Medicare မှာ KBZPay နဲ့ရှင်းပြီး ၁သိန်းကျပ်အထိပြန်အမ်းငွေနှင့်လျှော့‌စျေးကူပွန်ရယူလိုက်ပါ

မိမိနှစ်သက်ရာ အလှအပ၊ အိမ်အသုံးအဆောင်ပစ္စည်းများနဲ့ ဆေးဝါးပစ္စည်းအစုံအလင်ကို တနေရာထဲမှာ စုံလင်စွာရောင်းချပေးနေတဲ့ Medicare မှာ KBZPay နဲ့ရှင်းပြီးပြန်အမ်းငွေနဲ့လျှော့စျေး‌ကူပွန်တွေရယူနိုင်မယ့် အထူးပရိုးမိုးရှင်းအစီအစဉ်ကစောင့်ကြိုနေပါတယ်။ 

ယခုအစီအစဉ်ရဲ့ ထူးခြားချက်တစ်ခုကတော့ စျေးမဝယ်ခင်မှာတင် ၃,၀၀၀ ကျပ်တန်ကူပွန်တွေကို အခမဲ့ ဝင်ရောက်ရယူနိုင်ခြင်းဖြစ်ပါတယ်။  အဆိုပါ လျှော့စျေးကူပွန်ကို ရယူဖို့ဆိုရင်တော့ KBZPay Application အတွင်းမှာရှိတဲ့ ကမ်ပိန်းစာမျက်နှာအတွင်းသို့ ဝင်ရောက်ပြီး ရယူရမှာဖြစ်ပြီး နီးစပ်ရာ Medicare ဆိုင်တွေမှာ အနည်းဆုံး ၁၀,၀၀၀ ကျပ်ဖိုးနှင့်အထက် ဝယ်ယူတာနဲ့ လျှော့စျေးကူပွန်ကို စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။  

ဒါ့အပြင် ၁၅,၀၀၀ ကျပ်နှင့်အထက် ( လျှော့စျေးကူပွန်အသုံးပြုပြီးကျန်ရှိသည့်ပမာဏ) ဝယ်ယူပါကလည်း ၁ သိန်းကျပ်အထိ ပြန်အမ်းငွေတွေ ရယူနိုင်မယ့် အခွင့်အရေးရှိတာဖြစ်လို့ အခုပဲ နီးစပ်ရာ Medicare ဆိုင်တွေမှာဝယ်ယူပြီး KBZPay နဲ့ ရှင်းလိုက်ပါ။ 

အစီအစဉ်ကာလမှာ မတ်လ ၂၅ ရက်နေ့ မှ ၃၁ ရက်နေ့အထိဖြစ်ပြီး နေ့စဉ်ရရှိနိုင်မယ့် ကူပွန် နဲ့ ပြန်အမ်းငွေတွေကို သတ်မှတ်ထားတာဖြစ်လို့ မြန်မြန်ဝယ်ယူဖို့တော့လိုမယ်နော်။ 

အသေးစိတ် ကို ယခုလင့်ခ်မှတဆင့်ကြည့်ရှုလိုက်ပါ။ 

KBZPay ရဲ့စိတ်ဝင်စားဖွယ်အစီအစဉ်တိုင်းမှာပါဝင်နိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ 

iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J