သီတင်းကျွတ် မှာ KBZPay ကနေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် အထိမုန့်ဖိုးမျှဝေရယူပါ

ဒီအစီစဉ်မှာ KBZPay User အားလုံပါဝင်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ပါဝင်ကံစမ်းလိုသူများ အနေဖြင့် ဆီမီး အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်နှင့် ခရမ်းရောင် ဆီမီးအရောင် (၅) ရောင်ကို အရောင်စုံအောင် စုဆောင်းရမှာ ဖြစ်ပါတယ်။ အရောင် (၅)ရောင်အပြင် ကြိုက်နှစ်သက်ရာ ဆီမီးအရောင်ကိုပြောင်းလဲနိုင်တဲ့ ကံကောင်းခြင်းဆီမီးကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

ဆီမီးရောင်စုံ စုဆောင်းနိုင်ဖို့ နည်းလမ်း (၄) မျိုးရှိပါတယ်။ ထိုနည်းလမ်းတွေကတော့ …

(၁) KBZPay App ထဲမှ ဒီအစီအစဉ်ရဲ့ သီတင်းကျွတ်မုန့်ဖိုး Campaign Banner ကိုနှိပ်ပြီး တစ်ရက်ကိုတစ်ကြိမ် Daily Check-in လုပ်ရုံနဲ့ ဆီမီးတစ်ခုရရှိမှာ ဖြစ်ပါတယ်။

(၂) KBZPay အကောင့်ကို စာရင်းတင်သွင်း အသုံးမပြုရသေးသော သူငယ်ချင်းတွေကို KBZPay App ကို အသုံးပြုဖို့ ဖိတ်ခေါ်ခြင်းဖြင့်လည်း ဆီမီးခွက်ရရှိနိုင်ပါတယ်။ 

(၃) KBZPay App ရဲ့ Message Tab ထဲမှ KBZPay Official Channel ရှိ သီတင်းကျွတ်မုန့်ဖိုး အစီအစဉ်ကို နှိပ်ကြည့်လိုက်တာနဲ့ ကျပန်း ဆီမီးတစ်ခု ရရှိမှာဖြစ်ပါတယ်။

(၄) KBZPay App ကိုအသုံးပြုပြီး QR /Shortcode အသုံးပြုငွေချေခြင်း၊ ဖုန်းဘေလ် Topup လုပ်ခြင်း၊ Data package ဝယ်ယူခြင်းတို့ကို  တစ်နေ့ (၃) ကြိမ် အနည်းဆုံး ငွေပမာဏ (၅၀၀၀) ကျပ်အသုံးပြုခြင်းဖြင့်  တစ်ကြိမ်လျှင် ဆီမီးခွက် တစ်ခုရရှိမှာဖြစ်ပါတယ်။

သီတင်းကျွတ်မုန့်ဖိုးရယူနိုင်မို့ ဆီမီးစုဆောင်းနိုင်မယ့် ကာလကတော့ အောက်တိုဘာလ (၁၅ ရက်နေ့မှ ၂၁) ရက်နေ့ထိဖြစ်ပြီး မုန့်ဖိုးရယူနိုင်မယ့်ကာလကတော့ အောက်တိုဘာလ (၁၉ ရက်နေ့မှ ၂၁ ရက်နေ့) အထိနေ့စဉ်ည ၈:၃၀ မှာ ရယူနိုင်ပါတယ်။

ဆီမီး ရောင်စုံ (၅) ခု စုဆောင်းနိုင်သူများက အောက်တိုဘာလ (၁၉ ရက်နေ့မှ ၂၁ နေ့အထိ)၊ ည ၈:၃၀ မှာ သီတင်းကျွတ်မုန့်ဖိုးကို ဖွင့်ယူနိင်မှာဖြစ်ပြီး၊ ဆီမီးများများ စုဆောင်းထားတဲ့သူတွေကလည်း ပိုနေတဲ့ဆီမီးတွေကို ည ၈ နာရီခွဲမတိုင်ခင် သူငယ်ချင်းတွေထံသို့ ပို့ပေးနိုင်ပါတယ်။

သီတင်းကျွတ်မုန့်ဖိုး ရရှိဖို့ KBZPay အသုံးပြုပြီး ဆီမီးခွက်တွေများများ စုဆောင်းကြပါစို့။ အစီအစဉ်ရဲ့ အသေးစိတ်အချက်လက်များကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာလိုက်ပါ။

ဆီမီးခွက်လေးတွေကို စုဆောင်းနည်း ဗီဒီယို ကိုကြည့်ရှုရန်။

KBZPay App ကို ရယူရန် –
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9