အဆင့် ၁ – KBZPay application သို့ Login ဝင်ပါ။ Android နှင့် iOS နှစ်မျိုးလုံးတွင်ရနိုင်ပါသည်။
အဆင့် ၂ – သင်၏ account အတွင်းသို့ One-time Password (OTP) သုံးပြီး Login ဝင်ပါ။ သင်၏ OTP သို့မဟုတ် PIN number အားအခြားသူထံမည်သောအခါမျှထုတ်ဖော်ပြောဆိုခြင်းမပြုပါနှင့်။
အဆင့် ၃ – KBZPay homepage တွင် KBZPay ဈေးဝယ်ချေးငွေကို ကိုနှိပ်ပါ။
အဆင့် ၄ – ဈေးဝယ်ချေးငွေ screen  ပေါ်ရှိ ယခုလျှောက်ထားမည်ကိုနှိပ်ပါ။

ရှိပါသည်။

က။ KBZPay Level 2 အကောင့် ရှိရပါမည်။ သင့်ထံတွင် Level 1 သို့မဟုတ် Level 1.5 account သာ အနီးဆုံးဘဏ်ခွဲ သို့မဟုတ် agent ထံသွားပြီး Level 2 အဆင့်သို့မြှင့်တင်ပါ။
ခ။ သင်သည် ပုံမှန် လခစားဝန်ထမ်း ဖြစ်ရပါမည်။
ဂ။ KBZPay wallet တွင် လျှောက်လွှာခအတွက် လက်ကျန်ငွေရှိရပါမည်။

ဃ။ တောင်းခံသည့် လျှောက်ထားမှုဆိုင်ရာခွင့်ပြုချက်ကိုပေးရမည်ဖြစ်ပါသည်။

ပေးဆောင်ရန်မလိုပါ။ သို့ရာတွင် ချေးငွေလျှောက်ထားစဉ်ကာလ အတွင်း လျှောက်လွှာခ ပေးဆောင်ရမည်ဖြစ်သည်။ လျှောက်ထားချိန်တွင် သင်၏ KBZPay wallet အတွင်း လက်ကျန်ငွေ အလုံအလောက်ရှိရန်လိုအပ်ပါသည်။ လျှောက်လွှာခကို သင်၏ KBZPay wallet အတွင်းမှ အလိုအလျောက်ဖြတ်တောက်သွားမည်ဖြစ်ပါသည်။

KBZPay Level 2 customers များဖြစ်သည့် ပုံမှန်လခစားဝန်ထမ်းအားလုံးအနေဖြင့် ဈေးဝယ်ချေးငွေကို လျှောက်ထားနိုင်ပါသည်။

လျှောက်ထား၍မရနိုင်ပါ။ သင့်အနေဖြင့် သင်၏မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်စသည်တို့နှင့် ပူးပေါင်းဝင်ငွေပြပြီး လျှောက်ထား၍မရပါ။

လက်ရှိအားဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင်သာရနိုင်ပါသေးသည်။ မကြာမီအချိန်အတွင်း ပဲခူး၊ ပုသိမ်၊ တောင်ကြီးနှင့် အခြားသောမြို့များတွင်ရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ KBZPay၏တရားဝင် facebook page မှနေ၍ customer များထံသို့အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါသည်။ KPZPay နှင့်ပတ်သက်သည့်နောက်ဆုံးသတင်းအချက်အလက်များကိုသိရှိနိုင်ရန်အတွက် KBZPay၏ facebook page ကို follow လုပ်ထားရန်လိုပါသည်။

၁။ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးထောက်ခံစာ

၂။  လျှပ်စစ်မီတာခတောင်းခံလွှာ

၃။ လွန်ခဲ့သည့် ၃ လအတွင်းကထုတ်ပေးထားသည့် လစာဖြတ်ပိုင်း သို့မဟုတ် လစာထုတ်ပေးမှုနှင့် သက်ဆိုင်သည့် အလုပ်ရှင်၏ထောက်ခံစာ။

၄။ သင်မှတ်ပုံတင်ထားသည့်လိပ်စာမှ selfie။ (ယင်းကို လျှောက်လွှာတင်သည့်အချိန်တွင်ဆောင်ရွက်ရမည်။)

