“KBZPayကနေ Christmas လက်ဆောင်တွေ ရယူလိုက်ပါ” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ ယခု “KBZPayကနေ Christmas လက်ဆောင်တွေ ရယူလိုက်ပါ” Campaign သည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ အထိဖြစ်ပါသည်။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မှာ ဖြစ်ပြီး KBZPay ခရစ်စမတ်လက်‌ဆောင်များအား ဖွင့်ရမည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့  နှင့် ၂၅ ရက်နေ့ မတိုင်မီ အလှဆင်ပစ္စည်း အစုံလိုက်များကို စုဆောင်းထားရန်လိုအပ်ပါသည်။ 

၂။ KBZPay အဆင့် ၁ Customer များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ 

၃။ Campaign ကာလအတွင်း Customer များသည် ခရစ်စမတ်လက်‌ဆောင်များအား ရယူရန် အလှဆင်ပစ္စည်း ငါးခုဖြစ်သော KBZPay Christmas Star, Christmas Ornaments, Christmas Bells, Christmas Decoration, Christmas Gift Bag စုဆောင်းထားရမည်ဖြစ်ပါသည်။ 

၄။ အလှဆင်ပစ္စည်းများရရှိရန် ဤ Campaign အတွက်  KBZPay မှ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား KBZPay Customer များမှ ပြီးမြောက်အောင်ပြုလုပ်ပြီးဆောင်ရွက်ခြင်းဖြင့် အလှဆင်ပစ္စည်းအစုံများကို စုဆောင်းနိုင်မှာ ဖြစ်ပါသည်။ 

လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • KBZPayနဲ့ ရှင်းမယ် (KBZPay ဖြင့် ၁,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေပေးချေပြီး ခရစ်စမတ် အလှဆင်ပစ္စည်း တစ်ခု ရယူပါ)
  • KBZPay သို့ ငွေထည့်မယ် (KBZPay သို့ ၅,၀၀၀ ကျပ်ဖိုး နှင့် အထက်ငွေထည့်ပြီး ခရစ်စမတ် အလှဆင်ပစ္စည်း တစ်ခု ရယူပါ)
  • အသုံးပြုသူအသစ်ဖိတ်ခေါ်မယ် (ဖိတ်ခေါ်ခံရသူမှ KBZPay အသုံးပြုသူအဖြစ် စာရင်းပေးသွင်းပြီးပါက အလှဆင်ပစ္စည်း ၂ ခုရရှိမည်ဖြစ်ပြီး အဆင့် ၁.၅ အသုံးပြုသူအဖြစ် အတည်ပြုပြီးပါက အလှဆင်ပစ္စည်း ၃ ခုအား ထပ်မံ ရရှိပါမည်)
  • ဤ Campaign အား သူငယ်ချင်းများ နှင့် ဝေမျှမယ်
  • KBZPay Account အား အဆင့် ၂ သို့ အဆင့်မြှင့်တင်မယ် (အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါက ခရစ်စမတ် အလှဆင်ပစ္စည်း နှစ်ခု ရယူပါ)

၅။ လုပ်ဆောင်ချက်များအား ပြီးမြောက်သည့် အခါတိုင်း အလှဆင်ပစ္စည်းတစ်ခုရရှိမှာ ဖြစ်ပြီး digital ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ်လည်းရရှိမှာ ဖြစ်ပါတယ်။ ခဲခြစ်ကံစမ်းခွင့်တွင် –

  • ၁၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့် လျှော့ဈေးကူပွန်
  • ၂၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့် လျှော့ဈေးကူပွန်  
  • ၁၀၀ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၂၀၀ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်
  • ၃၀၀ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်  
  • ၁၀၀ကျပ်တန် စျေးဝယ် လျှော့ဈေးကူပွန် 
  • ၂၀၀ကျပ်တန် စျေးဝယ်လျှော့ဈေးကူပွန်
  • ၃၀၀ကျပ်တန် စျေးဝယ် လျှော့ဈေးကူပွန်
  • ၁၀၀ကျပ်တန် ဘေလ်လျှော့ဈေး ကူပွန် 
  • ၂၀၀ကျပ်တန် ဘေလ်လျှော့ဈေး ကူပွန် 
  • ၃၀၀ကျပ်တန်  ဘေလ်လျှော့ဈေး ကူပွန်တို့ ပါဝင်မှာဖြစ်ပါတယ်။ 

