လျှပ်စစ်မီတာဘေလ်များကို KBZPay၊ KBZ Mobile Banking နှင့် iBanking တို့ဖြင့် ပေးဆောင်နိုင်ပါပြီ။


ဇန်နဝါရီလအတွက် ရန်ကုန် မှ လျှပ်စစ်မီတာဘေလ်များကို KBZPay၊ KBZ Mobile Banking နှင့် iBanking တို့မှတစ်ဆင့် လွယ်ကူစွာပေးဆောင်နိုင်ပြီဖြစ်ပါသည်။ ဇန်နဝါရီလအတွက် လျှပ်စစ်မီတာဘေလ်များကို မေလ ၂၃ ရက်နေ့နောက်ဆုံးထားပြီး ငွေပေးချေရမည်ဖြစ်ပါသည်။ 

မည်သည့်အခြေနေမျိုးတွင်မဆို YESC မှ ငွေပြန်အမ်းမည်မဟုတ်သောကြောင့် ကျေးဇူးပြု၍ ပေးဆောင်ပြီးသော ဘေလ်များအား ထပ်မံပေးဆောင်ခြင်းမရှိစေရန် သတိပြုပေးစေလိုပါသည်။ 

ပိုမိုသိရှိလိုပါက  KBZPay Call Center နံပါတ် 09969963211 သို့မဟုတ် 3211 သို့ဖြစ်စေ၊ ကမ္ဘောဇဘဏ် Call Center နံပါတ် 09951018555 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ customer များအနေဖြင့် KBZPay မှတဆင့် ဘဏ်ခွဲ appointment ရယူနိုင်ပါပြီ



ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ customer များအနေဖြင့် ဘဏ်ဝန်ဆောင်မှုများရယူရန် ဘဏ်ခွဲတွင် သွားရောက်တန်းစီရန် မလိုအပ်တော့ပဲ KBZPay အသုံးပြုသူ – အဆင့် ၁.၅ နှင့် ၂ ရှိသူများအနေဖြင့် KBZPay မှတဆင့် ဘဏ်ခွဲ appoinment ရယူနိုင်ပြီဖြစ်ပါသည်။ Customer များသည် အက်ပလီကေးရှင်းမှတဆင့် ရယူလိုသော ဝန်ဆောင်မှုများကို ကြည့်ရှုစစ်ဆေးပြီး ဘဏ်ခွဲသို့သွားရောက်နိုင်မည့် နေ့ရက်နှင့်အချိန်ကို ကြိုတင်စာရင်း ပေးနိုင်မည်ဖြစ်ပါသည်။ 

Appointment လက်ခံရရှိပြီးပါက screenshot ရယူထားပြီး ဘဏ်ခွဲသို့ ချိန်းထားသော နေ့ရက် နှင့်အချိန် အတိုင်း လာရောက်ရာတွင် ယူဆောင်လာရမည်ဖြစ်ပါသည်။ 

KBZPay ဘဏ်ခွဲ appointment မှတဆင့် ရရှိနိုင်သော ဝန်ဆောင်မှုများမှာ 

  • ငွေအပ်နှံခြင်း
  • ချက်လက်မှတ်အပ်နှံခြင်း
  • KBZPay သို့ ငွေသွင်း
  • ငွေထုတ် (ဘဏ်ခွဲ)
  • KBZPay မှ ငွေထုတ် (ဘဏ်ခွဲ)
  • KBZPay ကိုယ်စားလှယ်မှငွေထုတ်ခြင်း
  • အကောင့်ချင်းချင်း ငွေလွှဲ (MMK – MMK)
  • အကောင့်အချင်းချင်း ငွေလွှဲ (FC – MMK)
  • အခြားဘဏ်သို့ငွေလွှဲ (KBZ > အခြားဘဏ်များ)
  • အပ်ငွေစာရင်းဖွင့်ခြင်း (ကိုယ်ပိုင် / ပူးတွဲ)
  • KBZPay QuickPay
  • မိုဘိုင်း / အင်တာနက် ဘဏ်အကောင့်ဖွင့်ခြင်း
  • KBZPay (ကိုယ်စားလှယ်/အရောင်းဆိုင်) စာရင်းဖွင့်ခြင်း
  • PO ထုတ်ပေးခြင်း (ငွေသား)
  • PO ထုတ်ပေးခြင်း (AC Transfer)
  • ATM ကဒ်ထုတ်ပေးခြင်း / ကဒ်ပျောက်ခြင်းအတွက် အသစ်ထုတ်ပေးခြင်း
  • PIN နံပါတ် မေ့သွားခြင်း/error တက်ခြင်း (ATM/mBanking/iBanking)
  • Txn လော့ဒ်ကျခြင်း/error တက်ခြင်း (mBanking/iBanking)
  • ဘဏ်အကောင့်/ကဒ် statement/ငွေလက်ကျန် စစ်ခြင်း
  • ကိုယ်ရေးအချက်အလက်အသစ်ပြင်ဆင်ခြင်း (ဘဏ်/KBZPay)
  • ချက်လက်မှတ်စာအုပ်အသစ်ပြုလုပ်လိုခြင်း
  • ချက်လက်မှတ်စာအုပ်အသစ်ထုတ်ယူခြင်း
  • ချေးငွေပြန်ဆပ်ခြင်း
  • Safe Locker အပ်နှံခြင်း