KBZPay ဈေးဝယ်ချေးငွေ လျှောက်ထားရာတွင် မဖြစ်မနေဆောင်ရွက်ရမည့်အဆင့်  (၇) ဆင့်ရှိပါသည်။

အဆင့် ၁ – ချေးငွေပမာဏနှင့်သအရစ်ကျပေးသွင်းသည့်အချိန်ကာလကိုရွေးရန် (အနိမ့်ဆုံးချေးငွေပမာဏမှာ ကျပ် ၂၀၀,၀၀၀ ဖြစ်ပြီး အမြင့်ဆုံးချေးငွေပမာဏမှာ ကျပ် ၅,၀၀၀,၀၀၀ ဖြစ်ပါသည်)
အဆင့် ၂ – လိပ်စာကိုစစ်ဆေးရန်။ KBZPay မှတ်ပုံတင်စဉ်ပေးထားသည့်လိပ်စာမှပြောင်းရွှေ့လျှင် လိပ်စာ ကိုနောက်ဆုံးအခြေအနေနှင့်ကိုက်ညီအောင်ဖော်ပြရန်။
အဆင့် ၃ – ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုဖြည့်စွက်ရန်။
အဆင့် ၄ – အလုပ်အကိုင်နှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ဖြည့်စွက်ရန်။
အဆင့် ၅ – စာရွက်စာတမ်းအထောက်အထားများအား upload လုပ်ရန်။
အဆင့် ၆ – အခြားသောဖြည့်စွက်ရမည့်အချက်အလက်များကိုဖြည့်ရန်။အဆင့် ၇ – လျှောက်လွှာတင်သည့်အချိန်တွင် selfie ရိုက်ပြီး မျက်နှာကိုမှတ်တမ်းတင်ရန်။

အာမခံသူမလိုအပ်ပါ။ သို့ရာတွင် ဆက်သွယ်ရမည့်သူ၏ အသေးစိတ်အချက်အလက်ကို တောင်းခံသွား မည်ဖြစ်ပါသည်။

အလုပ်ချိန်တစ်ရက်ကြာပါမည်။ KBZPay ကသင်၏လျှောက်လွှာအားစီစစ်ပြီး နောက်တွင် အခြေအနေကိုအသိပေးသွားမည်ဖြစ်ပါသည်။

အဆင့် ၁ – KBZPay အတွင်းသို့ Login ဝင်ပါ။
အဆင့် ၂ – homepage တွင် KBZPay ဈေးဝယ်ချေးငွေ ကိုနှိပ်ပါ။ KBZPay ဈေးဝယ်ချေးငွေ ကိုနှိပ်လျှင် application status screen ကိုတွေ့မည်ဖြစ်ပါသည်။သင်၏လျှောက်လွှာ အခြေအနေအပြောင်းအလဲကို in-app notification လည်းရရှိမည်ဖြစ်ပါသည်။

ထပ်မံလျှောက်ထားရန်အတွက် (၃) လစောင့်ရမည်ဖြစ်ပါသည်။ သိရှိလိုသည်များရှိပါ အောက်ပါအတိုင်း KBZPay Call Center သို့ဆက်သွယ်မေးမြန်းနိုင်ပါသည် –

MPT အသုံးပြုသူများ: +959969963211

အခြားသော sim အသုံးပြုသူများ: 3211

သိရှိလိုသောအကြောင်းအရာများ၊ ကိစ္စရပ်များနှင့် ပတ်သက်၍ [email protected] သို့လည်းဆက်သွယ်စုံစမ်း နိုင်ပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ ရှင်းလင်းပြတ်သားမှုမရှိသည့်/ပြည့်စုံမှုမရှိသည့် စာရွက်စာတမ်းအထောက်အထားများ အား upload လုပ်မိသည့်အတွက်ကြောင့်ဖြစ်ပါသည်။

အဆင့် ၁ – KBZPay သို့ Login ဝင်ပါ။

အဆင့် ၂ – App ရှိ Homepage တွင် KBZPayဈေးဝယ်ချေးငွေ ကိုနှိပ်ပါ။ KBZPay ဈေးဝယ်ချေးငွေကိုနှိပ်လျှင် လျှောက်လွှာသည်ပြည့်စုံမှုမရှိသည့်အခြေအနေကိုတွေ့ရမည်ဖြစ်ပါသည်။

