ် အား ငွေချေးယူသူ သေဆုံးခြင်းအတွက် ရထိုက်ခွင့်ရှိသည့် အာမခံငွေဖြင့် ပြန်လည်ပေးရမည်ဖြစ်သည်။ (ထိုကိစ္စရပ်မျိုးတွင် ကမ္ဘောဇဘဏ်မှသည် ငွေချေးယူသူကိုယ်စား အကျိုးခံစားခွင့်ရှိသူအဖြစ် ကိုယ်စားပြုသည်)။

၁၈။   ရပ်စဲခြင်း    

အကြောင်းပြချက်တစ်စုံတစ်ရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကမ္ဘောဇဘဏ်သည် ဘဏ်၏ချေးငွေ ဝန်ဆောင်မှုအား ငွေချေးယူသူကအသုံးချပိုင်ခွင့်ကို ရပ်စဲနိုင်သည်။ ကမ္ဘောဇဘဏ်အနေဖြင့်ထိုသို့ရပ်စဲမှုကို ပြုလုပ်သည်ဆိုပါက ဤသဘောတူညီချက်အရလည်းကောင်း၊ သက်ဆိုင်ရာဥပဒေအရ လည်းကောင်း မည်သည့် အခွင့်အရေးကိုမျှ ဆုံးရှုံးမှုမရှိစေရ။

၁၉။ ကြွေးမြီလွှဲပြောင်းခြင်း

ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ ကြွေးကျန်စာရင်းနှင့်ရက်စေ့ရောက်နေပြီဖြစ်သော ကြွေးမြီများအား တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ငွေချေးယူသူဟုသာ ကန့်သတ်ထားမှုမရှိဘဲ ကမ္ဘောဇဘဏ် ကရွေးချယ်သည့် မည်သည့်အခြားသောအုပ်စုထံသို့မဆို လွှဲပြောင်းခြင်း၊ တာဝန်ပေးခြင်းနှင့် မည်သည့်နည်းလမ်းဖြင့်မဆို ရောင်းခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ထိုသို့ရောင်းချမှု၊ တာဝန်ပေးအပ်မှု သို့မဟုတ် လွှဲပြောင်းပေးမှုများရှိနေလင့်ကစား၊ ကမ္ဘောဇဘဏ်သည် ထိုသို့သော ဝယ်ယူသူ၊ တာဝန်ပေးခြင်း ခံရသူ၊ မြီရှင် နှင့် ပူးတွဲ၍ဖြစ်စေ၊ သီးခြားစီဖြစ်စေ ငွေချေးယူသူထံမှကြွေးကျန် များအား ပြန်လည်ရရှိနိုင်ရေး အတွက် ငွေချေးယူသူအား တိုက်ရိုက်တရားစွဲနိုင်ခွင့်ရှိသည်။

၂၀။ ပြုပြင်မွမ်းမံခြင်း

ကမ္ဘောဇဘဏ်သည် ဤသဘောတူညီချက်ပါ ချေးငွေနှင့်ပတ်သက်၍ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲပိုင်ခွင့်ရှိပြီး KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူအား ပေးထားသည့် မူဝါဒ၊ သွင်ပြင်လက္ခဏာနှင့် အကျိုးအမြတ်များ အား သက်ဆိုင်ရာဥပဒေအရ ငွေချေးယူသူထံသို့ အသိပေးပြီး မည်သည့်အချိန်တွင်မဆို ပြင်ဆင်ပိုင်ခွင့်ရှိသည်။ ထိုသို့အသိပေးချက်အား ထုတ်ပြန်ပေးပြီးသည်နောက် ငွေချေးယူသူအနေဖြင့် KBZPay Wallet Mobile Application အား ဆက်လက်၍အသုံးပြုခြင်းသည် ထိုသို့သောအပြောင်းအလဲ ပြုလုပ်ခြင်းကို သဘောတူ သည်ဟု မှတ်ယူရမည်။ ငွေချေးယူသူအနေဖြင့် ဤသဘောတူညီချက်တွင် ပြုလုပ်သည့် မည်သည့် အပြောင်းအလဲကိုမဆို လက်ခံသဘောတူခြင်းမရှိပါက အပိုဒ် ၁၄။ က။ အရ ငွေချေးယူသူအနေဖြင့် ဤသဘောတူညီချက်ကို ရပ်စဲနိုင်သည်။ ငွေချေးယူသူအနေဖြင့် ကျခံရမည်ဖြစ်သော အခအားလုံးအတွက် လည်းကောင်း၊ ဤစာရင်းအရ တာဝန်ရှိသော ကတိကဝတ်များအတွက်လည်းကောင်း KBZPay  ချေးငွေကို ပြီးပြတ်သည်အထိ ရှင်းလင်းပြီးသည်အထိ တာဝန်ရှိမည်ဖြစ်သည်။

