KBZPay Book Appointment မှ ငွေသားထုတ်ယူရန် booking အား တနင်္ဂနွေနေ့မှ သောကြာနေ့အထိ ရယူနိုင်ပါပြီ

Customer များသည် ဘဏ်ခွဲများနှင့် KBZPay Center များတွင် ငွေသားထုတ်ယူရန် Booking ပြုလုပ်ရာ၌ ပိုမိုအဆင်ပြေစေရန် Booking များကို ဘဏ်ခွဲများအတွက် တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အတွင်းလည်းကောင်း၊ KBZPay Center များအတွက် တနင်္ဂနွေနေ့မှ သောကြာနေ့အတွင်းလည်းကောင်း နံနက် ၉နာရီ မှ ည ၉နာရီအတွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ဘဏ်ခွဲများနှင့် KBZPay Center များတွင် ငွေသားထုတ်ယူရန် booking များကို လာမည့်တနင်္ဂနွေနေ့ (၁၃.၃.၂၀၂၂) မှ စတင်၍ သတ်မှတ်ထားသည့်နေ့ရက်များအတွက် ရယူနိုင်ပါသည်။
အဆင့်မြှင့်တင်လိုက်သော Book Appointment ဝန်ဆောင်မှုအားအသုံးပြုပုံအဆင့်ဆင့်
- KBZPay အား login ဝင်ပြီး ပင်မစာမျက်နှာရှိ ‘ကျွန်ုပ်၏ဝန်ဆောင်မှုများ’ အောက်တွင် သို့မဟုတ် လူမှုဘဝဝန်ဆောင်မှု စာမျက်နှာရှိ ‘ငွေကြေးနှင့် ချေးငွေဝန်ဆောင်မှုများ’ အောက်တွင် ရှိသော ‘Book Appointment’ အားရွေးချယ်ပါ။
- မိမိငွေသားထုတ်ယူလိုသော ဝန်ဆောင်မှု နှင့် ပမာဏပေါ်မူတည်၍ KBZPay Center (သို့) ဘဏ်ခွဲအားရွေးချယ်ကာ အချက်အလက်များအား ဖြည့်သွင်းပါ။
- ငွေသားထုတ်ယူရန် Appointment ရသောအခါ KBZPay SMS မက်ဆေ့မှတစ်ဆင့် အကြောင်းကြားမည်ဖြစ်ပြီး Customer များအနေဖြင့်လည်း Booking အခြေအနေကို ထို booking တင်သောနေ့၏ ည 10 နောက်ပိုင်း တွင် KBZPay အပ်ပလီကေးရှင်းထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- Customer များသည် ဘဏ်တွင် အများဆုံး 500,000 ကျပ် အထိ ငွေသားထုတ်ယူနိုင်ပြီး KBZPay Center များတွင် အများဆုံး 300,000 ကျပ် အထိ ထုတ်ယူနိုင်ပါသည်။
- ငွေသားထုတ်ယူရန် Booking အား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဘဏ်များတွင်လည်းကောင်း၊ KBZPay Center တည်ရှိသောနေရာများတွင်လည်းကောင်း Booking ရယူနိုင်မည်ဖြစ်ပါသည်။
- ငွေသားထုတ်ယူရန် booking ရရှိသော customer များသည် ငွေသားထုတ်ယူသည့် ရက်မှ ၇ ရက်အကြာတွင် ပြန်လည် booking တင်နိုင်မည်ဖြစ်ပါသည်။ အပါတ်စဉ် ငွေသားထုတ်ယူရန် booking ရရှိသော customer များသည် ငွေသားအား အပါတ်စဉ်ထုတ်ယူနိုင်မည့် အခွင့်အရေးရရှိနိုင်မည် ဖြစ်ပါသည်။
ဝန်ဆောင်မှုများ | ဘဏ် နှင့် Appointment | KBZPay Center Appointment |
Booking ပြုလုပ်နိုင်သော နေ့ရက်နှင့် အချိန်များ | တနင်္ဂနွေနေ့မှ ကြာသပတေးနေ့ (နံနက် ၉ နာရီ မှ ည ၉ နာရီ) | တနင်္ဂနွေနေ့မှ သောကြာနေ့ (နံနက် ၉ နာရီ မှ ည ၉ နာရီ) |
ငွေထုတ်ယူနိုင်သောပမာဏ | အများဆုံး 500,000 ကျပ် အထိ | အများဆုံး 300,000 MMK အထိ |
အမေးများသော မေးခွန်းများအား သိရှိရန် ဤနေရာ ကိုနှိပ်ပါ။
ပိုမို သိရှိလိုပါက KBZPay Call Center နံပါတ် 3211 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။