အဆင့် ၃ – ‘စာရွက်စာတမ်းများတင်ပါ’ နေရာ ကိုနှိပ်ပါ။ ရှင်းလင်းမှုမရှိသည့်/ပြည့်စုံမှုမရှိသည့် စာရွက်စာတမ်း အထောက်အထားကို အဝါရောင်ဖြင့်ပြသထားသည်ကိုတွေ့ရပါမည်။ ရှင်းလင်းပြတ်သားသော/ပြည့်စုံသော စာရွက်စာတမ်းအထောက်အထားများအားပြန်လည် upload လုပ်ပေးရမည်ဖြစ်ပါသည်။

အဆင့် ၄ – လျှောက်လွှာအား ထပ်မံတင်ပါ။

လက်ရှိအားဖြင့် လျှောက်လွှာပါအသေးစိတ်အချက်အလက်များအားပြင်ဆင်ခွင့်မပြုသေးပါ။

အဆင့် ၁ – KBZPay သို့ Login ဝင်ပါ။
အဆင့် ၂ – Application ရှိ KBZPay ဈေးဝယ်ချေးငွေ homepage ကိုနှိပ်ပါ။ KBZPay ဈေးဝယ်ချေးငွေ ကိုနှိပ်လိုက် သည်နှင့် KBZPay ၏ မိတ်ဖက်ဆိုင်များတွင် အသုံးပြုနိုင်သည့် ချေးငွေပမာဏကိုတွေ့ရမည် ဖြစ်သည်။
အဆင့် ၃ – ‘ဈေးဝယ်ချေးငွေ လျှောက်လွှာအောင်မြင်ပါသည်’ screen ပေါ်ရှိ “ယခု အသုံးပြုပါ ၏အောက်နားတွင် ဆိုင် များ၏စာရင်းကိုတွေ့နိုင်ပါသည်။
အဆင့် ၄ – Shopper loan အားမည်သို့စီစဉ်ရမည် ဆိုသည်နှင့်တာဝန်ရှိရှိဝယ်ယူမှုအကြောင်းသိရှိနိုင်ရန်အတွက် ဝန်ဆောင်မှုဗီဒီယိုကိုကြည့်ပါ။
အဆင့် ၅ – ပေးထားသည့် QR code ကိုရရန် ‘ဈေးဝယ်ချေးငွေ လျှောက်လွှာအောင်မြင်ပါသည်’ screen ပေါ်ရှိ “ယခု အသုံးပြုပါ” ကိုနှိပ်ပါ။ မည်သည့် မိတ်ဖက်ဆိုင် ထံတွင်မဆို ပစ္စည်းဝယ်ယူရန် အတွက် ဤ QR code အား အသုံးပြုနိုင်ပါသည်။ မှတ်သားရန်မှာ ထို QR code အား screen shot ရိုက်ယူထားခြင်း သို့မဟုတ် save လုပ်ထားခြင်းများမလုပ်ပါနှင့်။ အဘယ်ကြောင့်ဆိုသော် ယင်း QR code  သည် ပြောင်းလဲနေမည်ဖြစ်ပြီး ပစ္စည်းဝယ်ယူနေချိန်တွင် update လုပ်သွားမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။
အဆင့် ၆- သင့်အနေဖြင့် မိတ်ဖက်ဆိုင် သို့ရောက်ရှိနေပြီး ဝယ်ယူမည့်ပစ္စည်းကိုရွေးချယ်ပြီးပြီဆိုပါက ငွေချေမည့်အချိန်တွင် QR code အား မိတ်ဖက်ဆိုင် ကိုပြပါ။ မိတ်ဖက်ဆိုင်က QR Code ကို scan ဖတ်ပြီး သင်ဝယ်ယူသည့် ပစ္စည်းအသေးစိတ်ကိုထည့်သွင်းမည်ဖြစ်သည်။ မိတ်ဖက်ဆိုင်သည်  ပြေစာနှင့် ပစ္စည်းကိုလည်း ဓာတ်ပုံရိုက်ယူထားမည်ဖြစ်ပါသည်။
အဆင့် ၇ – သင်ဝယ်ယူလိုက်သည့်ပစ္စည်း၏အသေးစိတ်စာရင်းကို စစ်ရန်အတွက် သင်၏ KBZPay app တွင် အသိပေးမှုဝင်လာမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များနှင့် မိတ်ဖက်ဆိုင် ဖြစ်သူကထည့်သွင်းလိုက်သည့် ဓာတ်ပုံများတိကျမှန်ကန်မှုရှိ/မရှိဆိုသည်ကိုစစ်ပါ။ သင်ဝယ်ယူသည့်ပမာဏသည် သင်၏ချေးငွေပမာဏထက် ကျော်လွန်နေသည်ဆိုပါက သင့်အနေဖြင့် ကြိုတင်ငွေပမာဏအား မိတ်ဖက်ဆိုင် ထံသို့ပေးသွင်းရမည်ဖြစ်ပါသည်။ ကြိုတင်ငွေပမာဏကို ဝယ်ယူထားသည့်အနှစ်ချုပ်  နှင့် ချေးငွေလုပ်ဆောင်မှုအနှစ်ချုပ် screen များပေါ်တွင် တွေ့မြင် နိုင်မည်ဖြစ်ပါသည်။
အဆင့် ၈ – အရစ်ကျပေးသွင်းသည့်အချိန်ကာလ၊ ပြန်လည်ပေးချေးရမည့်ရက်စွဲနှင့် စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ အားသဘောတူညီချက်ကိုရွေးပါ။
အဆင့်  ၉- ငွေပေးချေရန်ကတိစာချုပ်နှင့် ချေးငွေသဘောတူညီမှုအတွက် သင်၏ ဒစ်ဂျစ်တယ် လက်မှတ် ကိုပေးပါ။အဆင့် ၁၀ – သင်ဝယ်ယူထားသည့်ပစ္စည်းကိုခံစားခွင့်ရယူလိုက်ပါ။