KBZPay ဖြင့် Branch Appointment ရယူပုံအဆင့်ဆင့်ကို ဤဗွီဒီယိုတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://youtu.be/aMhZq9iB0XI

KBZPay ဒေါင်းလုတ်ရယူရန် 
iOS – https://apple.co/31igRU9
Android – http://bit.ly/2RP3U0N

အခုဝန်ဆောင်မှုကိုအသုံးပြုနိုင်ရန်အတွက် KBZPay အကောင့်ကိုအဆင့် ၁.၅ သို့မြှင့်တင်ထားရန်လိုအပ်ပါတယ်။ အဆင်မြှင့်တင်ရန်နေရာကိုကြည့်ပါ။

Announcement – KBZPay အား Telenor, MPT, Ooredoo, Mytel မိုဘိုင်းလ်ဒေတာ များဖြင့်စတင်အသုံးပြုနိုင်ပါပြီ။



KBZPay အသုံးပြုသူ customer များအနေဖြင့် KBZPay အား Telenor, MPT, Ooredoo, Mytel မိုဘိုင်းလ် ဒေတာများဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါသည်။  KBZPay အားအသုံးပြု၍ အချင်းချင်း ငွေလွှဲခြင်း(အခမဲ့) ၊ ဖုန်းငွေဖြည့်ခြင်း၊ KBZ ATM များတွင်ငွေထုတ်ယူခြင်းအပြင် အခြား လုပ်ဆောင်မှုများ  ကိုပြုလုပ်နိုင်မည်ဖြစ်ပါသည်။ KBZPay မိုဘိုင်းဒေတာဖြင့် အသုံးပြုရန် WIFI နှင့် VPN အား ပိတ်ထားရန် လိုအပ်ပါသည်။ 

KBZPay အား ဒေါင်းလုပ်လုပ်ရန် 
IOS – https://apple.co/31igRU9
Android – http://bit.ly/2RP3U0N

ရန်ကုန်မြို့တွင် သီးသန့်ဖွင့်လှစ်ထားသော KBZPay စင်တာအသစ်

KBZPay Customer များအတွက် သီသန့်ဖွင့်လှစ်ထားသော KBZPay Center အား  MICT Park အဆောက်အအုံ(၁၈) ၊အခန်း နံပါတ် ( ၁၀၁၊ ၁၀၂၊ ၁၀၃၊ ၁၁၂၊ ၁၁၃၊ ၁၁၄) မြေညီ၊ MICT Park၊ တက္ကသိုလ် လှိုင် မြေ ၊ (၁၂) ရပ်ကွက် ၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို ဘဏ်ဖွင့်ချိန်အတွင်းရယူနိုင်ပါသည်။

  • KBZPay သို့ငွေသွင်းခြင်း
  • KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (ဝန်ဆောင်ခ ရှိနိုင်ပါသည်)
  • KBZPay အကောင့်ဖွင့်ခြင်း

KBZPay Center တွင် KBZPay နှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုများကိုရယူရန် KBZPay အပ်ပလီကေးရှင်းအားအသုံးပြု၍ appointment ရယူနိုင်ပါသည်။

KBZPay အပ်ပလီကေးရှင်းတွင် ဝန်ဆောင်မှုရယူနိုင်ရန် ဤ ဗွီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။

KBZPay Center တွင်ရရှိနိုင်သော ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး www.kbzpay.com တွင် နောက်ဆုံးသတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