Campaign Page ထဲမှာ မီးလင်းနေသည့် အလှဆင်ပစ္စည်းများအား နှိပ်ကာ မိမိစုဆောင်းရရှိထားသော အလှဆင်ပစ္စည်း အရေအတွက်ကို သိရှိနိုင်မှာ ဖြစ်ပြီး ရရှိလာသော ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ ရရှိသည့် ကူပွန်များအား ကူပွန် တန်ဖိုး၏ ၁ ကျပ် ထက်ပိုသော ဝန်ဆောင်မှုများ ရယူတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး (၇) ရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ 

၆။ အလှဆင်ပစ္စည်းများအား လုပ်ဆောင်ချက်များ ပြုလုပ်ပြီး စုဆောင်းနိုင်သလို ဆိုရှယ်မီဒီယာများ ၊  KBZ Connet မှ တစ်ဆင့် သူငယ်ချင်း ၊ မိတ်ဆွေများကြား ဝေမျှ၊ လက်ခံ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာများ ၊ KBZ Connet များမှာ လင့်ခ့် အား ဝေမျှနိုင်မှာ ဖြစ်သော်လည်း ဝေမျှသည့် လင့်ခ့် တစ်ခု တွင် အများဆုံး အလှဆင်ပစ္စည်း  ၄ ခု သာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ပါဝင်သူတွင် အလှဆင်ပစ္စည်း ၁ တစ်ခုတည်းသာ ရှိပါက ဝေမျှခြင်း မပြုလုပ်နိုင်ပါ။ အကယ်၍ ပါဝင်သူသည် မိမိရရှိထားသော အလှဆင်ပစ္စည်း၏ ခဲခြစ်ကံစမ်းခွင့်အား အသုံးပြုခြင်းမရှိဘဲ အလှဆင်ပစ္စည်းအား ၎င်း၏သူငယ်ချင်းဖြစ်သူများနှင့်ဝေမျှခဲ့ပါက digital ခဲခြစ်ကံစမ်းခွင့်သည် ထိုအလှဆင်ပစ္စည်းနှင့်အတူ လက်ခံရရှိသူထံသို့ ရောက်ရှိသွားမည်ဖြစ်သည်။

၇။ ဒီဇင်ဘာလ ၁၉ရက်မှ ၂၃ရက်အတွင်း စုဆောင်းထားသော အလှဆင်ပစ္စည်းများ ဖြင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့ ည ၈ နာရီတွင်  စတင်ကာ ဆုလက်ဆောင်များ ဖွင့်ဖောက် ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ နှင့် ၂၅ ရက်နေ့ ည ၈ နာရီတိုင်း  Customer မှ စုဆောင်းထားသည့် အလှဆင်ပစ္စည်းများဖြင့် ခရစ်စမတ်လက်‌ဆောင်များ ရယူကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် Campaignမစခင် KBZPay Account ထဲသို့ ကြိုတင်ဝင်ရောက်၍ ခရစ်စမတ်လက်‌ဆောင်များကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၈။ ဤ Campaign တွင် ခရစ်စမတ်လက်‌ဆောင်များ အနေဖြင့် Samsung ၅၅လက်မ TVများအပြင် ကျပ်သိန်းပေါင်း ၁,၀၀၀ကျော် တန်ဖိုးရှိပြန်အမ်းငွေများ ပါဝင်မှာဖြစ်ပြီး Samsung ၅၅လက်မ TV ကံထူးသောဆုရရှိဆုရရှိသူများကို  KBZPay မှ SMS ပေးပို့၍ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။ 

၉။ Samsung ၅၅လက်မ TV အား ပိုင်ဆိုင်ခွင့်ရရှိသည့် ဆုရရှိသူသည် ဆုလက်ဆောင်အား ရုံးဖွင့်ရက် (၇)ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၀။ Customer သည် အလှဆင်ပစ္စည်း ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း ခရစ်စမတ်လက်‌ဆောင်များရယူရမည့် ၂၄ရက်နေ့ ည ၈:၀၀ တွင် မဖွင့်ဖောက် မိလျှင် နောက်ရက် ၂၅ရက်နေ့၏ ဖွင့်ဖောက်ရမည့် အချိန် ည ၈:၀၀အထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ Customer မှရရှိထားသော အလှဆင်ပစ္စည်းများအား ပထမဖွင့်ဖောက်သည့် နေ့ရက်တွင်ပင်အသုံးပြုမည်ဆိုပါက နောက်ထပ်လက်ဆောင် ပေးအပ်မည့် ရက်အတွက် အလှဆင်ပစ္စည်းများ အား အစမှ ပြန်လည်စုဆောင်းရန်လိုအပ်ပါသည်။