မိတ်ဖက်ဆိုင်များတွင် QR ကုဒ်ကိုပြပြီးပစ္စည်းဝယ်ယူနိုင်မည် ဖြစ်ပါသည်။ QR ကုဒ်၏သက်တမ်းမှာ တစ်လဖြစ်ပါသည်။ – ဈေးဝယ်ချေးငွေ လျှောက်လွှာအောင်မြင်ပါသည် screen ပေါ်ရှိ “ယခု အသုံးပြုပါ” button ၏အောက်နားတွင် မိတ်ဖက်ဆိုင်များ၏စာရင်းကိုတွေ့နိုင်ပါသည်။

KBZPay Call Center သို့အောက်ပါအတိုင်းဆက်သွယ်နိုင်ပါသည် –

MPT အသုံးပြုသူများ – +959969963211

အခြား SIM card အသုံးပြုသူများ – 3211

သိရှိလိုသောအကြောင်းအရာများ၊ ကိစ္စရပ်များနှင့် ပတ်သက်၍ [email protected] သို့လည်းဆက်သွယ်စုံစမ်း နိုင်ပါသည်။

ဝယ်နိုင်ပါသည်။ ကျော်လွန်သွား သည့်ပမာဏ ကနဦးပေးငွေ ပေးချေနိုင်ပါသည်။ ချေးငွေထက်ကျော်လွန် သည့်မည်သည့်ပမာဏအတွက်မဆို မိတ်ဖက်ဆိုင်ကကြိုတင်ငွေအဖြစ် ကောက်ခံသွားမည်ဖြစ်ပါသည်။ ကြိုတင်ငွေပမာဏကို ဝယ်ယူထားသည့်အနှစ်ချုပ်နှင့် ချေးငွေလုပ်ဆောင်မှုအနှစ်ချုပ်screen များပေါ်တွင် တွေ့မြင် နိုင်မည်ဖြစ်ပါသည်။

ကျန်ရှိသည့်ချေးငွေပမာဏကို အသုံးမပြုနိုင်ပါ။ KBZPay ဖြင့် တစ်ကြိမ်လျှင် ချေးငွေတစ်ခုသာရနိုင်ပါသည်။