၂၁။ ကိုယ်စားပြုခြင်းနှင့်အာမခံခြင်းများ

KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူသည် အောက်တွင်ဖော်ပြထားသည့်အတိုင်း ဤသဘောတူညီချက်ကို လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ကမ္ဘောဇဘဏ် အား ကိုယ်စားပြုပြီး အာမခံသည် –

က။   KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူသည် ဤသဘောတူညီချက်အား လက်မှတ်ရေးထိုးရန် လုပ်ပိုင်ခွင့် အပြည့်အဝရှိသူဖြစ်သည်။

ခ။    ဤသဘောတူညီချက်အား KBZPay Wallet Account ပိုင်ရှင်က လက်မှတ်ရေးထိုး၊ ဆောင်ရွက်၊ အကောင်အထည်ဖော်၊ အထမြောက်အောင် ဆောင်ရွက်ခြင်းသည် မည်သည့်သက်ဆိုင်ရာ ဥပဒေများအရ လည်းကောင်း၊ KBZPay Wallet Account ပိုင်ရှင်ဖြစ်သူက သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်များ နှင့် လည်းကောင်း ဝိရောဓိဖြစ်မှု၊ ချိုးဖောက်မှု၊ သို့မဟုတ် ချိုးဖောက်မှုကိုဖြစ်စေမှု သို့မဟုတ် ပျက်ကွက်မှုကိုဖြစ်စေမှုများမရှိပါ။

၂၂။ ငွေချေးယူသူနှင့်ဆက်သွယ်ခြင်း

က။   ဤသဘောတူညီချက်တွင်ပြုလုပ်သည့် အပြောင်းအလဲများနှင့်ပတ်သက်ပြီး အသိပေး အကြောင်း ကြားမှု အပါအဝင် အသိပေးအကြောင်းကြားမှု၊ ထုတ်ဖော်ပြောဆိုမှုနှင့် အခြားသော ဆက်သွယ်မှု အားလုံး (စုပေါင်း၍ “ဆက်သွယ်မှုများ”) သည် ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းသဘောဖြင့် in-App notifications, text messages (SMS) မှလည်းကောင်း၊ KBZPay Wallet Account နှင့်ဆက်နွယ်ပြီးပေးထားသည့် အီးမေးလ် လိပ်စာမှလည်းကောင်း ငွေချေးယူသူ ထံသို့ဆက်သွယ်သွားမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်ကပြုလုပ်သည့် မည်သည့်ဆက်သွယ်မှုမဆိုသည် အထက်တွင်ဖော်ပြထားသည့် ဆက်သွယ်မှုနည်းလမ်းများအားဖြင့် အီလက်ထရောနစ် နည်းဖြင့်ပြလုပ်ပြီးဆိုသည်နှင့် ထိုဆက်သွယ်မှုကိုဆောင်ရွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည်။

ခ။ ငွေချေးယူသူ၏ သတင်းအချက်အလက်(နေရပ်လိပ်စာ၊ အလုပ်ရှင်အမည်၊ KBZPay Wallet Account ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ ဘဏ်စာရင်း၊ အမျိုးသားမှတ်ပုံတင်အမှတ်) အစရှိသည်တို တစ်စုံတစ်ရာပြောင်းလဲ၊ ပျက်စီး၊ ပျောက်ဆုံးမှုရှိပါက ငွေချေးယူသူသည် ကမ္ဘောဇဘဏ်သို့ ချက်ချင်း အကြောင်းကြားပေးရမည်ကို သိရှိသဘောတူပါသည်။

၂၃။ ဘဏ်၏ရပိုင်ခွင့်များအားစွန့်လွှတ်မှုမရှိခြင်း

ကမ္ဘောဇဘဏ်မှ ဤသဘောတူညီချက်ပါ မည်သည့်အခွင့်အာဏာ သို့မဟုတ် အခွင့်အရေးအား ကျင့်သုံးမှုမရှိခြင်း၊ ကျင့်သုံးရန်နှောင့်နှေးခြင်း သို့မဟုတ် ကျင့်သုံးရန်ပျက်ကွက်ခြင်းသည် ထိုသို့သော အခွင့်အာဏာ သို့မဟုတ် အခွင့်အရေးအားစွန့်လွှတ်ခြင်းဟု မှတ်ယူခြင်းမရှိစေရ။ ထိုသို့သော အခွင့် အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်တစ်ခုချင်းစီကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကျင့်သုံးခြင်း သည် အခြားသော ကျင့်သုံးမှု သို့မဟုတ် မည်သည့်အခွင့်အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်ကို အဟန့် အတားမဖြစ်စေရ။

