“Digital Zay Mini App  Exclusive Discount Program”  ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ “Digital Zay Mini App  Exclusive Discount Program” သည် ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်နေ့ မှ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤအစီအစဥ် တွင် KBZPay အဆင့် ၂ Customer များသာ ပါဝင်နိုင်မည် ဖြစ်သည်။ 

၃။ အစီအစဥ်ကာလအတွင်း Customer များသည် KBZPay App ရှိ Digital Zay Mini App မှ အောက်တွင်ဖော်ပြထားသည့်အတိုင်း Brand နှင့် ထုတ်ကုန်များအား လျှော့စျေးအစီအစဉ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ 

NoBrand Product Category Warranty Discount Scheme
APPLE iPhone, iPad, MacBook,  AirPods & AccessoriesOfficial 1 Year Up to 100,000  Kyats
ACER Storage Device 3 Years 5% Off
Desktop/ Laptop Memory Limited Lifetime
ADATA Storage Device 3 Years 5% Off
ALCATROZ Headphone 1 Year 5% Off
Keyboard, Mouse 2 Years
APACER Storage Device 3 Years 5% Off
Desktop/ Laptop Memory Limited Lifetime
ARMAGGEDDON Keyboard, Mouse, Combo 2 Years 5% Off
10 Soundbar, Headset 1 Year
11 BELKIN Phone Charger, Charging Cable 2 Years 5% Off
12 Surge Protector Limited Lifetime
13 Power Bank 1 Year
14 CASESTUDI iPhone Cover, iPad Case,  iWatch Band, AirPods Case– 5% Off
15 GARMIN Smart Watch 1 Year 5% Off
16 MOMAX iPhone Cover, iPad Case,  iWatch Band, AirPods Case– 5% Off
17 NINTENDO Game Console 1 Year Up to 5% Off
18 Screen Protector, Case 
19 RINGKE iPhone Cover, iPad Case,  iWatch Band, iWatch Case,  AirPods Case, Screen Protector– 5% Off
20 SONICGEAR Bluetooth Speaker, Soundbar,  Headphone1 Year 5% Off
21 SWITCHEASY iPhone Cover, iPad Case,  iWatch Band, iWatch Case,  AirPods Case, Screen Protector– 5% Off
22TOMTOC Laptop Backpack, MacBook  Sleeve, Laptop Handbag,  Laptop Tote bag, Sling Bag1 Year 5% Off
23TP LINK Networking Device 3 Years 5% Off
24 VERBATIM Flash Memory Limited Lifetime 4% Off
25 Storage Device 3 Years
26 Cable, Charger 2 Years
27 Power Bank, Mouse, External  Disc Drive, Webcam, Hub1 Year

​​

၄။ ဤအစီအစဥ်ကာလအတွင်း KBZPay Appရှိ  Digital Zay Mini Appတွင် လျှော့စျေးဖြင့် ရယူနိုင်သော ထုတ်ကုန်များသည်  အရေအတွက်ကန့်သတ်ချက်ရှိသောကြောင့် Customer များအနေ ဖြင့် စောလျင်စွာဝယ်ယူရန်လိုအပ်ပါသည်။ သတ်မှတ်ထားသော အရေအတွက် ကန့်သတ်ချက် ကျော်လွန်ပါက Customer များအနေဖြင့် လျှော့စျေးဖြင့်ဝယ်ယူခွင့် ရရှိနိုင်တော့မည်မဟုတ်ပါ။ Customer မှ ဝယ်ယူသော ထုတ်ကုန်ပစ္စည်းအမျိုးအစားအပေါ်မူတည်၍  သတ်မှတ်ထားသော Official Warranty အား ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ 

၅။ KBZPay ရှိ Digital Zay Mini App မှတဆင့် Customer မှ ဝယ်ယူသော ပစ္စည်းသည် အိမ်တိုင်ရာရောက် ပို့ဆောင် ပြီးချိန်မှ Customer အနေဖြင့် ကွဲလွဲမှုတစ်စုံတစ်ရာ တွေ့ရှိပါက Customer သည် Digital Zay Hot Line Phone Number (09882333878) သို့ချက်ချင်း ဆက်သွယ်ပေးရန်လိုအပ်ပါသည်။ ထိုသို့သော ကိစ္စရပ်တွင် Digital Zay၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအတိုင်း Digital Zayမှ ဆောင်ရွက်ပေးမည်ဖြစ်သည်။ သို့ရာတွင် အိမ်တိုင်ရာရောက် ပို့ဆောင်ပြီးချိန်မှ ပစ္စည်းအမျိုးအစားကွဲ လွဲမှုတစ်စုံတစ်ရာတွေ့ရှိမှု အတွက် ထိုပစ္စည်း၏ တန်ဖိုးငွေ အား ပြန်လည်လွှဲအပ်ပေးမည်မဟုတ်ပါ။။ 

၆။ Customer မှာယူသော ပစ္စည်းများ လွဲမှားပို့ဆောင်မှုအတွက် Digital Zay ၏ Return Policy အရ Customer မှ (၂)ရက်အတွင်း Digital Zay   သို့ ဆက်သွယ်ရမည်ဖြစ်ပါသည်။ 

၇။ Digital Zay မှ Customer မှာယူထားသော ပစ္စည်းများကို ရုံးဖွင့်ရက် (၃) ရက်မှ (၅) ရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ပစ္စည်းများကို ရုံးဖွင့်ရက် (၃) ရက်မှ (၅) ရက်အတွင်း ပို့ဆောင်ပေး မည်ဟု ဖော်ပြထားသော်လည်း KBZ Bank နှင့် Digital Zay တို့၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန် သည့် ကိစ္စရပ်များကြောင့် ပစ္စည်းများအား ပို့ဆောင်ပေးမည့် အချိန်သည် ပြောင်းလဲမှုရှိနိုင်ပါသည်။

၈။ KBZPay ရှိ Digital Zay Mini App မှတဆင့် Customer မှ ဝယ်ယူသော ပစ္စည်းများ၏ တစ်စုံတစ်ရာ ချွတ်ယွင်းမှု၊ ကွဲလွဲမှု၊ ပစ္စည်းအမျိုးအစားအား ပြောင်းလဲလိုခြင်းနှင့် ပယ်ဖျက်ခြင်း များကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များအတွက် Customer များအနေဖြင့် Digital Zay သို့တိုက်ရိုက်ဆက်သွယ် ရမည်ဖြစ်သည်။  ဤအစီအစဉ်အရ Customer မှ ဝယ်မှသောပစ္စည်းများနှင့်ပတ်သက်၍ Customer နှင့် Digital Zay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက Customer နှင့် Digital Zay တို့အကြား ဖြေရှင်းရမည်ဖြစ်ပြီး KBZPay တွင် တာဝန်ရှိမည်မဟုတ်ပါ။

၉။ ဤအစီအစဥ် တွင်ပါဝင်ဆင်နွှဲရန် KBZPay Appအား နောက်ဆုံး versionသို့ မြှင့်တင်ထားရန် လိုအပ်ပါသည်။

၁၀။ ယခုအစီအစဥ်အားရယူရန် KBZPay Appရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ကြည့်ရှုရယူနိုင်ပါသည်။ 

၁၁။ ဤအစီအစဥ် ကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၂။ KBZ ဝန်ထမ်းများသည် အစီအစဥ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံ မည် မဟုတ်ပါ။

၁၃။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယ ဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင် ခွင့်ရှိသည်။

၁၄။ ဤအစီအစဥ် နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၆။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိ သည်ကို သိရှိသဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Digital Zay ဆိုင်ရာစည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။