ရွေးနိုင်ပါသည်။ အချိန်ကာလ ၃ ခု အနက် တစ်ခုကိုရွေးနိုင်ပါသည်။ ရရှိနိုင်သည့်သအချိန်ကာလများမှာ ၁၂ လ၊ ၁၈ လ နှင့် ၂၄ လဖြစ်ပါသည်။

customer များအနေဖြင့် လစဉ် (၁) ရက်နေ့မှ (၇) ရက်အတွင်း သို့မဟုတ် (၂၀ ) ရက်နေ့မှ လ၏နောက်ဆုံး ရက်အတွင်း ရွေးချယ်၍ပြန်ဆပ်နိုင်ပါသည်။ ပထမအကြိမ်ပြန်ဆပ်ရမည့်ရက်မကျရောက်မီ customer များအား အနည်းဆုံးရက် (၃၀) ပေးထားပါမည်။

မိတ်ဖက်ဆိုင်ထံတွင် ပစ္စည်းဝယ်ယူရန်ချေးငွေလျှောက်ထားချိန်၌ ချေးငွေလျှောက်လွှာတွင် အတိုးနှုန်းကို ဖော်ပြထားမည်ဖြစ်ပါသည်။ အတိုးနှုန်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏သတ်မှတ်ချက်များအတိုင်းဖြစ်ပါသည်။ ချေးငွေအားအတည်ပြုပြီးနောက် ချေးငွေစာရင်းတွင်တောင်းခံသည့် အတိုးနှုန်းကိုစစ်ဆေးလိုသည်ဆိုပါက  ချေးငွေသဘောတူညီချက်ကိုကြည့်ရှုနိုင်ပါသည်။

တန်ဖိုးလျော့စနစ်  (reducing balance) နည်းလမ်းကိုသုံးပြီး  လစဉ်ပေးသွင်းရမည့်အရစ်ကျများ ကိုတွက်ချက်ပါသည်။

သင်နှစ်သက်သည့်အချိန်တွင် ပြန်ဆပ်ရန်ရွေးနိုင်ပါသည်။ နောက်ဆုံးထားပြန်ဆပ်ရမည့်နေ့တွင် ပြန်ဆပ်ခြင်းမပြုပါက ထိုနောက်ဆုံးထားပြန်ဆပ်ရမည့်နေ့တွင် လစဉ် ပြန်ဆပ် မှုအား KBZPay wallet မှ အလို အလျောက်နှုတ်ယူသွားမည်ဖြစ်ပါသည်။

ချေးငွေအတွက် စောလျှင်စွာပေးချေမှုလုပ်လိုသည်ဆိုပါက အောက်ပါအတိုင်းဆောင်ရွက်ရမည် ဖြစ်ပါသည် –

အဆင့် ၁ – KBZPay သို့ Login ဝင်ပါ။
အဆင့် ၂ – အပ်ပလီကေးရှင်းရှိ KBZPay စျေးဝယ်ချေးငွေ ပင်မစာမျက်နှာကိုနှိပ်ပါ။ KBZPay စျေးဝယ်ချေးငွေကိုနှိပ်လိုက် သည်နှင့်  သင့်တွင်ငွေပြန်ဆပ်နေသောလက်ရှိချေးငွေရှိသည်screen ကိုမြင်တွေ့ရမည်ဖြစ်သည်
အဆင့် ၃-  screen ၏အပေါ်ဖက်ပိုင်းညာဘက်ထောင့်တွင်ရှိသည့် Calendarပုံကိုနှိပ်ပါ။
အဆင့် ၄ – “ချေးငွေပေးဆောင်မှု”ကိုနှိပ်ပါ။
အဆင့် ၅ – ပေးချေရမည့်ပမာဏအားပေးချေရန် “ပြန်ဆပ်မည်” ကိုနှိပ်နိုင်ပါသည်။ ပြန်ဆပ်မည့်ပမာဏ ကိုပြင်ဆင်ရန် ခဲတံပုံကိုနှိပ်ပါ။
အဆင့် ၆ – ချေးငွေပေးဆောင်မှုကိုအတည်ပြုရန် PIN ကိုရိုက်ထည့်ပါ။

ချေးငွေမှကျန်ရှိသည့်ပြန်ဆပ်ရမည့် ပမာဏနှင့် ချေးငွေအတွက်ပေးချေထားသည့်ပမာဏအသေးစိတ် အချက်အလက်များကိုစစ်ဆေးရန်အတွက် ချေးငွေအနှစ်ချုပ်ကို  screen တစ်ခုထဲတွင်  ကြည့်နိုင်ပါသည်။ KBZPay အပ်ပလီကေးရှင်းရှိအောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ –

