၁။ KBZPay Christmas Pocket Money Giveaway ကာလသည် ၂၀၂၀ ခုနှစ်  ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့အထိဖြစ်ပါသည်။

၂။ KBZPay Christmas Pocket Money Giveaway ၏ရည်ရွယ်ချက်မှာ KBZPay အဆင့် ၁၊ ၁.၅ နှင့် အဆင့်၂ သုံးစွဲသူများ အားလုံးအတွက်  ခရစ်စမတ်ကာလအတွင်း Pocket Money အစီအစဉ် ဖြင့် ကျပ်သိန်း ၁၀၀၀ အားမျှဝေရယူနိုင်သည့်အခွင့်အရေးရရှိနိုင်မည် ဖြစ်ပါသည်။

၃။ KBZPay Christmas Pocket Money Giveaway အား အစီအစဉ်ကာလအတွင်း ဖြစ်သော ဒီဇင်ဘာလ ၂၄ ရက်နေ့ ည၈နာရီတွင် Pocket money မုန့်ဖိုးအား First round အဖြစ် လည်းကောင်း ၊ကျန်ရှိသည် Round များအား နေ့စဉ် (၂၅ ရက် မှ ၂၇ ရက်ထိ) နေ့လည် ၁၂ နာရီ နှင့် ည ၈ နာရီ တိုင်းတွင် ပေးအပ်သွားမည်ဖြစ်ပါသည်။ မုန့်ဖိုးအား စုစုပေါင်း ၇ ကြိမ်ပေးအပ်သွားမည်ဖြစ်ပါသည်။

 KBZPay သုံးစွဲသူများ (အဆင့်အားလုံး)သည် ဦးရာလူစနစ် ဖြင့် မုန့်ဖိုးရယူနိုင်မည်ဖြစ်ပါသည်။ ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

  • Customers များသည် နေ့စဉ်ညနေ ၁၂ နာရီ နှင့် ည ၈နာရီ အချိန်များတွင် အစီအစဉ် မစတင်ခင်မိမိတို့၏ သူငယ်ချင်းများအား KBZPay အကောင့်အသစ်ဖွင့်ရန်  ဖိတ်ခေါ်နိုင်ပါသည်။ ထို့နောက် မိမိ ဖိတ်ခေါ်သူများထဲမှ ပထမဦးဆုံး KBZPay အကောင့်အသစ်ဖွင့်သူအတွက် ဖိတ်ခေါ်သူ Customer သည် ထိုနေ့ည ၈နာရီနှင့် နေ့ခင်း၁၂ နာရီတွင် ကံထူးသည့် Pocket Money ကို ၀.၁ ဆ ထိ တိုးမြင့်ရရှိမည်ဖြစ်သည်။ (ဉပမာ ၁၀၀၀ ကျပ်မုန့်ဖိုးရရှိပါက ၁၀၀၀ ကျပ်၏ ၀.၁ ဆ ဖြစ်တဲ့ ၁၀၀ ကျပ်အား ထပ်ဆောင်းရရှိကာ စုစုပေါင်း ၁၁၀၀ ကို ရရှိမည်ဖြစ်ပါသည်။)
  • ထို့နောက် ထပ်မံဖိတ်ခေါ်မှုများအတွက် KBZPay အကောင့်အသစ်ဖွင့်သော သူငယ်ချင်း တစ်ဦးချင်းစီအတွက် ၀.၀၅ ဆ စီအဆတိုး၍ pocket money အားရရှိသွားမည်ဖြစ်သည်။ 
  • Pocket money ပမာဏအား ၂ ဆ ထိ အများဆုံးရရှိနိုင်မည်ဖြစ်သည်။ 
  • အကယ်၍ Customer သည် pocket money အား ပထမ Round တွင်မရရှိခဲ့ပါက ဆတိုးကိန်းများအား နောက်round များတွင် ကံထူးသည်အထိ သယ်ဆောင်ခွင့်ရှိသည်။
  • KBZPay အကောင့်ဖွင့်ရန် ဖိတ်ခေါ်မှုများအား နေ့စဉ် မနက် ၁၁:၅၀ နှင့် ညနေ ၇:၅၀ တွင် တွင်ပိတ်သွားမည်ဖြစ်သည်။
  • ထို့ကြောင့် Pocket Money အားဆပွားရရှိစေရန် အသစ်စာရင်းသွင်းခြင်းအား နေ့စဉ် မနက် ၁၁:၅၀ နှင့် ညနေ ၇:၅၀ မတိုင်မီပြုလုပ်ရန်လိုအပ်ပြီး ၁၁:၅၀ နှင့် ၇:၅၀  နောက်ပိုင်းပြုလုပ်သော စာရင်းသစ်များအား နောက် Round တစ်ခုသို့ သယ်ဆောင်သွားမည်ဖြစ်သည်။ 

၄။ တရားဝင်ကြေငြာချက်အားလုံးကို KBZPay ၏ တရားဝင် Facebook စာမျက်နှာ တွင်ပြုလုပ်မည်ဖြစ်ပါသောကြောင့် စောင့်မျှော်ကြည့်ရှု့ရန်တိုက်တွန်းအပ်ပါသည်။ 

၅။ KBZPay Pocket Money Giveaway သည်၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်  တစ်ဦးကို တစ်ရက်လျှင် ၁ ကြိမ် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၅ မှ ၂၇ အထိ တစ်ဦးကို တစ်ရက်လျှင် နေ့လည် ၁၂ နာရီ နှင့် ည ၈ နာရီ ၂ ကြိမ် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။

၆။ Pocket Money ဆုငွေကို ရယူပြီးနောက်၊ သင်၏ KBZPay ပိုက်ဆံအိတ်ထဲသို့ ဆုငွေရရှိရန်မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်ပါသည်။

၇။ KBZPay Pocket Money ငွေသားဆု လက်ခံရရှိပြီးနောက် ၇ ရက်အတွင်း သင်၏ KBZPay အကောင့်ထဲသို့သေချာစွာဝင်ရောက်ပါရန် အကြံပြုလိုပါသည်။ 

၈။ KBZPay ဝန်ထမ်းများသည် campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၉။ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဆုရရှိသူများနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၁။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများ ကအစိုးရပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ ဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့် ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။