Quick Access Loan (လွယ်ကူထုတ်ချေးငွေ) ရယူပြီး အထူးဆုများ ကံထူးလိုက်ပါ

Quick Access Loan (လွယ်ကူထုတ်ချေးငွေ) ရယူပြီး အထူးဆုများ ကံထူးလိုက်ပါ

KBZPay Agent များရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေမယ့်အပြင် အထူးဆုကြီးတွေပါ ကံထူးခွင့်ရမယ့် အခွင့်အရေးကြီးတစ်ခုရှိလို့နေကြောင်းသတင်းကောင်းပေးချင်ပါတယ်။

အဲ့ဒါကတော့ KBZPay Agent တွေအနေနဲ့  စက်တင်ဘာလ (၁) ရက်နေ့မှ (၃၀) ရက်နေ့ ၂၀၂၃ခုနှစ် အတွင်း KBZPay Partner App ကနေ Quick Access Loan (လွယ်ကူချေးငွေ) ရယူပြီး အထူးဆုများကို ကံထူးနိုင်မှာပဲဖြစ်ပါတယ်။

ရရှိမည့် အထူးဆုများကတော့-

–        Samsung Galaxy Tab A8 10.5” (၂) ဆု

–        Remax Power Bank 20000 mAh (၁၄) ဆု တို့ပဲဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေဖို့အပြင် အထူးဆုများကိုလည်း ကံထူးဖို့အတွက် Quick Access Loan (လွယ်ကူချေးငွေ)ကို အခုပဲ လျှောက်ထားရယူလိုက်ပါ။

Quick Access Loan ဆိုတာ KBZPay Agent များ KBZPay Transaction လုပ်ဆောင်ခြင်းအတွက်သာမက မိမိတို့ရဲ့လုပ်ငန်းတွေမှာ ငွေကြေးလိုအပ်ချက်ရှိလာသည့်အခါ လွယ်ကူစွာနဲ့ E-Money ထုတ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်ပါတယ်။

Quick Access Loan နဲ့ဆိုရင် KBZ Bank မှ ခွင့်ပြုငွေပမာဏ ကျပ် (၅)သိန်း မှ ကျပ်သိန်း (၅၀) အထိရယူနိုင်ပြီး Agent များနှင့် ကိုက်ညီတဲ့ လိုအပ်သော ချေးငွေပမာဏကို  KBZPay Partner App မှတစ်ဆင့်  လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီချေးငွေကိုဆိုရင် KBZPay Agent များအဖြစ်ဆောင်ရွက်လျှက်ရှိသော ကိုယ်စားလှယ်များမှ လျှောက်ထားနိုင်ပြီး ချေးငွေသက်တမ်း(၁) နှစ်အတွင်း  ခွင့်ပြုချေးငွေ ပမာဏထဲမှ မိမိတို့လိုအပ်သည့် ငွေပမာဏအား  လစဉ် စိတ်ကြိုက်ရယူသုံးစွဲခွင့်ရှိမှာဖြစ်ပါတယ်။ ရယူထားသည့် ငွေပမာဏနှင့် သက်သာသောအတိုးနှုန်းဖြင့်သာ လစဉ် ပြန်လည်ပေးသွင်းနိုင်မှာဖြစ်ပါတယ်။