အဆင့် ၁ – KBZPay သို့  Login ဝင်ပါ။
အဆင့် ၂ – အပ်ပလီကေးရှင်းရှိ KBZPay စျေးဝယ်ချေးငွေ ပင်မစာမျက်နှာ ကိုနှိပ်ပါ။  KBZPay စျေးဝယ်ချေးငွေ ကိုနှိပ်လိုက် သည်နှင့်  သင့်တွင်ငွေပြန်ဆပ်နေသောလက်ရှိချေးငွေ ရှိသည့် screen ကိုမြင်တွေ့ရမည်ဖြစ်သည်။ 

အဆင့် ၃-  screen ၏အပေါ်ဖက်ပိုင်းညာဘက်ထောင့်တွင်ရှိသည့် Calendar ပုံ ကိုနှိပ်ပါ။

အဆင့် ၄ – ‘ချေးငွေအနှစ်ချုပ်အားကြည့်မည်’ ကိုနှိပ်ပါ။

ချေးငွေထုတ်ပေးပြီးသည်နောက်ပထမ (၆) လအတွင်း ချေးငွေပိတ်သိမ်းခွင့်မရှိပါ။ (၆ )လ ပြည့်ပြီးပိတ်သိမ်းလိုပါက အောက်ပါအတိုင်းဆောင်ရွက်ရပါမည် – 

အဆင့် ၁ – KBZPay အတွင်းသို့ Login ဝင်ပါ။
အဆင့် ၂ – အပ်ပလီကေးရှင်းရှိ KBZPay စျေးဝယ်ချေးငွေ ပင်မစာမျက်နှာ ကိုနှိပ်ပါ။  KBZPay စျေးဝယ်ချေးငွေ ကိုနှိပ်လိုက် သည်နှင့်  သင့်တွင်ငွေပြန်ဆပ်နေသောလက်ရှိချေးငွေ ရှိသည် screen ကိုမြင်တွေ့ရမည်ဖြစ်သည်။ 

အဆင့် ၃-  screen ၏အပေါ်ဖက်ပိုင်းညာဘက်ထောင့်တွင်ရှိသည့် Calendar ပုံကိုနှိပ်ပါ။

အဆင့် ၄ – ‘ချေးငွေအနှစ်ချုပ်အားကြည့်မည်’ ကိုနှိပ်ပါ။

အဆင့် ၅ – screen ၏အောက်ခြေတွင် စုစုပေါင်းလက်ကျန်ကိုတွေ့နိုင်မည်ဖြစ်ပါသည်။
အဆင့် ၆ – ပြန်ဆပ်မည် ကိုနှိပ်ပါ။
အဆင့် ၇ – ချေးငွေပေးဆောင်မှုကိုအတည်ပြုရန် PIN ကိုရိုက်ထည့်ပါ။

ချေးငွေအရစ်ကျပေးဆပ်မှုမှတ်တမ်းကိုစစ်ရန်အတွက် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ –

အဆင့် ၁ – KBZPay အတွင်းသို့ Login ဝင်ပါ။

အဆင့် ၂ – အပ်ပလီကေးရှင်းရှိ KBZPay စျေးဝယ်ချေးငွေ ပင်မစာမျက်နှာ ကိုနှိပ်ပါ။  KBZPay စျေးဝယ်ချေးငွေ ကိုနှိပ်လိုက် သည်နှင့်  သင့်တွင်ငွေပြန်ဆပ်နေသောလက်ရှိချေးငွေ ရှိသည် screen တွင် လက်ရှိရှိနေသည့် ချေးငွေပမာဏကိုတွေ့မည်ဖြစ်ပါသည်။
အဆင့် ၃-  screen ၏အပေါ်ဖက်ပိုင်းညာဘက်ထောင့်တွင်ရှိသည့် Calendar ပုံကိုနှိပ်ပါ။
အဆင့် ၄ – ‘ချေးငွေပြန်ဆပ်မှုမှတ်တမ်း’ ကိုနှိပ်ပါ။ လျှောက်ထားသည်ဆိုသော အပိုင်းသည် ဝယ်ယူသည်ပစ္စည်း/ချေးငွေရသည့်နေ့ကို ဖော်ပြခြင်းဖြစ်သည်။ ပြန်ပေးသည်ဆိုသော အပိုင်း  တွင် စျေးဝယ်ချေးငွေ အတွက်ပြန်လည်ပေးချေမှုမှတ်တမ်းပါဝင်သည်။