KBZPay ချေးငွေ ၃လ ဆိုင်းငံ့ပေးသည့်အစီအစဉ်

KBZPay ဈေးဝယ်ချေးငွေနှင့် ကိုယ်ပိုင်ချေးငွေအား လျှောက်ထားရယူခဲ့သော သုံးစွဲသူများအနေဖြင့် မိမိတို့ချေးငွေပြန်ဆပ်မှု၏ နောက် ၃လအတွက် ချေးငွေ ဆိုင်းငံ့ပေးသည့်အစီအစဉ်ကို ရယူခံစားနိုင်ပါပြီ။ (ဥပမာ – မိမိလစဉ်ပြန်ဆပ်မှုကို မတ်လအတွက်နောက်ဆုံး ပြုလုပ်ထားပါက ဧပြီ၊ မေ၊ ဇွန် ၃လအတွက် ချေးငွေကိုဆိုင်းငံ့နိုင်မည်ဖြစ်ပါသည်။)

ချေးငွေဆိုင်းငံ့ပေးသည့် ၃လအတွင်း ဒဏ်ကြေး၊ နောက်ကျကြေး တို့ကိုလည်းပေးဆောင်ရန်မလိုအပ်ပါ။ ချေးငွေ ဆိုင်းငံ့ပေးသည့်အစီအစဉ်ပြီးဆုံး၍ ချေးငွေပြန်ဆပ်မှုများ ပြန်လည်စတင်ပါက ပြန်လည်စတင်မည့်ရက်မတိုင်ခင် ဆက်သွယ်အကြောင်းကြားပေးသွားမည် ဖြစ်ပါတယ်။

KBZPay ဈေးဝယ်ချေးငွေနှင့် ကိုယ်ပိုင်ချေးငွေအား အသုံးပြုခြင်းအတွက် ကျေးဇူးတင်ပါတယ်။

KBZPay မှ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များ၏ အသုံးပြုနည်းများ

KBZPay အသုံးပြုသူများအတွက် KBZPay မှ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များ၏ အသုံးပြုနည်းများကို အောက်ပါလင့်ခ်များမှတဆင့်ကြည့်ရှုနိုင်ပါသည်။

အသုံးပြုသူအဆင့် ၁.၅သို့ ကိုယ်တိုင်မြှင့်တင်ပုံ
KBZPay တွင် စာရင်းသွင်းထားသော ဖုန်းနံပါတ်ပြောင်းလဲပုံ
MPU Cash in ပြုလုပ်ပုံ
လုပ်ဆောင်မှုမှတ်တမ်းအား စစ်ဆေးပုံ
PIN နံပါတ် အသစ်ပြုလုပ်ပုံ
မီတာဘေလ်ပေးဆောင်ပုံ
အကောင့်သို့မဝင်သေးပဲလေ့လာရန်
Appointment ရယူခြင်းအားလေ့လာရန်

လေးစားအပ်ပါသော KBZPay အသုံးပြုသူ customer များ မင်္ဂလာပါ။

KBZPay၏ ဝန်ဆောင်မှုများဆိုင်ရာ သတင်းအချက်အလက်များကို KBZPay in-app၊ website၊ အီးမေးလ် နှင့် အခြားတရားဝင် channel တို့မှတဆင့် အချိန်နှင့်တပြေးညီ ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကမ္ဘောဇဘဏ် website www.kbzpay.com/mm/ ၊ Call Center နံပါတ် 3211, 09-969963211[email protected] နှင့် နီးစပ်ရာဘဏ်ခွဲများတွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မိမိ KBZPay အကောင့်၏ လျှို့ဝှက်နံပါတ်(PIN) နှင့် OTP SMS ကုတ်များအား မည်သူတစ်ဦးတစ်ယောက်ကိုမှ မမျှဝေမိအောင် သတိရှိစွာပြုမူဆောင်ရွက်ပါရန်နှင့် စုံစမ်းသိရှိလိုသော အချက်များရှိပါက Customer ဝန်ဆောင်မှုဌာနသို့ ဆယ်သွယ်ပါ။ KBZ ဝန်ထမ်းများသည် ဘယ်သောအခါမှ customer များ၏ ဘဏ်အကောင့်၊ PIN နံပါတ်နှင့် OTP ကို အီးမေးလ်များပို့၍သော်လည်းကောင်း ဖုန်းဆက်၍သော်လည်းကောင်း မမေးမြန်း/မတောင်းဆိုပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။

လေးစားစွာဖြင့်
KBZPay