“KBZPay နဲ့ MPT ဖုန်းဘေလ်ဖြည့်ပြီး ပြန်အမ်းငွေ ရယူပါ”အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay အသုံးပြုသူများအနေနှင့် KBZPayမှတစ်ဆင့် ၂,၀၀၀ ကျပ်နှင့်အထက် MPT ဖုန်းဘေလ်ဖြည့်ပါက ပြန်အမ်းငွေ ရယူနိုင်မည့် အစီအစဥ်အား ပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။ အစီအစဉ်ကာလ မှာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက် တစ်ရက်တည်းသာဖြစ်ပါသည်။

၃။ KBZPay မှတစ်ဆင့် MPTဖုန်းဘေလ် ၂,၀၀၀ ကျပ်နှင့်အထက် ဖြည့်သွင်းတိုင်း ဖြည့်သွင်းသည့်ပမာဏ၏ ၁%အား ပြန်အမ်းငွေအဖြစ် ငွေဖြည့်သွင်းခြင်းပြုလုပ်သည့် KBZPay ဖုန်းနံပါတ်ထဲသို့ ချက်ချင်းရရှိနိုင်မည်ဖြစ်သည်။ 

၄။ voice/ data package ဝယ်ယူခြင်းမှ ပြန်အမ်းငွေ ရရှိနိုင်မည်မဟုတ်ပါ။  ဖုန်းဘေလ်ဖြည့်သွင်းခြင်းသက်သက်မှသာ ပြန်အမ်းငွေကိုရရှိနိုင်မည်ဖြစ်သည်။ 

၅။ ဤအစီအစဉ်တွင် MPT GSM/ WCDMA prepaid (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) တို့အား လက်ရှိအသုံးပြုနေသူများသည် KBZPay မှတစ်ဆင့် ဖုန်းဘေလ်ဖြည့်သွင်းခြင်းဖြင့် ပါဝင်နိုင်ပါသည်။ Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့် လက်ရှိ အသုံးမပြုနေသူများ ပါဝင်နိုင်မည်မဟုတ်ပါ။ 

၆။    သတ်မှတ်ရက်တွင် KBZPay မှ မဟုတ်ဘဲ တစ်ခြားသောနည်းဖြင့် ငွေဖြည့်ခြင်း (Physical TopUp Card ၊ Eload ဖြည့်ခြင်းဖြင့်လဲ) ပါဝင်နိုင်မည်မဟုတ်ပါ။ သို့သော် KBZPay ဖုန်းနံပါတ်မှတဆင့် အခြားသူ၏ MPTဖုန်းနံပါတ်သို့ ဖုန်းဘေလ်ဖြည့်သွင်းပေးခြင်းဖြစ်ပါက ဖုန်းဘေလ်ဖြည့်သွင်းပေးခြင်းပြုလုပ်သော KBZPay ဖုန်းနံပါတ်ထဲသို့သာလျှင် ပြန်အမ်းငွေအား ထည့်သွင်းပေးသွားမည်ဖြစ်သည်။   

၇။  ဤ Campaign ကာလရက်တွင်သာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများအား ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။  ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွား မှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို စည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက် နှင့် မလျော်ညီသည့်ပြုလုပ်မှု တစ်စုံတစ်ရာတွေ့ရှိပါက မည်သည့်အချိန်တွင်မဆို ပယ်ဖျက်ခွင့်နှင့် ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

၁၂။  KBZPay သည်မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင် အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ ရပ်စဲခွင့်နှင့်/ သို့မဟုတ် ဆုလက်ဆောင်ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ်ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ်အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင် လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ KBZPay သည် COVID- 19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့်မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

၁၈။ ဤအစီအစဥ်နှင့် ပတ်သတ်၍ ထပ်မံသိရှိလိုသည့်အချက်များရှိပါက KBZ Bank Customer Service ဖုန်းနံပါတ် ၃၂၁၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ စည်းမျဉ်း၊စည်းကမ်းများကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။