ချေးငွေကြိုတင်ပိတ်သိမ်းမှုအတွက်ကျသင့်ငွေမှာ လက်ကျန်ပြန်ဆပ်ရမည့် ပမာဏ၏ ၃ % ဖြစ်ပါသည်။

အဆင့် ၁ – KBZPay အတွင်းသို့ Login ဝင်ပါ။

အဆင့် ၂ – အပ်ပလီကေးရှင်းရှိ KBZPay စျေးဝယ်ချေးငွေ ပင်မစာမျက်နှာ ကိုနှိပ်ပါ။  KBZPay စျေးဝယ်ချေးငွေ ကိုနှိပ်လိုက် သည်နှင့် သင့်တွင်ငွေပြန်ဆပ်နေသောလက်ရှိချေးငွေ ရှိသည် screen တွင် လက်ရှိရှိနေသည့် ချေးငွေပမာဏကိုတွေ့မည်ဖြစ်ပါသည်။

အဆင့် ၃-  screen ၏အပေါ်ဖက်ပိုင်းညာဘက်ထောင့်တွင်ရှိသည့် Calendar ပုံကိုနှိပ်ပါ။

အဆင့် ၄ – ‘ချေးငွေပေးဆောင်မှု’ ကိုနှိပ်ပါ။

သို့မဟုတ် သင့်တွင်ငွေပြန်ဆပ်နေသောလက်ရှိချေးငွေရှိသည် screen ကိုမြင်တွေ့ရမည်ဖြစ်ပြီး  ယင်းတွင် ပြန်ဆပ်မည် ကိုနှိပ်ပါ။

ရက်လွန်ကြေးကို ကျန်ရှိသည့်ပြန်ဆပ်ရမည့် ပမာဏပေါ်တွင်တွက်ချက်သော နောက်ကျကြေးနှင့် အခြားလျှောက်လွှာဝန်ဆောင်ခများနှင့်ချိန်ညှိသွားပါမည်။ ဝန်ဆောင်ခများနှင့် ကျသင့်ငွေများကိုချိန်ညှိပြီးပါက ကျန်ရှိသည့်ပြန်ဆပ်ရမည့် ပမာဏပေါ်တွင်တွက်ချက်သော နောက်ကျကြေးနှင့် အတိုးကို ညှိသွားမည်။ ဝန်ဆောင်ခ၊ ကျသင့်ငွေ၊ ကျန်ရှိသည့်ပြန်ဆပ်ရမည့် ပမာဏပေါ်တွင်တွက်ချက်သော နောက်ကျကြေးနှင့် အတိုးတို့အားညှိနှိုင်းတွက်ချက်ပြီးပါက  ပြန်ဆပ်ရမည့်ချေးငွေ ကိုတွက်သွားမည်ဖြစ်သည်။

ရှိပါသည်။ ကြွေးကျန်တစ်ခုချင်းစီအတွက် ကျပ် ၂၀၀၀/- ကိုနောက်ကျကြေးအဖြစ်ပေးသွင်းရပါမည်။ ထို့အပြင် ရက်လွန်သွားသည့်အရင်းနှင့်အတိုးအတွက်ချေးငွေပေါ်တွင် တစ်နှစ်လျှင် ၁၂ % အတိုးဖြင့် ဒဏ်ကြေးပေး ဆောင်ရမည်ဖြစ်ပါသည်။

လျှောက်ထားခြင်းမပြုနိုင်ပါ။ တစ်ကြိမ်လျှင် ချေးငွေတစ်ခုသာရရှိနိုင်ပါသည်။

အောက်ဖော်ပြပါနံပါတ်များကိုဆက်သွယ်ပြီး သင်၏မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်မှတစ်ဆင့် KBZPay Call Center သို့ဆက်သွယ်စုံစမ်းနိုင်ပါသည် –

MPT အသုံးပြုသူများ – : +959969963211

အခြား SIM card အသုံးပြုသူများ – 3211

သင်၏မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်မှတစ်ဆင့် အောက်ဖော်ပြပါKBZPay Call Center သို့ဆက်သွယ်စုံ စမ်းနိုင်ပါ သည် –