၁၁။ ဤ Campaign တွင် ပါဝင်သည့် Customerမှ လုပ်ဆောင်ချက်များမှ ရရှိလာသော အလှဆင်ပစ္စည်း အရေအတွက်အပေါ်တွင် မူတည်၍ နေ့စဉ် အဆင့်သတ်မှတ်ချက်တွင်လည်း ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။ အဆင့်သတ်မှတ်ချက်တွင် လုပ်ဆောင်ချက်များမှ ရရှိလာသော အလှဆင်ပစ္စည်းသက်သက်ကိုသာ ထည့်သွင်းထားပြီး ဝေမျှလိုက်သော အလှဆင်ပစ္စည်းများ၊ သူငယ်ချင်းမှ မျှဝေလိုက်သော အလှဆင်ပစ္စည်းများအား ထည့်သွင်း ရေတွက်ခြင်းမရှိပါ။ 

၁၂။ အဆင့်သတ်မှတ်ချက်အား KBZPay ၏ Campaign စာမျက်နှာတွင်  အချိန်နှင့် တစ်ပြေးညီ နေ့စဉ် ကြည့်ရူနိုင်ပါသည်။

၁၃။ အဆင့်သတ်မှတ်ချက်အတွက် ငွေသားဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • အဆင့် (၁) အတွက် – ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ 
  • အဆင့် (၂) အတွက် – ၅၀,၀၀၀ ကျပ် 
  • အဆင့် (၃) အတွက်- ၃၀,၀၀၀ ကျပ်
  • အဆင့် (၄)မှ အဆင့် (၁၀) အတွက်- ၁၀,၀၀၀ ကျပ်
  • အဆင့် (၁၁)မှ အဆင့် (၅၀) အတွက် – ၅,၀၀၀ ကျပ်

၁၄။ နောက်ဆုံး အဆင့်သတ်မှတ်ချက်ပါ အဆင့်သတ်မှတ်ချက်များအတိုင်း ဆုကြေးငွေရရှိသည့် ဆုရရှိသူများသည် နောက်ဆုံး ရလဒ် သိရှိပြီး အလုပ်ဖွင့်ရက် ၇ ရက် အတွင်း ဆုကြေးငွေများကို  ဆုရရှိသူများ၏ KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်းထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုး တွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၁၅။ ERKEဆိုင်ခွဲတိုင်းတွင် ဝယ်ယူသူများ အနေနှင့် ၁,၀၀၀ကျပ်နှင့် အထက်ဝယ်ယူပြီး KBZPay ဖြင့်ငွေပေးချေမှုတိုင်းအတွက် “KBZPayကနေ Christmas လက်ဆောင်တွေ ရယူလိုက်ပါ” Campaignမှ  အလှဆင်ပစ္စည်းတစ်ခု ရရှိနိုင်မည့်အပြင် ERKE Special Spin Wheel အား တစ်ကြိမ်ရရှိနိုင်မည်ဖြစ်သည်။ 

ERKE Special Spin Wheelတွင် ပါဝင်သော ဆုလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ 

  • ၁,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၁,၅၀၀ကျပ် ပြန်အမ်းငွေ
  • ၃,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၁,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်
  • ၂,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်
  • ၃,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်
  • ၁၀၀,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်

၁၆။ ERKE Special Spin Wheelမှရရှိသော ပြန်အမ်းငွေများအား KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်း ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး (၇) ရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

၁၇။ KBZPay Customer များသည် ERKE လျှော့ဈေး ကူပွန်တစ်ခုအား ဝယ်ယူမှုတစ်ခုအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းကူပွန်ကူပွန်များအား ပြန်လည် အသုံးပြုရာတွင် အောက်ဖော်ပြပါ အနည်းဆုံးပမာဏအတိုင်း ဝယ်ယူရန်လိုအပ်ပါသည်။

  • ၁,၀၀၀ကျပ်တန် ERKE လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၅,၀၀၀ကျပ်
  • ၂,၀၀၀ ကျပ်တန် ERKE လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၆,၀၀၀ကျပ်
  • ၃,၀၀၀ ကျပ်တန် ERKE လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်
  • ၁၀၀,၀၀၀ ကျပ်တန် ERKE လျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၁၅၀,၀၀၀ကျပ်

၁၈။ ဤCampaign အရ ကူပွန် ရရှိထားသူများနှင့် TV ဆုလက်ဆာင်ရရှိသူသည် ၎င်းတို့ရရှိသောကူပွန်များနှင့် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၉။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၂၀။ ဤ Campaignကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaignကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၅)နှင့် (၁၇) တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၂၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၂၂။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၃။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၂၆။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၈။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။