“KBZPay နဲ့ အထာကျကျငွေရှင်း Dyson Airstrait နှင့် ပြန်အမ်းငွေများ ကံထူးနိုင်မယ့် အခွင့်အရေး”  အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ အထိကို KBZPay နဲ့ အထာကျကျငွေရှင်း Dyson Airstrait နှင့် ပြန်အမ်းငွေများ ကံထူးနိုင်မယ့် အခွင့်အရေး” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများ အားလုံး T8နှင့် Hair Republic ဆိုင်ခွဲတိုင်းတွင် သက်ဆိုင်ရာ QR codeကို Scan ဖတ်၍ KBZPayဖြင့် ၁၀,၀၀၀ကျပ်နှင့်အထက် ငွေပေးချေပြီးတိုင်း (နေ့စဉ်သတ်မှတ်အရေအတွက် ကျန်ရှိသည်အထိ) ပြန်အမ်းငွေများနှင့် Dyson Airstrait Straightener တစ်ချောင်းအား အထူးဆုအနေနှင့် ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးခြင်း ဖြစ်သည်။

၄။ ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၁၀,၀၀၀ကျပ်နှင့် အထက်ဖြစ်ရန်လိုအပ်ပြီး ဤအစီအစဥ်ကာလအတွင်း KBZPayအသုံးပြုသူများ၏ တစ်ရက်အတွင်း ပထမအကြိမ် ငွေပေးချေမှု အတွက်သာ ပြန်အမ်းငွေ (သို့) Dyson ကံစမ်းစမ်းခွင့်များ ရရှိနိုင်မည် ဖြစ်သည်။ သို့သော် နေ့စဉ်အတွက် သတ်မှတ်ထားသော ပြန်အမ်းငွေ အရေအတွက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက် ကျော်လွန်သော ငွေပေးချေမှုများအတွက် ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။

၅။ ဤအစီအစဥ်ကာလအတွင်း ၁၀,၀၀၀ ကျပ်အောက် ဝယ်ယူပေးချေမှုများနှင့် T8နှင့် Hair Republic ဆိုင်ခွဲတိုင်းတွင် သက်ဆိုင်ရာ QR codeကို Scan ဖတ်၍ KBZPay ဖြင့်ဝယ်ယူခြင်းမဟုတ်သည့် ဝယ်ယူမှုများအတွက် ပြန်အမ်းငွေများကို ရရှိနိုင်မည်မဟုတ်ပါ။

၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZ Bank၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။ 

၇။ ဤအစီအစဥ်ကာလအတွင်း ရရှိနိုင်သော ပြန်အမ်းငွေများမှာ  ၁,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ်အထိ ကျပန်း ရရှိမည်ဖြစ်သည်။

၈။ Dyson Airstrait Straightener ကံထူးရှင်အား အစီအစဉ်ကာလအပြီး ၁၀ရက် အတွင်း ကျပန်းရွေးချယ်မည်ဖြစ်ပြီး ဤအစီအစဥ်အရ Dyson Airstrait Straightener ဆုလက်ဆောင် ကံထူးရှင်သည် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည်မဟုတ်ပါ။။

၉။ Dyson Airstrait Straightener ကံထူးရှင်အား အပြာရောင် အမှန်ခြစ်ပါသော KBZPay Official Facebook Page တွင်လည်းကောင်း၊ KBZPayမှ ကံထူးရှင်များ၏ ဖုန်းနံပါတ်များသို့ တိုက်ရိုက် SMSဖြင့် သော်လည်းကောင်း ကြေညာပေးသွားမည်ဖြစ်ပါသည်။ ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့် လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။ 

၁၀။ KBZPay အသုံးပြုသူ ကံထူးရှင်များအား တရားဝင် ကြေညာမည့် အပြာရောင် အမှန်ခြစ်ပါသော KBZPay Official Facebook Page နှင့် KBZPay မှ တရားဝင်ပို့သော SMSမှ လွဲ၍ အသုံးပြုသူ ကံထူးရှင်များအား အခြား နည်းလမ်းများဖြင့် သော်လည်းကောင်း၊ အခြားဖုန်းနံပါတ်များနှင့် အခြား နည်းလမ်းများဖြင့် ဆက်သွယ်ခြင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့်ကိစ္စရပ်များကိုမဆို KBZPay ထံတွင် တာဝန်မရှိပါ။ ဆုရရှိသည့် ကံထူးရှင်များကို KBZPay Official Facebook Page နှင့် KBZPay မှများ တွင် ကြေညာရန်အလို့ငှာ ဆုရရှိသည့် ကံထူးရှင်များ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။  

၁၁။ Dyson Airstrait Straightener အား ပိုင်ဆိုင်ခွင့်ရရှိသည့် ဆုရရှိသူသည် ဆုလက်ဆောင်အား ရုံးဖွင့်ရက် (၁၀)ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူ ရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူ ရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက KBZPay မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၂။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၁၃။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၄။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။

၁၆။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုဖတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၇။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၉။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် T8နှင့် Hair Republic ဆိုင်များ ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။