MPT အသုံးပြုသူများ – : +959969963211

အခြား SIM card အသုံးပြုသူများ – 3211

update ပြုလုပ်ရန်လိုသည့် လိပ်စာအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးထောက်ခံစာ၊ လျှပ်စစ်မီတာပြေစာ တို့နှင့်အတူ [email protected]  သို့စာဖြင့်ရေးသားတောင်းခံရပါမည်။စစ်ဆေးအတည်ပြမှုပြီးဆုံးသွားလျှင် လိပ်စာအား စနစ်အတွင်း update ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်

လက်ရှိအားဖြင့်လစဥ်ချေးငွေပြန်ဆပ်မှုနောက်ဆုံးရက်အားအပြောင်းအလဲပြုလုပ်၍မရနိုင်သေးပါ။

ချေးငွေအားအတည်ပြုပြီးနောက် လစဥ်ချေးငွေပြန်ဆပ်မှုဇယားတို့အားစစ်ဆေးလိုပါက် အောက်ဖော်ပြပါ အဆင့်များအတိုင်းဆောင်ရွက်ပါ –

အဆင့် ၁ – KBZPay အတွင်းသို့ Login ဝင်ပါ။
အဆင့် ၂ – အပ်ပလီကေးရှင်းရှိ KBZPay စျေးဝယ်ချေးငွေ ပင်မစာမျက်နှာ ကိုနှိပ်ပါ။  KBZPay စျေးဝယ်ချေးငွေ ကိုနှိပ်လိုက် သည်နှင့်  သင့်တွင်ငွေပြန်ဆပ်နေသောလက်ရှိချေးငွေ ရှိသည် screen တွင် လက်ရှိရှိနေသည့် ချေးငွေပမာဏကိုတွေ့မည်ဖြစ်ပါသည်။

အဆင့် ၃-  screen ၏အပေါ်ဖက်ပိုင်းညာဘက်ထောင့်တွင်ရှိသည့် Calendar ပုံကိုနှိပ်ပါ။
အဆင့် ၄ – ‘ချေးငွေအနှစ်ချုပ်အားကြည့်မည်’ ကိုနှိပ်ပါ။

ချေးငွေကိုအတည်ပြုသည်နှင့် မှတ်ပုံတင်ထားသော e-mail ID သို့  ငွေပေးချေရန်ကတိစာချုပ်နှင့် ချေးငွေသဘောတူညီမှုကိုပို့ပေးမည်ဖြစ်ပါသည်။ [email protected] သို့လည်းစာဖြင့်ရေးသားတောင်းခံနိုင်ပါသည်။

အောက်တွင်ဖော်ပြထားသည့်နည်းလမ်းများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည် –

Call Center – KBZPay တွင်မှတ်ပုံတင်ထားသည့်ဖုန်းဖြင့် အောက်ပါ KBZPay Call Center သို့ ဆက်သွယ်နိုင်ပါသည် –

MPT အသုံးပြုသူများ  – +959969963211

အခြား SIM ကဒ်အသုံးပြုသူများ – 3211

အီးမေးလ် – မေးမြန်းလိုသည်များ၊ သိရှိလိုသည်များနှင့်ပတ်သက်ပြီး [email protected]   သို့စာဖြင့်ရေးသားဆက်သွယ်နိုင်ပါသည်။ ထိုသို့ရေးသားရာတွင် ပိုမိုလျင်မြန်သည့်အဖြေကိုရရှိစေရန်အတွက် မှတ်ပုံတင်ထားသည့် အီးမေးလ် အိုင်ဒီ မှတစ်ဆင့်  ရေးသားဆက်သွယ်ရန်ဖြစ်ပါသည်။  အီးမေးလ် အားလက်ခံရရှိမှုမရှိသည့်ဖြစ်စဉ်မျိုးအတွက် SPAM folder ကိုစစ်ပေးပါ။

ဘဏ်ခွဲ – အနီးဆုံးဘဏ်ခွဲတွင်လည်းသွားရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ ထိုသို့သွားရောက်မည်ဆိုလျှင် သင်၏ မှတ်ပုံတင်ကတ်ကိုတစ်ပါတည်းယူဆောင်သွားရန်အကြံပြုအပ်ပါသည်။