၅၀၀ ကျပ်ထဲနဲ့ KBZPay မှာ Wepozt နဲ့ Deli ပို့မယ် 

၅၀၀ ကျပ်ထဲနဲ့ Deli ပို့မယ်။ 

KBZPay ထဲမှာရှိတဲ့ Wepozt Mini App ကနေ့ 1 kg မှ 3 kg အလေးချိန်အထိရှိသော ပစ္စည်းပို့ဆောင်ခြင်းများအတွက် ပို့ဆောင်မှုတစ်ကြောင်းကို ၅၀၀ ကျပ်သာကျသင့်မှာဖြစ်တဲ့အတွက် ပို့စရာတွေရှိနေရင်တော့ Wepozt နဲ့သာပို့ဆောင်လိုက်ပါ။

အစီအစဉ်ကာလကတော့ နိုဝင်ဘာလ ၂၀ ရက်နေ့ ကနေ ဒီဇင်ဘာလ ၃ ရက်နေ့ ၂၀၂၃ ခုနှစ်အထိဖြစ်ပြီး အသုံးပြုသူတစ်ဦးလျှင် ၃ ကြိမ်အထိ ၅၀၀ ကျပ်ဖြင့် ပစ္စည်းပို့ဆောင်နိုင်မှာဖြစ်ပါတယ်။  ထပ်တိုးအလေးချိန် 1 kg တိုင်းအတွက် သတ်မှတ်ထားသည့် ပုံမှန်ကျသင့်ငွေ အတိုင်းပေးဆောင်ရမည်ဖြစ်သည်။

သတ်မှတ်ချက်များပါရှိပြီး အသေးစိတ်ကို ဒီနေရာ မှာဖတ်ရှုနိုင်ပါတယ်။ 

မြန်မာနိုင်ငံအနှံ့ပို့ဆောင်မှုများအတွက် Wepozt Mini App ကိုသုံးပြီး အစီအစဉ်ကာလအတွင်း ပစ္စည်းပို့ဆောင်ခြင်းများအတွက် ၅၀၀ ကျပ်ဖြင့် ပို့ဆောင်ဖို့ အခုပဲ ဒီနေရာ ကိုနှိပ်ပါ။ 

KBZPay ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တိုင်းမှာ ပါဝင်နိုင်ဖို့ နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ 

iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J