၂၄။ လျော်ကြေးပေးခြင်းနှင့် တာဝန်ယူမှုကန့်သတ်ချက်

က။   ငွေချေးယူသူဘက်က ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များအား ချိုးဖောက်ခြင်း၊ သို့မဟုတ် ငွေချေးယူသူ၏ KBZPay Wallet Account  ကို အလွဲသုံးစားပြုလုပ်ခြင်း၊ လျစ်လျူရှုခြင်း၊ တလွဲဆောင်ရွက်ခြင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကမ္ဘောဇဘဏ်အနေဖြင့် ကျခံရမည့်၊ ဆုံးရှုံးရမည့်၊ ခံစားရမည့် အပြည့်အဝကျခံပေးရမည့် တရားစရိတ်အပါအဝင် ပျက်စီးမှု၊ တာဝန်ရှိမှု၊ ဆုံးရှုံးမှု၊ ကုန်ကျစရိတ် နှင့် အသုံးစရိတ်များနှင့်စပ်လျဉ်းပြီး ကမ္ဘောဇဘဏ်အား အရေးဆိုခြင်း၊ တောင်းဆိုခြင်း၊ အရေးယူဆောင်ရွက်ခြင်း နှင့် တရားစွဲဆိုခြင်းများ နှင့်/သို့မဟုတ် ဤသဘောတူညီချက်နှင့် စပ်လျဉ်းပြီး ပေါ်ပေါက်လာရသော အခြားသောဆောင်ရွက်ချက်၊ အကြောင်းအရာ သို့မဟုတ် အဖြစ်အပျက်အတွက် ငွေချေးယူသူက ပေးလျော်ရမည်ဖြစ်ပြီး မိမိတို့အား အပြည့်အဝ လျော်ကြေးပေးရမည်။

ခ။    KBZPay ချေးငွေဝန်ဆောင်မှုအား အသုံးပြုခြင်းကြောင့်ဖြစ်စေ၊ မအောင်မြင်သော ငွေလွှဲပြောင်းမှု၊ Application ကျသွားမှု၊ လုပ်ပုံမှားယွင်းမှု၊ ကွန်ယက် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အလုံးစုံပျက်စီးမှု၊ အချက်အလက်ထုတ်ယူမှုစနစ် ချွတ်ယွင်းမှု၊ ကွန်ပျူတာတာဆက်သွယ်မှုစနစ် သို့မဟုတ် တယ်လီဖုန်း ဆက်သွယ်မှုစနစ်ချွတ်ယွင်းမှု သို့မဟုတ် အခြားသောအကြောင်းများကြောင့်ဖြစ်စေ၊ ကမ္ဘောဇဘဏ် သို့မဟုတ် အထက်ပါစနစ်များနှင့် ပတ်သက်သည့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမဆို ထိန်းချုပ်နိုင်သည် ဖြစ်စေ၊ ထိန်းချုပ်နိုင်ခြင်းမရှိသည်ဖြစ်စေ ပေါ်ပေါက်လာရသည့် မည်သည့် ပျက်စီးမှု၊ ဆုံးရှုံးမှုကြောင့်မဆို KBZPay Wallet Account  ပိုင်ရှင် အနေဖြင့် မည်သို့ခံစားရသည်ဖြစ်စေ ကမ္ဘောဇဘဏ်တွင် တာဝန်မရှိစေရ။

၂၅။ လွှမ်းမိုးသောဥပဒေ

ဤသဘောတူညီချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများအရ အနက်ဖွင့်ဆိုရမည်။ စာချုပ်ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စီရင်ပိုင်ခွင့်ရှိ တရားရုံးများတွင် မည်သည့်စီရင်ပိုင်ခွင့်တွက်မဆို အပြီးသတ်ဆုံးဖြတ်ချက်ကို ခံရယူရမည်ဖြစ်သည်။

၂၆။ ဆက်လက်အသက်ဝင်ခြင်း

ဤသဘောတူညီချက်ပါ ပြဌာန်းချက်သည် သီးခြားသက်ရောက်မှုရှိသည်။ ဤသဘောတူညီချက်ပါ ပြဌာန်းချက်တချို့သည် ဥပဒေနှင့်မညီခြင်း၊ ခိုင်မာမှုမရှိခြင်း၊ ဥပဒေနှင့်အညီဆောင်ရွက်ရန် အာနိသင် မရှိခြင်းတို့ ဖြစ်ပေါ်လာလျှင် ယင်းပြဌာန်းချက်သာလျှင် ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဌာန်းချက်များသည် ဥပဒေအရခိုင်မာမှု၊ တည်မြဲမှု၊ အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။

၂၇။ ကန့်သတ်မှုသက်တမ်းကုန်ဆုံးခြင်း

ကိုယ်ပိုင်ချေးငွေ အတွက် ကမ္ဘောဇဘဏ်က ငွေချေးယူသူထံသို့ ပေးထားသည့် ကန့်သတ်ချက်သည် စတင် ထုတ်ပေးသည့်နေ့မှ တစ်လအတွင်း ကုန်ဆုံးမည်ဖြစ်သည်။

