KBZPay နဲ့ Skynet Bill ပေးပြီး ပြန်အမ်းငွေ ၁၀% ရယူမယ်

KBZPay ကနေတစ်ဆင့် Skynet ဘေလ်ပေးဆောင်နေကြတဲ့ KBZPay အသုံးပြုသူများအတွက် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းရယူနိုင်မယ့် အစီအစဉ်တစ်ခုကို KBZPay နဲ့ Skynet တို့က မိတ်ဆက်ပေးလိုက်ပါပြီ။ 

အစီအစဉ်ကာလမှာ ဇွန်လ ၁၈ ရက်နေ့  ၂၀၂၂ ခုနှစ် မှ ဇူလိုင်လ ၁၆ ရက်နေ့ ၂၀၂၂ ခုနှစ်အထိဖြစ်ပြီး ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်း ကို  Skynet DTH – လစဉ်ပက်ကေ့ချ်များ ၏ ဘေလ်ပေးဆောင်ခြင်းများအားလုံးအတွက် ရယူနိုင်မှာဖြစ်ပါတယ်။ အစီအစဉ်ကာလအတွင်း ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းကို KBZPay အကောင့်တစ်ခုလျှင် နှစ်ကြိမ်အထိ ရယူနိုင်မှာလည်းဖြစ်ပါတယ်။ 

အခုပဲ KBZPay ကနေ Skynet Bill ပေးဆောင်ပြီး ၁၀ ရာခိုင်နှုန်း ပြန်အမ်းငွေ ရယူလိုက်ကြစို့။ 

စည်းမျဉ်းသတ်မှတ်ချက်များရှိပြီး အသေးစိတ်သိရှိလိုပါက ဤ လင့် ကိုနှိပ်ပါ။ 

ပြန်အမ်းငွေ ရရှိဖို့အတွက် KBZPay Application နောက်ဆုံးအဆင့်သို့ မြှင့်တင်လိုက်ပါ။ 

iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J