၂၈။ ထပ်ဆင့်သဘောတူညီချက်

ငွေချေးယူသူသည် ကမ္ဘောဇဘဏ်မှ ချေးငွေရယူခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့နှင့် သက်ဆိုင်သည့် ချေးငွေဆိုင်ရာသတင်းအချက်အလက် များ၊မှတ်တမ်းများ၊ ဘဏ်စာရင်းဆိုင်ရာအချက်အလက်များ စသည့် မည်သည့်သတင်းအချက်အလက်များကိုမဆို ချေးငွေလျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်အရ သော်လည်းကောင်း၊ စည်းမျဉ်းဆိုင်ရာ လိုအပ်ချက်အရ သော်လည်းကောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့ချေးငွေသတင်း အချက်အလက်ဌါန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပေးပို့ရန် ညွှန်ကြားလာသော အဖွဲ့အစည်းများထံသို့ ဖုန်း၊အီးမေးလ်၊စာတိုပေးပို့ခြင်း (သို့) အခြားဆက်သွယ်ရေးလမ်းကြောင်းများအသုံးပြုပြီး ကျွန်တော်တို့၏ခွင့်ပြုချက် တောင်းခံရန်မလိုဘဲ လုပ်ငန်းလိုအပ်ချက်အတိုင်း အလျဉ်းသင့်သလိုဘဏ်မှ အသိပေးထုတ်ပြန်နိုင်သည်ဟု သဘောတူပါသည်။

ဇယား (က)

အတိုးနှုန်း၊ အခနှင့် နောက်ကျကြေးဆိုင်ရာအသေးစိတ်အချက်အလက်များ

ပုံစံအခ
လျှောက်လွှာခဘဏ်၏မူဝါဒအတိုင်းဖြစ်သည်။ (ကြိုတင်ပေးသွင်းခြင်းရွေးချယ်ရန်)
နောက်ကျကြေး၂၀၀၀ ကျပ် (လစဉ်ပေးချေရမည့်နေ့တွင်ပေးချေရန်ပျက်ကွက်ခြင်း)
ပျက်ကွက်မှုအတိုး (ငွေချေးယူသူ ၏ပျက်ကွက်မှုကြောင့်ဖြစ်လျှင်)တစ်နှစ်လျှင် ၁၂%
ကြိုတင် ငွေပေးချေခြင်းနှင့် ကြိုတင်အကောင့်ပိတ်သိမ်းခြင်းက။ ချေးငွေရယူပြီးနောက် ၆ လအတွင်း ဆောလျင်စွာစာရင်းပိတ် ခြင်းမပြုရ။ခ။ ချေးငွေအားထုတ်ပေးပြီးနောက် (၆လ နောက်ပိုင်း) ချေးငွေ တင်ကြိုစာရင်းပိတ်လျှင် ကြွေးကျန် အားလုံး၏ အတိုးနှုန်း ၃%ဂ။ လက်ရှိ လစဉ်ကြွေးကျန်ပမာဏထက် ပိုသော မည်သည့် ပေးချေမှုမျိုးကို မဆို  ငွေချေးယူသူမှ ပေးချေလျှင် အတိုး ၃% ကောက်ခံခြင်း။
အတိုးနှုန်းတစ်နှစ်လျှင် ၁၄.၅%တစ်လလျှင် ၁.၂၁%

ဤသဘောတူညီချက်ပါ စည်းမျဉ်းစဉ်းကမ်းသတ်မှတ်ချက်များသည် စာချုပ်ပါ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ သာမက ၎င်းတို့၏ အမွေခံများ၊ ကိုယ်စားလှယ်များ၊ လွှဲအပ်ထားသူများနှင့် ဆက်ခံသူ အားလုံး တို့အပေါ်လည်း စည်းနှောင်အကျိုးသက်ရောက်မှုရှိစေရမည်။

ဤသဘောတူညီချက်သည် ငွေချေးယူသူမှ လက်မှတ်ရေးထိုးသည့်နေ့ရက်မှ စတင်၍ အကျိုးသက်ရောက် မည် ဖြစ်ပြီး ချေးငွေပေါင်းစုပမာဏအားလုံးနှင့် ချေးငွေကြိုတင်ပြန်လည်ပေးဆပ်ခြင်း အပေါ် ပေးဆပ်ရမည့်ငွေ (ရှိလျှင်) အားလုံးတို့ကို အပြီးအပြေပေးဆပ်ပြီးသည့်နေ့ရက်အထိ အကျုံးဝင် သက်ဆိုင်မည်ဖြစ်သည်။